,

Breaking News :

နောင်းနန် တိုက်နယ် ယာယီအုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ

စစ်ကောင်စီ တင့်ကား ၂ စီး၊ စစ်ကား ၃၀ ကျော် ၊ ခြေကျင်စစ်သား ၂၀၀ ကျော်ဖြင့် မုံးကိုး ဘက်သို့ ချီတက်လာ

ကုန်ကားအသွင်ဖြင့် စစ်အင်အားတိုးချဲ့လာသော စစ်ကောင်စီတပ်ကို KIA မိုင်းခွဲ တိုက်ခိုက်

စစ်ကောင်စီတပ် မှ လိုင်ဇာမြို့သို့ လက်နက်ကြီးဖြင့် တိုက်ခိုက်

မုံးကိုး စစ်ဘေးဒုက္ခသည် ၂၆ ဦး COVID-19 ပိုး ကူးစက်ခံထားရ

တနိုင်း စစ်ကောင်စီတပ်ကို KIA မိုင်းခွဲတိုက်ခိုက်

စစ်ကောင်စီလက်အောက် လောက်ကိုင် နယ်ခြားစောင့်တပ်များ ဒေသခံများ၏ လယ်ယာခြံမြေကို ဖျက်ဆီး

တရုန် ရောက် စစ်ကောင်စီတပ်ကို ပစ်ခတ်ခြင်းမပြုရန် KIA ထံ ဒေသခံများမှတဆင့် အကြောင်းကြားခိုင်း

နမ့်ခမ်း COVID -19 ပရဟိတအဖွဲ့ဝင်အချို့ ပိုးကူးစက်ခံထားရ

မြန်မာ နယ်နမိတ်အတွင်းထိ တရုတ်နယ်ကျွံ ခြံခတ်မှုကို ဒေသခံများ ဖျက်စီးပစ်

ဝိုင်းမော် မဒိန်ကျေးရွာမှ ဖမ်းဆီးခံ လူငယ် ၃ ဦးကို မပခ သို့ ပို့

ဝိုင်းမော် အခြေစိုက် ခလရ ၅၈ တပ်ရင်းမှ ဖမ်းဆီးထားသော မဒိန်ကျေးရွာမှ  လူငယ် ၃ ဦးကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ သို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိရပါသည်။

ဩဂုတ် ၂၈ ရက်နေ့ ဖမ်းဆီးခံရသည့် လူငယ် ၃ ဦး လွှတ်မြောက်ရေးအတွက် ဝိုင်းမော်အုပ်ချုပ်ရေးမှူးအဖွဲ့များနှင့် မိသားစုဝင်များ လုပ်ဆောင်နေသော်လည်း ဩဂုတ်လ ၃၁ရက်နေ့တွင် မြောက်တိုင်းစစ်ဌာနချုပ်သို့ ပို့ဆောင်လိုက်ကြောင်းကို သိရသည်ဟု ဖမ်းဆီးခံရသော မိသားစုဝင်တစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“သား ၃ ယောက်ပြန်လွှတ်လာဖို့ အုပ်ချုပ်ရေးမှူး အဖွဲ့တွေနဲ့ အကူအညီတောင်းပြီး ကြိုးစားနေတယ်ပေါ့လေ။ ဒါပေမယ့် မနေ့ညက အုပ်ချုပ်ရေးမှူးဖုန်းဆက်လာတယ်။ မြစ်ကြီးနား တိုင်းကို ပို့လိုက်ပြီလို့ပြောလာတယ်။ ဒီ ခလရ ၅၈ တပ်ရင်းမှာသာ ဆက်ထားရင် အရမ်းနှိပ်စက်ကြတယ်။ ဒါကြောင့်မို့လို့ တိုင်းကိုဘဲ ပို့လိုက်တယ်လို့ ပြောလာတယ်” ဟု ပြောဆိုသည်။

ပြီးခဲ့သော ဩဂုတ်လ ၂၈ ရက်နေ့က ခလရ ၅၈ တပ်ရင်းမှ ကျေးရွာအတွင်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုပြုလုပ်နေစဉ် လူငယ် ၃ ဦး ဖမ်းဆီးခံရခြင်းဖြစ်ကာ ခလရ ၅၈ တပ်ရင်းအတွင်းသို့ ခေါ်ဆောင်သွားခြင်း ဖြစ်သည်။

ထိုလူငယ် ၃ ဦးမှာ အသက် ၂၉နှစ်အရွယ် ရှီကျန့်ဘောမ်ဇုန်း၊ အသက် ၂၀ ကျော် ဝန်းကျင်ရှိကြသော ယောခေါနှင့် ဇုန်းဆောလ် ညီအစ်ကိုယ်အရင်းတို့ ဖြစ်ကြသည်။

၎င်းတို့ကို စစ်တပ်က KIA ဟု ထင်မှတ်ကာ ဖမ်းဆီးသွားခြင်းဖြစ်သော်လည်း ထိုသူများမှာ ပတ်သက်ခြင်းမရှိသော​ကြောင့် အမြန်ဆုံးလွှတ်ပေးရန် မိသားစုဝင်များက တောင်းဆိုနေကြသည်။

ထိုသို့ ဩဂုတ်လ ၂၈ ရက်နေ့ တစ်ရက်တည်းအတွင်း ခလရ (၅၈)တပ်ရင်းမှ ပြည်သူများရှိသည့်ဘက် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသား ၃ ဦးဖမ်းဆီးခံရသည့်အပြင် မဒိန်ဒေသခံ ဦးလုံဘန်ခေါဇုံး ဆိုသူလည်း ပစ်သတ်ခံခဲ့ရခြင်း ဖြစ်သည်။

ဝိုင်းမော် ခလရ (၅၈)တပ်ရင်းကို ဇူလိုင်လ ၂၉ရက်ညက ကချင်လွတ်လပ်ရေးမတော် KIA ဝင်ရောက်စီးနင်းမှု ပြုလုပ်ခဲ့ ပြီးနောက် တိုက်ပွဲထပ်မံဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပုံမှန်ပစ်ခတ်မှုများ ပြုလုပ်လျှက်ရှိနေသည်။

ထိုသို့ ခလရ (၅၈)တပ်ရင်းမှ ကျေးရွာအတွင်း လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် လူနေအိမ်များ ပျက်စီးသွားပြီး ကျေးရွာတစ်ချို့မှာ စစ်ရှောင်အဖြစ် ဝိုင်းမော်မြို့တွင်းထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

Read Previous

ကြူကုတ် (ပန်ဆိုင်း) အနီး စစ်ကောင်စီ MNDAA တိုက်ပွဲကြောင့် အရပ်သား ၂ ဦး လက်နက်ကြီး ထိမှန်သေဆုံး

Read Next

မုံးကိုး ဖောင်းဆိုင်တွင် စစ်ကောင်စီ က MNDAA တပ်စခန်းကို သွားရောက် ပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ပွား

Leave a Reply

Your email address will not be published. Required fields are marked *