,

Breaking News :

ဗန်းမော်မြို့ ဖမ်းဆီးခံရသည့် မိသားစု ၃ ဦးအနက် တစ်ဦးလွှတ်မြောက်လာ

ယုဇန ကုမ္ပဏီထွက်ခွာပြီးနောက် မြေယာ ဦးယူပိုင်ဆိုင်ထားမှုကို KIO ပြန်လည်သိမ်းယူမည်

မြန်မာ့ကြက်သွန်နီ ကားအစီး ၅၀၀ စာခန့် တရုတ်ဘက်ပို့မရလို့ ဆုံးရှုံးမှုဖြစ်ပေါ်နေ

သိန္နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နေရာကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ဝင်စီးကာ မီးရှို့ဖျက်ဆီး

မုံးကိုးမြို့နယ်မှာ စစ်ကောင်စီ နဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွား

မိုးညှင်း KIA တပ်ရင်း ၂၆ နယ်မြေသို့ ဝင်ရောက်လာသော စစ်ကောင်စီတပ်ကို KIA တိုက်ခိုက်

စစ်ကောင်စီယာဉ်တန်းကို မိုးညှင်းအနီးတွင် KIA မိုင်းခွဲ တိုက်ခိုက်

ဥယျာဉ်ထဲက ပန်းပွင့်များ

စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် မိုးမောက်မြို့ ဘုရားကျောင်းနှင့် စစ်ရှောင်စခန်းတွင် လက်နက်ကြီးကျ

မြန်မာ – တရုတ် နယ်စပ် ကုန်သွယ်ရေး ဂိတ်ပေါက် ၂ ပေါက် စတင်ဖွင့်လှစ်

မြန်မာ နယ်နမိတ်အတွင်းထိ တရုတ်နယ်ကျွံ ခြံခတ်မှုကို ဒေသခံများ ဖျက်စီးပစ်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မန်ဟီးရိုး မြို့နယ်ခွဲ ဟက်ဟင်ရွာမှာ မြန်မာနိုင်ငံနဲ့ တရုတ် နယ်ခြားစည်းကို တရုတ်ဘက်က နယ်ကျွံကာ ယူထားတာကြောင့် ဒေသခံများဟာ စက်တင်ဘာ ၁၂ ရက်နေ့က ကာထားတဲ့ စည်းရိုးတွေကို သွားရောက်ဖျက်စီးလိုက်ကြကြောင်း  သိရပါတယ်။

“ဒီနေ့က ရွှေလီဟိုဘက်ကမ်းမှာ ရှိနေတဲ့ (ဝမ့်ဟတ်ဟင်) ဟက်ဟင်ရွာက ဒီနေ့ ဆန္ဒပြတယ်ပေါ့နော်။ တရုတ်ပြည်က မြန်မာပြည်ထဲမှာပေါ့နော် နယ်စပ်နားမှာ တိုင်လာစိုက်တာ။ တိုင်ဆိုတာ ခြံစည်းရိုးပေါ့နော် လာစိုက်ထားတာ။ အဲဒါကို မကျေနပ်လို့ ဆန္ဒပြကြတာ။” လို့ နမ့်ခမ်းမြို့ ဟက်ဟင်ရွာမှာ တရုတ်နယ်ခြား စည်းရိုး နယ်ကျော်ကာယူနေတာကြောင့် ဒေသခံ ရွာသူ၊ ရွာသားများ စက်တင်ဘာ ၁၂ ရက်နေ့က လာကာထားတဲ့ စည်းရိုးကို ဖျက်ပစ်ကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ယခုလို စည်းရိုးတိုင်တွေ လာစိုက်ထားတာ ရက်အနည်းငယ်ကြာပြီလို့ ရွှေလီဒေသခံတစ်ဦးက ဆိုပါတယ်။

“ဒီလိုမျိုး လာစိုက်တာ နည်းနည်းကြာနေပြီ။ ရက်တွေ နည်းနည်း ကြာနေပြီ ပေါ့နော်။ ပြီးရင် ပြည်သူ၊ ပြည်သားတွေက ဟိုဘက်ကမ်း ရွှေလီဖက်က ပြည်သူပြည်သားတွေက မစိုက်ခိုင်းဘူးပေါ့နော်။ အဲဒီ ခြံစည်းရိုးကို မကာခိုင်းဘူးပေါ့နော်။” လို့ သူက ထပ်မံရှင်းပြပါတယ်။

နမ့်ခမ်းမြို့မှ ဒေသခံ အမျိုးသား တစ်ဦးကလည်း ‘မူဆယ်မြို့နယ်၊ မန်ဟီးရိုးမြို့နယ်ခွဲ ဟတ်ဟင်ရွာအပေါ်နား လေးက ရှမ်းရွာမှာ ခုက တရုတ်တွေက တစ်လံကျော်ကျော်၊ နှစ်လံလောက် ကာယူလိုက်တာလေနော်။ ကချင်ပြည်နယ်ဘက်လည်း အဲလိုပါပဲ။ တောင်တွေ ဘာတွေ အားရပါးရ ကာယူလိုက်တာ။” လို့ ပြောပါတယ်။

တရုတ်ဘက်က COVID-19 အကြောင်းပြကာ မြန်မာနိုင်ငံဘက်ခြမ်း နယ်နိမိတ် အများပြားကို တရုတ်နယ်အထဲဝင်အောင် နယ်ခြားစည်းရိုးကာမှုများ ယခုနှစ်အတွင်း ပိုများလာနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲ နယ်စပ်တစ်လျှောက်မှာလည်း တရုတ်ဘက်က မြန်မာနယ်ထဲအထိ ဝင်ရောက်ကာ ခြံစည်းရိုးကာမှုများရှိနေသည်ဟု ဒေသခံတွေက ပြောဆိုနေကြသည်ကို တွေ့ပါတယ်။

Bum Shep

Read Previous

စစ်ကောင်စီ ရိက္ခာသယ် ချောဆွဲကား ဗုံးဖောက်ခွဲခံရမှုတွင် သေဆုံးသူယာဉ်မောင်းမှာ နမ့်ဖတ်ကာ မှ ဖြစ်နေ

Read Next

နမ့်ခမ်း COVID -19 ပရဟိတအဖွဲ့ဝင်အချို့ ပိုးကူးစက်ခံထားရ

Leave a Reply

Your email address will not be published. Required fields are marked *