,

Breaking News :

ကန့်ဘလူမြို့နယ်တွင် စစ်ဘေးရှောင်ရင်း မြွေကိုက်ခံရသူ ၃၉ ဦးရှိလာ

ဖားကန့်တွင် စစ်ဆေးရေးတင်းကြပ်နေသည့် စစ်ကေင်စီအဖွဲ့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရ

ထီးချိုင့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၉ ဦး သေဆုံး

လူမရှိသည့် နေအိမ်များကို မီးရှို့မည်ဟု ခြိမ်းခြောက်ကာ မိုးမောက်ဒေသခံများကို နေရပ်ပြန်ခေါ်ကာ အကာအကွယ်ယူနေ

ဖားကန့်တွင် ​မြေစာပုံပြိုကျပြီး ရေမဆေးသမား ၁ ဦးသေဆုံး၊ တစ်ဦးပြင်းထန်ဒဏ်ရာရ

အင်းတော်နယ် နတ်မဟုတ်ကြီးကျေးရွာ မီးရှို့ဖျက်ဆီးခံရပြီး ပြည်သူ ၈ ဦးလည်း ဖမ်းဆီးခံထားရ

ဖားကန့်တွင် အရပ်သား ၈၀ ကျော်ကို စစ်ကောင်စီက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ထား

ကသာမြို့တွင် ရဲကားဖြင့် လိုက်လံပစ်ခတ်သဖြင့် လူငယ် ၁ ဦးသေဆုံး

ဦးရွှေမင်း ဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့ တနိုင်ဒေသတွင် စတင်အခြေချ၊ ဒေသခံများကန့်ကွက်

ဖားကန့် ဆိပ်မူ စစ်ရှောင်ပြည်သူ ၅၀၀ ကျော်အတွက် အရေးပေါ်အကူအညီလိုအပ်နေ

ပူတာအို စစ်ကောင်စီ ဝန်ထမ်များက အခွန်မျိုးစုံ ခြိမ်းခြောက် ကောက်ခံနေ

ပူတာအို အဝင်ဆိုင်းဘုတ်

ပူတာအိုမြို့ အာဏာသိမ်းစစ်ကောင်စီ လက်အောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပြည်သူများကို အခွန်ထည့်ဆောင်ကြရန်နှင့် ပျက်ကွက်ပါက စည်ပင်ဥပဒေဖြင့် အရေးယူမည်ဟု ခြိမ်းခြောက်ကောက်ခံနေသည်ဟု သိရသည်။

ပြီးခဲ့သော ဩဂုတ်လ လဆန်းပိုင်းမှစတင်ကာ ပူတာအိုမြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများထံ အိမ်ခွန်၊ အမှိုက်ခွန်နှင့် လုပ်ငန်းလိုင်စင်ခွန်မျိုးစုံကို မဖြစ်မနေပေးဆောင်ကြရန် အိမ်တိုင်ရာအရောက် လိုက်လံ ကောက်ခံနေသည်ဟု ပူတာအိုဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“စည်ပင်အဖွဲ့က အိမ်အရောက် အခွန်ထည့်ရန် တောင်းဆိုတဲ့ စာရွက်ကို လိုက်ပေးတယ်။ အဲ့စာရွက်မှာက သူတို့ သတ်မှတ်ထားတဲ့ ရက်မှာ အမြန်လာထည့်ဖို့။ လာမထည့်ရင် စည်ပင်ဥပဒေအရ အရေးယူမယ်လို့ ပါတယ်။ သူတို့ရဲ့ ပုံစံက အတင်းအဓ္ဓမ ထည့်ခိုင်းတဲ့ ပုံစံဖြစ်နေတယ်။ အရင်တုန်းကတော့ အဲ့လိုတောင်းတာမရှိဘူး။ အခုနောက်ပိုင်းမှ ဖြစ်လာတာ” ဟု ပြောဆိုသည်။

နိုင်ငံရေးမတည်ငြိမ်မှုနှင့် ဒေသအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံနှံ့မှုများရှိနေသည့်အချိန် အတင်းအကြပ် အခွန်ကောက်နေခြင်းဖြစ်သောကြောင့် ပြည်သူ့တစ်ချို့မှာ စိတ်သောကရောက်ရနေကြောင်း သူကဆက်ဆိုထားသည်။

“အားလုံးသိတဲ့အတိုင်း အခုချိန်က လူတိုင်းခက်ခဲကြတယ်။ ဒါကိုအတင်းထည့်ခိုင်းတယ်။ တစ်ချို့ပြည်သူတွေဆိုရင် ဝင်ငွေမရှိ ခက်ခဲလို့ ၂ထောင် ၃ထောင်တောင်မတတ်နိုင်တဲ့ သူတွေရှိတယ်။ ဒါကို ဖိတင်းပြီး ထည့်ကြတဲ့သူတွေလည်းရှိတယ်။ ကျနော်တို့ ဒေသဆိုရင် တခြားဒေသတွေနဲ့ ယှဉ်ရင် ဝင်ငွေကမရှိဘူးလေ။ ဒီအပေါ်မှာ အခွန်ဆောင်ဖို့ဆိုတာက ပြည်သူတွေက စိတ်မသက်သာမှုတွေဖြစ်နေကြတယ်” ဟု ပြောဆိုသည်။

စစ်တပ် အာဏာသိမ်းမှုကို မလိုလားသော ပူတာအိုဒေသခံများသည်လည်း ၇လ ကြာမြင့်သည်အထိ အခွန်မဆောင်ဘဲရှိနေကြောင်း သိရသည်။

သို့သော် လက်ရှိအချိန်တွင် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများမှာ မြို့ပေါ် တနိုင်တပိုင် လုပ်ငန်းရှင်များအထိ အတင်းအကြပ် ငွေကြေးကောက်ခံလာနေသည်ဟု သိရသည်။

ပူတာအို ဒေသသည် ကချင်ပြည်နယ်မြောက်ပိုင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေဆဲဖြစ်သောကြောင့် စီးပွားရေးအတွက် ခက်ခဲသောနယ်မြေတစ်ခု ဖြစ်နေဆဲ ဖြစ်သည်။

Read Previous

ပြည်သူ့တော်လှန်ရေးစတင်ကြောင်း ကြေညာသည့်နေ့ည ယာယီသမ္မတနေအိမ်ကို စစ်ကောင်စီ ဝင်ရောက်စစ်ဆေး

Read Next

စစ်ကောင်စီ ရိက္ခာသယ် ကားတစ်စီး ဖောက်ခွဲ ဖျက်ဆီးခံရ