,

Breaking News :

မြောင်တွင် စစ်ကောင်စီ နှင့် ပျူစောထီးအဖွဲ့များတိုက်ခိုက်ခံရပြီး ၂ဦး သေဆုံး

အင်းတော်တွင် ကလေးအပါအဝင် အရပ်သား ၁၀ ဦး စစ်ကောင်စီ က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်

KIO စစ်ရှောင်စခန်းတချို့တွင် ဝမ်းပျက်ရောဂါ ခံစားနေရ

ဗန်းမောက်နယ် ၄ ရက်ကြာတိုက်ပွဲ စစ်ကောင်စီဘက် မှ အကျအဆုံးများပြီး ၆ ဦး ကို အရှင်ဖမ်းမိ

ဗန်းမော်တွင် ဖမ်းဆီးခံရသည့် ပြည်သူ ၉ ဦးအနက် ၄ ဦးတရားစွဲဆိုခံရ

ကျဆုံး ဒဏ်ရာရသော PDF များကို NUG အစိုးရမှ ကျပ် သုံးသောင်း ထောက်ပံ့ရန် ညွန်ကြားသည့် ထုတ်ပြန်ချက်အတု ပြန့်နှံနေ

မိုးတား‌လေးအနီး စစ်သင်္ဘောတိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီတပ် မှ ဒေသခံများကို ဖမ်းဆီးစစ်ဆေးနေ

ဗန်းမော်တွင် ရဲသား ၂ ဦးပစ်ခံရပြီးနောက် ပြည်သူ ၆ ဦးဖမ်းဆီးခံရ

မူဆယ်မြို့တွင် ၁ ရက်အတွင်း ပိုင်ရှင်မဲ့အလောင်း ၂ လောင်းတွေ့ရှိ

စစ်ကောင်စီ ဖမ်းဆီးသွားသည့် ဆားလင်းကြီး PDF ရဲဘော် ၂ဦး သတ်ဖြတ်ခံရ

ပူတာအို အာဏာသိမ်းတပ်ကို KIA တိုက်ခိုက်၊ စစ်ကောင်စီတပ် သေဆုံးမှုများပြား

photo credit

ပူတာအိုမြို့နယ် လုန်ရှာယန်ကျေးရွာအုပ်စု တန်ဂျာကျေးရွာအနီးတွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA အဖွဲ့ကြား ယနေ့ ညနေ ၅နာရီဝန်းကျင်ခန့်က တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်တပ်ဘက် ထိခိုက်သေဆုံးမှု ၁၅ ဦးထက်မနည်း ရှိခဲ့ကြောင်းသိရသည်။

စစ်ကောင်စီ လက်အောက်ခံ ခလရ ၁၃၈ နှင့် ခလရ ၄၆ စစ်ကြောင်းကို KIA တပ်ရင်း ၇ အဖွဲ့က စောင့်ကြို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက KNG ကို ပြောဆိုခဲ့သည်။

“တိုက်ပွဲဖြစ်တာက တန်ဂျာကျေးရွာအလွန်မှာ ဟုတ်တယ်။ KIA က ကြားဖြတ်တိုက်ခိုက်တာ ဟုတ်တယ်။ စစ်ကောင်စီတပ်ဘက်က ထိခိုက်သူတွေနဲ့ သေဆုံးတဲ့သူတွေ အားလုံး သယ်သွားကြတာ ၁၅ ယောက်လောက်ရှိတယ်လို့  သိရတယ်” ဟု ပူတာအိုဒေသခံတစ်ဦးက ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာတွင် ၂ ဖက်တပ်လက်နက်ကြီးများဖြင့် အပြန်အလှန် နာရီဝက်အကြာ ပစ်ခတ်ခဲ့ကြောင်း နှင့် KIA ဘက်က ထိခိုက်မှုမရှိခဲ့ကြောင်းလည်း ဆက်လက်သိရသည်။

တိုက်ပွဲဖြစ်ပွားခဲ့သော တန်ဂျာကျေးရွာအနီးတဝိုက်မှ ဒေသခံတစ်ချို့သည် လုန်ရှာယန်ကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း လုန်ရှာယန်ဒေသခံတစ်ဦးက ယခုလို ပြောဆိုခဲ့သည်။

“ကျမတို့ရွာကနေတောင် လက်နက်သံတွေအများကြီးကြားရတယ်။ ရွာမှာ လက်နက်ကြီးကျတာတော့ မရှိသေးဘူး။ ၁၅ မိနစ်လောက်ကြားရတယ်။ အခုတော့ ပြန်ငြိမ်သွားပြီ။ တန်ဂျာကျေးရွာက ရွာသားတစ်ချို့က ကြောက်ပြီး  ဒီဘက်ကို ထွက်ပြေးလာခဲ့တယ်လို့သိရတယ်”ဟု ပြောဆိုသည်။

လုန်ရှာယန်ကျေးရွာ အုပ်စုအနီးတဝိုက်တွင် အာဏာသိမ်းစစ်တပ်ဘက်မှ စစ်ရေးလှုပ်ရှားမှုများ ပုံမှန်ပြုလုပ်နေသည့်အတွက် KIA က မကြာခဏ တိုက်ခိုက်မှုများပြုလုပ်လျက်ရှိနေပြီး လွန်ခဲ့သော ဧပြီလမှ လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားမှုမှာ ၅ကြိမ်ထက်မနည်းရှိခဲ့ပြီ ဖြစ်သည်။

Read Previous

မြစ်ဆုံတွင် ရွှေတူးဖော်နေသူများထံမှ Covid-19 ပိုးကူးစက်လာမည်ကို ဒေသခံများ စိုးရိမ်

Read Next

စစ်ကောင်စီနှင့် KIA တိုက်ပွဲကြောင့် တန်ဂျာ ဒေသခံ ၄၀၀ ကျော် လုံရှာယန်ကျေးရွာဘက်သို့ ထွက်ပြေးလာ

Leave a Reply

Your email address will not be published.