,

Breaking News :

နန်းမားကျေးရွာတွင် ဒုရဲအုပ် ၂ ဦးကို PDF နှင့် ဆက်သွယ်သည်ဟုစွပ်စွဲကာ ဖမ်းဆီးတရားစွဲဆို

ကျောက်စိမ်း တူးဖော်မှုကြောင့် အင်းတော်ကြီး – ဖားကန့်လမ်းပိုင်း ပျက်စီးလာမည်ကို ဒေသခံများ စိုးရိမ်

ပူတာအိုတွင် ဝက်နာကြောင့် ဒေသဝက်သားများ ဝယ်မရသည့်အထိ ရှားပါးနေ

ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီတပ် ကျေးရွာများကို မီးရှို့ဖျက်ဆီးနေဆဲ

မှော်စီဆာ စစ်ရှောင်စခန်း လူနေအိမ်အချို့ ကို စစ်ကောင်စီ ဝင်စီး အရပ်သား ၂ ဦး ဖမ်းခံရ

Rev. Dr. Hkalam Samson ကို စစ်တပ်က တရားစွဲဆိုရန်ရှိကြောင်း KBC ထုတ်ပြန်

ဒီပဲယင်းမြို့နယ်တွင် ကျေးရွာ ၁၂ ရွာခန့် မီးရှို့ဖျက်ဆီးခံရပြီး ဒေသခံ ၁ သောင်းကျော်အတွက် အကူအညီလိုအပ်နေ

ဖားကန့် Maden Yang တိုက်ပွဲတွင် စစ်တပ်ဘက်မှ ထိခိုက်မှုနှင့် သေဆုံးမှု ၅၀ ဦး ထက်မနည်းရှိ

ရွှေကူ ဘုမ္မိဇေယျရွှေပေါ်ကျွန်းဘုရားအနီး ရွှေတူးဖော်သည့် စက်လှေများ ထပ်မံရောက်ရှိ

စစ်ကောင်စီ ဝင်ရောက်စီးနင်းထားသည့် မှော်ဘုံတွင် ရွာသားအချို့ပိတ်ဆို့ခံထားရ

ဖမ်းဆီးခံထားရသော နောင်မွန် ခရစ်ယာန် ဓမ္မဆရာတော် ၃ ပါးအမှုကို စစ်ဆေးခြင်း မပြုလုပ်ရသေး

နောင်မွန်မြို့

ပူတာအိုခရိုင် နောင်မွန်မြို့ စစ်ကောင်စီမှ ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲကာ ဖမ်းဆီးထားသော ခရစ်ယာန် ဓမ္မဆရာတော် ၃ ပါး အမှု ၂လခန့်ကြာမြင့်လာသော်လည်း လက်ရှိအချိန်အထိ စစ်ဆေးခြင်း မပြုလုပ်ရသေးကြောင်း သိရသည်။

ကချင် ဓမ္မဆရာ ၃ ဦးကို ပြီးခဲ့သော မေလ ၂၈ရက်နေ့ အမှုရင်ဆိုင်ရန်ဟုဆိုကာ နောင်မွန်မြို့မှ ပူတာအိုမြို့သို့ ရဲကားဖြင့် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် လက်ရှိအချိန်အထိ အမှုစစ်ဆေးမှုများမပြုလုပ်သေးဘဲ ပူတာအို အကျဉ်းထောင်တွင် အကျဉ်းချထားကြောင်း နောင်မွန်ဒေသခံတစ်ဦးက KNG သတင်းဌာနကိုပြောဆိုခဲ့သည်။

“၂လပြည့်တော့မယ် အကန့်အသတ်မရှိ အခုချိန်အထိ အမှုမစစ်နိုင်သေးဘူး။ အမှုကိုဒီတိုင်း ဆွဲဆန့်ထားတယ်လို့ဘဲမြင်တယ်။ ရုံးချိန်းထားပေမယ့် အမြဲရွှေ့ဆိုင်းလိုက်တယ်။ ဘယ်အချိန် စစ်ဆေးမှုပြီးမလဲ မသိသေးတဲ့အခြေမနေပေါ့လေ” ဟု ပြောဆိုသည်။

ဖမ်းဆီးခံထားရသည့် ဆရာတော် ၃ ပါးမှာ သိက္ခာတော်ရ ဆရာတော် ဂိုရှန်ဆင်ဆားရ် (နှစ်ခြင်းခရစ်ယာန်အသင်းတော်)၊ သိက္ခာတော်ရ ဆရာတော်ဇဂေါန်ထီန (ခရစ်တော်၏ အသင်းတော်)၊ သိက္ခာတော်ရ ဆရာတော် မဟောင်ဒီ (ရဝမ်နှစ်ခြင်းအသင်းတော်) တို့ဖြစ်ကြသည်။

၎င်းတို့မှာ ကျန်းမာရေးချို့တဲ့သူများဖြစ်သည့်အတွက် အမြန်ဆုံးလွှတ်မြောက်ပေးရန်လည်း ဆက်လက်တောင်းဆိုထားသည်။

“အမြန်ဆုံးလွတ်ပေးဖို့ဘဲပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ ၃ ယောက်စလုံးက ကျန်းမာရေးမကောင်းကြဘူး။ KBC အသင်းတော်က ဆရာဆိုရင် လေဖြတ်နေတာ ၃ နှစ်လောက်ရှိပြီ။ RBC အသင်းတော်ဆရာလည်း အသက်ကြီးပြီ။ ကျန်းမာရေး သိပ်မကောင်းတော့ဘူး။ COC က ဆရာဆိုလည်း အသက်တော့သိပ်မကြီးသေးပေမယ့် ကျန်းမာရေး မကောင်းတာကြာပြီလို့ ကြားတယ်။ ဒါကြောင့် ဘာမှမဖြစ်အောင် အမြန်လွှတ်ပေးဖို့ဘဲပြောချင်ပါတယ်” ဟု ပြောဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မတ်လ ၃ ရက်နေ့တွင် နောင်မွန်မြို့အတွင်း လူငယ်များက ဦးစီးပြုလုပ်သော ‘မြန်မာနိုင်ငံတရားမျှတမှုအမြန်ဆုံးရောက်ရှိလာနိုင်ရေး’ ခေါင်းစဉ်ဖြင့် ဂိုဏ်းပေါင်းစုံအထူဆုတောင်းပွဲအစီစဉ်ပြုလုပ်ခဲ့ရာတွင် ပါဝင်ခဲ့သော ဓမ္မဆရာ ၅ဦး အနက် ၃ ဦးကို တရားစွဲကာ ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

ဆရာ ၃ ပါးကို KIA နှင့်PDF တို့ဖြင့် ဆက်စပ်မှုရှိသည်ဟု စွပ်စွဲကာ စစ်ကောင်စီနှင့်ပတ်သက်သော ပူတာအိုမှ ဦးမယစ်ယောရှု့နှင့် ဇာကွန်းဂျောင်းဆာရ်တို့က တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

Read Previous

ဗန်းမော်မြို့အထွက် စစ်တပ်ဂိတ်တွင် ခရီးသွားများကို ငွေကြေးတောင်းခံနေ

Read Next

စစ်ရေးရှောင်ရှားပြီး အဖြေရှာမည့် KIO ၏ ထုတ်ပြန်ချက်အပေါ် လူထု၏ အမြင်