,

Breaking News :

မိုးမောက်မြို့  မိုင်းပေါက်ကွဲမူတွင် စစ်ကောင်စီမှ ၃ ဦး ဒဏ်ရာပြင်းထန်စွာရရှိ

အာဏာသိမ်း စစ်ခေါင်းဆောင် ပူတာအို ပြန်လာမည်ဟု သတင်းထွက်ပေါ်နေ

ကျေးရွာနဲ့ ဘုရားကျောင်းမကျန် စစ်ကောင်စီတပ် နေရာယူ

ပင်လည်ဘူးမြို့၊ ကောလင်းမြို့၊ ဝန်းသို မြို့နယ် (၃) ‌ခု အင်တာနက်လိုင်းများနှင့် ဖုန်းလိုင်းများ ထပ်မံဖြတ်တောက်ခံရ

စစ်ကောင်စီ မိုင်းကြောင့် မုံးကိုး ဖောင်းဆိုင်ဒေသခံတစ်ဦး နင်းမိ သေဆုံး

တနိုင်းသွားလမ်း လီဒိုလမ်းမပေါ် တွင် အာဏာသိမ်းနှင့် KIA တိုက်ပွဲ ပြင်းထန်နေ

လဝါး ကျေးရွာအနီး စစ်ကောင်စီတပ်ကို KIAမိုင်းခွဲ တိုက်ခိုက်

မုံးကိုးမြို့ နော့်ဂူ စစ်ရှောင်များ စားနပ်ရိက္ခာ အခက်အခဲကြုံတွေ့နေ

Mytel တာဝါတိုင် လာပြင်သော ဝန်ထမ်းတစ်ဦး မိုင်းနင်းမိ ဒဏ်ရာရ

ပင်လည်ဘူး တိုက်ပွဲတွင် စစ်ကောင်စီဘက် ၂၅ ဦးထက်မနည်း သေဆုံးဟု NUG ထုတ်ပြန်

စစ်ကောင်စီနှင့် KIA တိုက်ပွဲကြောင့် တန်ဂျာ ဒေသခံ ၄၀၀ ကျော် လုံရှာယန်ကျေးရွာဘက်သို့ ထွက်ပြေးလာ

ပူတာအိုမြို့နယ် လုံရှာယန်ကျေးရွာအုပ်စု တန်ဂျာကျေးရွာတွင် ယနေ့ညနေပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ဖြင့် တန်ဂျာကျေးရွာ ပြည်သူများ ၄၀၀ ကျော်သည် လုံရှာယန်ကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၂၆ ရက်နေ့ ညနေပိုင်း ၅ နာရီဝန်းကျင်ခန့်တွင် အာဏာသိမ်းစစ်တပ် အင်အား ၆၀ ခန့် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား နာရီဝက်ခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ကျေးရွာအတွင်း လက်နက်ကြီးကျပြီး လူထိခိုက်သေဆုံးမှုဖြစ်မည်ကို မလိုလားသဖြင့် လုံရှာယန်ကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်းဖြစ်သည်ဟု တန်ဂျာရွာသားတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“ကျနော်တို့ အားလုံးနီးပါးထွက်ပြေးခဲ့တယ်။ တစ်ချို့ကဆိုင်ကယ်နဲ့ပြေးတယ်။ တစ်ချို့က လုံရှာယန် နှစ်ခြင်းအသင်းတော် ကနေ ကားနဲ့ လာကြိုပေးတယ်။ ကျနော်ရွာမှာ မနေရဲတော့ဘူး။ ရွာကိုမီးရှို့ပေးမှာကိုလည်း စိုးရိမ်တယ်။ နောက် လက်နက်ကြီးကျမှာလည်း ကြောက်တယ်။” ဟု ပြောဆိုသည်။

ပြီးခဲ့သော ဇွန်လ တန်ဂျာကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ချိန် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြားခဲ့သည့် အတွက် တန်ဂျာကျေးရွာ အုပ်ချုပ်ရေးမှူးကို အာဏာသိမ်းစစ်တပ်မှ ခေါ်ယူကာ ‘နောက်တစ်ကြိမ် ကျေးရွာအတွင်း တိုက်ပွဲထပ်မံဖြစ်ပွားခဲ့လျှင် ရွာကိုမီးရှို့ပစ်မည်’ဟု ခြိမ်းခြောက် ပြောဆိုမှုများရှိခဲ့ကြောင်း ဒေသခံများ၏ပြောဆိုချက်မှ သိရသည်။

လုံရှာယန်ကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် တန်ဂျာစစ်ရှောင်များမှာ လူဦးရေ ၄၀၀ ကျော်ခန့်နှင့် အိမ်ခြေ ၁၀၀ ကျော်ခန့်ရှိပြီး လက်ရှိ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝင်းနှင့် နီးစပ်ရာ ဆွေမျိုးများထံတွင် ခိုလှုံနေရကြောင်း သိရသည်။

လုံရှာယန်ကျေးရွာ အုပ်စုအနီးတဝိုက်တွင် အာဏာသိမ်းစစ်တပ်မှ စစ်ရေးလှုပ်ရှားမှုများ ပုံမှန်ပြုလုပ်နေသည့်အတွက် KIA က မကြာခဏ ကြားဖြတ်ဝင်ရောက်တိုက်ခိုက်မှုများပြုလုပ်လျက်ရှိနေပြီး လွန်ခဲ့သော ဧပြီလမှ ယနေ့ ချိန်ထိ တိုက်ပွဲ ၅ကြိမ်ထက်မနည်းရှိခဲ့သည်။

Read Previous

ပူတာအို အာဏာသိမ်းတပ်ကို KIA တိုက်ခိုက်၊ စစ်ကောင်စီတပ် သေဆုံးမှုများပြား

Read Next

တရုတ်- မြန်မာ နယ်စပ် မုံးကိုးမြို့အနီး မှာ စစ်ကောင်စီနဲ့ MNDAA တို့အကြား တိုက်ပွဲပြင်းထန်

Leave a Reply

Your email address will not be published. Required fields are marked *