သတင်း

ပြည်သူ့တော်လှန်ရေးစတင်ကြောင်း ကြေညာသည့်နေ့ည ယာယီသမ္မတနေအိမ်ကို စစ်ကောင်စီ ဝင်ရောက်စစ်ဆေး

အာဏာသိမ်းစစ်ကောင်စီကို ပြည်သူလူထုအနေဖြင့် ခုခံစစ် စတင်ရန် ကြေညာသည့်နေ့တွင် ရှမ်းပြည်မြောက်ပိုင်း လာရှိုးမြို့ရှိ အမျိုးသားညီညွတ်ရေး အစိုးရ NUG ယာယီသမ္မတ  ဒူဝါလရှီးလ၏ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့က လာရောက်ရှာဖွေ စစ်ဆေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ကြေငြာတဲ့ နေ့ ချက်ချင်း လာရောက် ရှာဖွေ စစ် ဆေးတယ်။ ကြေငြာတာနဲ့ အဲဒီနေ့ပဲ ချက်ချင်း လည်း လာစစ်တယ်။ ဒု သမ္မတအဖြစ် ကြေငြာတဲ့ နေ့လည်း လာစစ်တယ်။ ချက်ချင်းလာတယ် သူတို့အိမ်။ အဲဒီနေ့မှာပဲ အိမ်မှာ လာမွှေတယ်။ အခုက အဲအိမ်မှာ သူတို့ဘယ်သူမှ မရှိဘူး။” ဟု ဒေသခံ တစ်ဦးက ပြောပါတယ်။

စက်တင်ဘာ ၇ ရက် မနက်ပိုင်းမှာ ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူလူထုသို့ လတ်တလော ဖြစ်ပေါ်နေတဲ့ စစ်ရေး ပဋိပက္ခအခြေအနေတွေနဲ့ ပတ်သက်ပြီး အရေးပေါ်မိန့်ခွန်း ပြောကြားခဲ့ပြီးနောက် စစ်ကောင်စီက ညပိုင်းမှာ ဝင်ရောက် ရှာဖွေမှု ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒူဝါလရှီးလသည် ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ WMR ဥက္ကဋ္ဌအဖြစ် မြစ်ကြီးနားတွင် ရှိနေစဉ် အာဏာသိမ်းပြီးနောက် CRPH က ဖွဲ့စည်းလိုက်သော အမျိုးသားညီညွတ်ရေးအစိုးရ NUG တွင် ဒု သမ္မတအဖြစ် ခန့်အပ်ခံရပြီးနောက် ယာယီ သမ္မတအဖြစ် ပြန်လည်း ပြောင်းလဲ ခန့်အပ်ခြင်း ခံရခြင်း ဖြစ်သည်။

Bum Shep

Show More

Related Articles

Back to top button