သတင်းအင်တာဗျူး

စစ်ပွဲထက် ပိုးကောင်းတဲ့နည်းလမ်းရှာမယ်လို့ ဩဂုတ် ၂၄ ရက်နေ့ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး KIO ပြန်ကြားရေးတာဝန်ခံဖြင့် တွေ့ဆုံမေးမြန်းခြင်း

မေး – လက်ရှိအခြေအနေအရ စစ်တပ်အာဏာသိမ်းလိုက်ပြီးနောက် ဆေးနွေးညှိနှိုင်းဖို့ အခြေအနေမရှိဘူးလို့ ပြည်သူတွေ အားလုံခံယူထားတဲ့ချိန် KIO အနေနဲ့ ဘယ်လိုနည်းလမ်းနဲ့ ဆက်သွားဖို့ရှိပါသလဲ။

ဖြေ – ဒီလို အစီအစဉ်ရှိတယ်ဆိုပြီး ပြောဆိုထားတာမဟုတ်ဘူး။ ကျနော်တို့ရဲ့ မျှော်လင့်ချက် ရည်ရွယ်ချက်က စစ်မှန်တဲ့တရားနည်းလမ်းနဲ့ သွားရမယ်လို့ အဓိကထုတ်ပြန် ဆိုလိုချင်တာဖြစ်တယ်။ ဒီလို လုပ်ဆောင်ပေးပါလို့ ထုတ်ပြန်ထားခြင်းမဟုတ်ဘူး။ တရားသောနည်းလမ်းရှာရမယ် ဆိုလိုတာဖြစ်တယ်။ ဒါမှ မဟုတ်ရင်က ကျနော်တို့ ပြည်သူတွေလည်း ခက်ခဲတယ်။ ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေအတွက်လည်း ခက်ခဲတယ်။ နိုင်ငံရေးအဖွဲ့အစည်းတွေအတွက်လည်း အခက်အခဲရှိတယ်။ အကြပ်အတည်းဖြစ်လာတယ်။ ဒါကြောင့် ကျနော်တို့အားလုံး နည်းလမ်းရှာရတော့မယ်လို့ပြောလိုတာဖြစ်တယ်။

မေး – ကျနော်တို့အားလုံး နည်းလမ်းရှာဖို့ဆိုတဲ့အခါမှာ ဘယ်လိုနည်းနဲ့  နည်းလမ်းရှာသွားမလဲ။

ဖြေ – အခုအခြေအနေက မတရားတဲ့ နည်းလမ်းဖြစ်နေတယ်။ ဒါကြောင့် ကျနော်တို့က နည်းလမ်းကျ တရားသောနည်းနဲ့ လုပ်ဆောင်ဖို့လိုတယ်လို့ ပြောချင်တာဖြစ်တယ်။ ထုတ်ပြန်ချက်မှာပြောထားတဲ့အတိုင်း စစ်မှန်တဲ့ တရားသောနည်းလမ်းရှာပြီး ဆွေးနွေးညှိနှိုင်းသင့်တဲ့ အဖွဲ့အစည်းတွေအားလုံး ဆွေးနွေးပြီး တိုက်ပွဲကို ရှောင်နိုင်သမျှရှောင်လိုက်ရင်က အကောင်းဆုံးပဲလို့ အဓိက ရည်ရွည်ချက် ဆိုလိုရင်းသဘောက။ စစ်ကို ဦးစားပေးခြင်းမလုပ်ပဲ တရားသောနည်းကို ရှာသင့်တယ်လို့ ဆိုလိုရင်းသဘောဖြစ်တယ်။

မေး – ဟုတ်ကဲ့၊ နောက်တစ်ခုက အခု ကချင်ပြည်နယ် နေရာအသီးအသီးကို စစ်တပ်က အင်အားအမြောက်အများ ပို့ဆောင်နေတာမျိုး ထိုးစစ်ဆင်တာတွေ ဆက်တိုက်ရှိနေတော့ ကျနော်တို့ ဒေသမှ ဘယ်လိုတွေ ဖြစ်လာနိုင်ခြေရှိတယ်ဆိုတာကိုလည်း ပြောပြပေးပါ။

ဖြေ – စစ်ပွဲက စစ်တပ်နှင့်ဆိုင်တဲ့ အရာဖြစ်တယ်။ စစ်တပ်ဘက်က ထိုးစစ်ဆင်လာရင်တော့ ကျနော်တို့ဘက်လည်း ပြန်ခုခံ တိုက်ခိုက်ရမှာဖြစ်တယ်။ သူတို့ဘက်မှ ထိုးစစ်ဆင်မှု ကျနော်တို့ တပ်စခန်းဘက်ကို လာရောက်ပစ်ခတ်မှု မရှိရင်တော့ တိုက်ပွဲက မရှိဘူး။ မဖြစ်ဘူး။ တိုက်ပွဲအခြေအနေက ဒီလိုဖြစ်တယ်။

မေး – ဟုတ်ကဲ့၊ ဗိုလ်မှူးကြီးအနေနဲ့ NUM သတင်းဌာနမှာ ဒီမိုးကာလ အတောအတွင်း တိုက်ပွဲက ပိုမိုပြင်းထန်လာနိုင်လို့ ဖြေကြားထားတာလည်းတွေ့တော့ ပြည်သူတွေအနေနဲ့ ဘယ်လိုပြင်ဆင်ထားသင့်တယ် ဆိုတာကိုလည်း ပြောပြပေးပါ။

ဖြေ – စစ်တပ်က အောက်ပိုင်းကနေ ကျနော်တို့ ကချင်ပြည်နယ်ကို တဖြည်းဖြည်းနဲ့ စစ်အင်အားတွေ ရေလမ်း၊ ကုန်းလမ်းနဲ့ ပို့ဆောင်နေတယ်။ လက်နက်၊ ရိက္ခာတွေ တဖြည်းဖြည်း ဖြည့်နေတာကိုတွေ့ရတယ်။ ဘယ်ချိန်တိုက်ပွဲဖြစ်မယ်ဆိုတာမသိဘူး။ ဘယ်သူမှလည်းမသိနိုင်ဘူး။ အခုကချင်ပြည်နယ်ဘက်ကို ဒီလို စစ်အင်အားတွေဖြည့်တင်းနေတာကိုကြည့်ရင်တော့ ဒီမိုးတွင်းကုန်ပြီး ချိန်မှာတော့ သူတို့ တိုက်ပွဲဖြစ်လိုတဲ့သဘောရှိတယ်လို့ ကျနော့်အနေနဲ့ ခန့်မှန်းတာဖြစ်တယ်။ KIO KIA အနေနဲ့ ခန့်မှန်းတာမဟုတ်ဘူး။ ကျနော့်အနေနဲ့ပဲ ခန့်မှန်းတာကိုပြောထားတယ်။ ဒါကြောင့် ပြည်သူတွေအားလုံးလည်း ဒီချိန်မှာ တိုက်ပွဲနှင့်ဆိုင်တဲ့အရာ ပြည်သူနဲ့ဆိုင်တဲ့အရာတွေကိုတော့ အမြဲနားစွင့် သတိထားပြီးနေရမယ်လို့ ပြောလိုတယ်။အခုချိန်မှာ ဖားကန့်ဘက်ကိုလည်း အင်တာနက်လိုင်း အဆက်အသွယ်လိုင်တွေအားလုံး ပိတ်ထားတယ်။ ဒီအရာလည်း မကောင်းဘူး။ ပြည်သူတွေကို အကျူးပေးတဲ့အရာလည်းမဟုတ်ဘူး။ ဒါကြောင့် သူတို့က တိုက်ပွဲဖြစ်ချင်တာလား။ ဘယ်လိုလဲ ခန့်မှန်းရမယ်။ ကျနော်တို့ပြည်သူတွေအားလုံးလည်း ဒါကိုအမြဲ နားစွင့် သတိရှိစွာနဲ့ နေကြရအောင်လို့ ပြောလိုတာဖြစ်တယ်။

မေး – အခုကချင်ပြည်နယ်အတွင်းမှာ PDF နှင့် KIA တွေ စုပေါင်းပြီး တိုက်ခိုက်နေတဲ့ အရာတွေလည်းရှိတယ်။ ဆိုတော့ KIA အနေနဲ့ PDF နဲ့စုပေါင်းပြီး ဘယ်လိုလုပ်ဆောင်သွားဖို့ရှိလဲဆိုတာာလည်း ပြောပြပေးပါ။

ဖြေ – PDF နှင့်ပူးပေါင်းတာ မပူးပေါင်းတာကို ကျနော်မပြောဘူး။ နည်းလမ်းစဉ်တွေနဲ့ပတ်သက်တဲ့အရာဖြစ်တာကြောင့် ကျနော်တို့ ကသူတို့နဲ့ ပူးပေါင်းပြီး တိုက်ခိုက်သွားမယ် ဆိုတဲ့ဟာတွေ ကျနော့်အနေနဲ့ ပြောလို့မရဘူး။ KIA စစ်တပ်နှင့်ဆိုင်တဲ့အရာဖြစ်တယ်။ ကျနော်တကိုယ်တည်းပြောတာက စစ်တပ်ဘက်က ထိုးစစ်ဆင်ရင် ကျနော်တို့လည်း ခုခံတိုက်ခိုက်ရမှာဖြစ်တယ်လို့ ပြောနိုင်တာဖြစ်တယ်။

မေး – လက်ရှိချိန်မှာ ပြည်သူတွေအားလုံသိချင်နေတာ ထင်မြင်နေတာက မိုးရာသီကုန်ပြီး ကျနော်တို့ဒေသ နေရာအသီးသီး တိုက်ပွဲတွေပြင်းထန်လာနိုင်တယ်။ မြို့သိမ်းတိုက်ပွဲထိဖြစ်လာနိုင်တယ်ဆိုတဲ့အရာ နှင့်ပတ်သက်ပြီးတော့ကော ဘယ်လို ပြောပြရှင်းပြလိုပါလဲ။

ဖြေ – မြို့သိမ်းတိုက်ပွဲဆိုတာကိုလည်း ကျနော်တို့ အနေနဲ့ မြို့သိမ်းတိုက်ပွဲထိတိုက်မယ်အကြောင်း ထုတ်ပြန်စရာလည်းမရှိဘူး။ ကျနော်ကိုယ်တိုင်လည်းမသိဘူး။ ပြည်သူတွေအနေနဲ့ သူတို့ ခန့်မှန်းတာ ထင်မြင်ယူဆချက်ပဲ ဖြစ်လိမ့်မယ်။ KIO အနေနဲ့ မြို့သိမ်းတိုက်ပွဲတိုက်မယ်လို့ ထုတ်ပြန်ထားတာလည်းမရှိဘူး။ ဒါကြောင့် ဒီအရာကို သတင်းဌာနတွေဆီ ပြောကြားခွင့်လည်း ကျနော့်မှာမရှိဘူး။ ပြောစရာလည်းမဟုတ်ဘူး။ ဒီလိုပဲ ပြည်သူတွေ ခန့်မှန်းချက် ထင်မြင်ချက် စိုးရိမ်ချက်တွေပဲ ဖြစ်လိမ့်မယ်လို့ ပြောလိုတယ်။

Show More

Related Articles

Back to top button