,

Breaking News :

နောင်းနန် တိုက်နယ် ယာယီအုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ

စစ်ကောင်စီ တင့်ကား ၂ စီး၊ စစ်ကား ၃၀ ကျော် ၊ ခြေကျင်စစ်သား ၂၀၀ ကျော်ဖြင့် မုံးကိုး ဘက်သို့ ချီတက်လာ

ကုန်ကားအသွင်ဖြင့် စစ်အင်အားတိုးချဲ့လာသော စစ်ကောင်စီတပ်ကို KIA မိုင်းခွဲ တိုက်ခိုက်

စစ်ကောင်စီတပ် မှ လိုင်ဇာမြို့သို့ လက်နက်ကြီးဖြင့် တိုက်ခိုက်

မုံးကိုး စစ်ဘေးဒုက္ခသည် ၂၆ ဦး COVID-19 ပိုး ကူးစက်ခံထားရ

တနိုင်း စစ်ကောင်စီတပ်ကို KIA မိုင်းခွဲတိုက်ခိုက်

စစ်ကောင်စီလက်အောက် လောက်ကိုင် နယ်ခြားစောင့်တပ်များ ဒေသခံများ၏ လယ်ယာခြံမြေကို ဖျက်ဆီး

တရုန် ရောက် စစ်ကောင်စီတပ်ကို ပစ်ခတ်ခြင်းမပြုရန် KIA ထံ ဒေသခံများမှတဆင့် အကြောင်းကြားခိုင်း

နမ့်ခမ်း COVID -19 ပရဟိတအဖွဲ့ဝင်အချို့ ပိုးကူးစက်ခံထားရ

မြန်မာ နယ်နမိတ်အတွင်းထိ တရုတ်နယ်ကျွံ ခြံခတ်မှုကို ဒေသခံများ ဖျက်စီးပစ်

စစ်ကောင်စီ ရိက္ခာသယ် ကားတစ်စီး ဖောက်ခွဲ ဖျက်ဆီးခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုး ဖောင်းဆိုင်ဘက်ရှိ စစ်ကောင်စီအတွက် ရိက္ခာသယ်ဆောင်လာကားတစ်စီးသည် နမ့်တောင်းနဲ့ ပန်ဆိုင်း (ကြူကုတ်) ကြား လုံခန်ရွာအကွေ့တွင် ဖောက်ခွဲ တိုက်ခိုက်ခံရကြောင်း သိရသည်။

ရိက္ခာမှာ စစ်ကောင်စီ၏ပိုင်ဆိုင်မှုဖြစ်သော်လည်း ကားမှာ အရပ်သားကားဖြစ်ပြီး စစ်ကောင်စီက ချောဆွဲကာ ပို့ဆောင်ခိုင်းခြင်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုနေကြသည်။

“ဆန်တင်တဲ့ တရုတ် တုံဖုန်းကား အသေးပါ။ ကားမောင်းတဲ့သူလဲ အဲကားထဲမှာ သေဆုံးနေတယ်။ စစ်ကားတော့ မဟုတ်ဘူး။ ကားတော့ လဲသွားတာ။ ဆန်တင်ထားတာ မြင်တယ်။” ဟု အဆိုပါ လမ်းကနေ ဖြတ်လာသူ မျက်မြင်တစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီရိက္ခာသယ်ကား ပစ်ခတ်တွင် ကိုးကန့် တပ်များကို တွေ့ရပြီး အနီးတစ်ဝိုက်တွင် TNLA တပ်များသွားလာသည်ကိုလည်း တွေ့ရသည်ဟု ဒေသခံတစ်ဦးက ဆက်လက်ပြောဆိုခဲ့သည်။

“လက်နက်ကြီးက နှစ်ခါ အသံကြားတယ်။ လက်နက်ငယ်လည်း နှစ်ချက်၊ သုံးချက် ကြားပြီး ငြိမ်သွားပြီ။ သေနတ်သံကြားတော့ ရွာကလူတွေလည်း ထွက်ပြီး သွားမကြည့်ရဲဘူး။ ဒီကြားထဲမှာ ဒီရွာနားတဝိုက် TNLA နဲ့ MNDAA တို့ ရောပြီး သွားလာနေတာတွေ့ရတယ်။ တပ်ပေါင်းစု ပေါ့။” ဟု ပြောသည်။

ရှမ်းမြောက် တရုတ်နယ်စပ် မူဆယ်ခရိုင်တွင် ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းမှစတင်ပြီး စစ်ကောင်စီ နှင့် MNDAA တို့အကြား တိုက်ပွဲ မကြာခဏ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA ဖြင့်လည်း တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

တိုက်ပွဲကြောင့် မုံးကိုး၊ ဖောင်းဆိုင် နဲ့ ပန်ဆိုင်း (ကြူကုတ်) ဒေသတွင် စစ်ဘေးဒုက္ခသည် ၂၂၀၀ ကျော်ရှိနေပြီး နေရာအခက်အခဲ၊ အစားအသောက်၊ ဆေးဝါးတွေ ခက်ခဲနေတဲ့ အပြင် ကူးစက်ရောဂါ ကူးစက်မှာ စိုးရိမ်နေရတယ်လို့ စီမံခန့်ခွဲနေသူများက ပြောပါသည်။

Bum Shep

Read Previous

ပူတာအို စစ်ကောင်စီ ဝန်ထမ်များက အခွန်မျိုးစုံ ခြိမ်းခြောက် ကောက်ခံနေ

Read Next

တနိုင်း တရုန်တွင် တိုက်ပွဲပြင်းထန်၊ ပြည်သူတစ်ဦးကို စစ်ကောင်စီ ပစ်ခတ်

Leave a Reply

Your email address will not be published. Required fields are marked *