လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

အဆုတ်ဝေဒနာရှင်တစ်ဦးကို စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွား

ဝိုင်းမော် စန်ကားကျေးရွာမှ အဆုတ်ရောဂါဖြင့် ဆေးကုသနေသော လူငယ်တစ်ဦးကို အာဏာသိမ်းစစ်တပ်က စက်တင်ဘာလ ၁ရက်နေ့ ညသန်ခေါင်ယံ အချိန်တွင် လာရောက် ဖမ်းဆီးသွားကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ် အင်အား ၂၀ ဝန်းကျင်ခန့်မှ နေအိမ်ကို ဝန်းရံ ပိတ်ဆို့ကာ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု စန်းကားဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“သူ့ဟာသူ အိမ်ထဲမှာ အိပ်နေတာတဲ့။ စစ်သားတွေက အင်အား ၂၀ လောက် သူ့ကိုဝန်းရံထားပြီး ဝင်ဖမ်းသွားတယ်လို့ သိရတယ်။ ပြီးရင်သူက ကျန်မားရေးလည်း မကောင်းဘူး။ အိမ်ထဲမှာဘဲနေတာ ဟုတ်တယ်။ ဘယ်သူက ဘာပြောလိုက်လို့ လာဖမ်းတာကို အခုချိန်ထိမသိရသေးဘူး” ဟု ပြောဆိုသည်။

ဖမ်းဆီးသွားသည့် လူငယ်မှာ အသက် ၃၀ ဝန်းကျင် ကိုရှိကျန်ဘောမ်ချမ်းခေါ်သူဖြစ်ပြီး အဆုတ်ရောဂါဝေဒနာ ခံစားနေရသူတစ်ဦးဖြစ်သည်။

သူ့ကို လာရောက်ဖမ်းဆီးသွားသည့် ညတွင်းချင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) သို့ ပို့လိုက်ပြီးနောက် လက်ရှိအချိန်အထိ မိသားစုနှင့် အဆက်အသွယ်မရရှိသေးကြောင်း သူကဆက်ဆိုသည်။

အဆိုပါ လူငယ်မှာ ယခင်က ကျေးရွာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး Pat Ja San လုပ်ငန်းစဉ်များတွင် ပါဝင်လှုပ်ရှားခဲ့ သူတစ်ဦးဖြစ်ပြီး အာဏာသိမ်းစစ်တပ်က မင်္သကာမှုဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု ဒေသခံများပြောဆိုချက်မှ သိရသည်။

Show More

Related Articles

Back to top button