,

Breaking News :

ဝက်လက်နယ် တိုက်ပွဲတွင် ၂ဖက်တပ် အကျအဆုံးများဟုဆို

ဒီပဲယင်းတွင် လေကြောင်းလိုင်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ကျေးရွာ ၂ခုထွက်ပြေးတိမ်းရှောင်နေရ

ဆားလင်းကြီးနယ်တွင် စစ်ကောင်စီတပ် သေနတ်လိုက်လံပစ်ခတ်မှုကြောင့် ပြည်သူ ၂ဦးထိမှန်

ဖမ်းဆီးခံထားရသည့် PDF တပ်သား ၄ ဦးအနက် ၂ ဦးကို ထောင်တွင်းသတ်ဖြတ်ခံရဟုဆို

ကသာတွင် ကျောင်းသားတစ်ဦးထံမှ ဆေးခြောက်တွေ့ရှိသဖြင့် ပြည်သူ ၁၃ဦးကို စစ်ကောင်စီဖမ်းဆီး

အင်းတော်နယ်တွင် ထောင်ထားသည့် မိုင်းကြိုးစဆွဲမိသဖြင့် အမျိုးသား၂ဦးသေဆုံး

ကသာတွင် စစ်ကောင်စီ သတင်းပေးသူဟု ဆိုရသော ရာအိမ်မှူးတစ်ဦးဖမ်းဆီးခံရ

ပရိသတ်စိတ်ဝင်စားမည့် သတင်းအမှား ခေါင်းစဉ်ဖြင့် ဝင်ငွေရှာနေသော YouTube ချန်နယ်များကို သတိပြုရန်

ကင်းပုန်းဝပ်ပြီးပြန်လာသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၅ဦးသေဆုံး

ဖားကန့်တွင် ဆယ်နှစ်အောက် ကလေး ၄ဦးအပါ ပြည်သူ ၂၀ ကျော်ဖမ်းဆီးခံထားရဆဲ

လာရှိုးမြို့အနီး စစ်ကောင်စီနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ တိုက်ပွဲဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်တွန်းရွာ နှင့် ပုံမွန်ရွာကြားတွင် စက်တင်ဘာ ၂၀ ရက် ယမန်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်ခန့်က စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

နှစ်ဖက် တိုက်ပွဲဖြစ်ပွားနေစဉ် မူဆယ်ဘက်က ဆင်းလာသော ဆိုင်ကယ်၊ ကား၊ ယာဉ်ကြီး၊ ယာဉ်ငယ်အားလုံးကို နမ့်တွန်းရွာ မဝင်ခင် အဝေးပြေးလမ်းမပေါ်တွင် ဖြတ်သန်းသွားလာခွင့်မပြုပဲ စောင့်ဆိုင်းစေခဲ့သလို့ မူဆယ်ဘက်အတက် လမ်းကြောကိုလည်း တိုက်ပွဲနဲ့ လွှတ်ရာနေရာတွင် ယာယီပိတ်ထားကြောင်း သိရသည်။

“ဘာမှ မစားရသေးဘူး။ ဗိုက်ဆာနေပြီ။ ပစ်တာ နည်းနည်းတော့ ကြာပြီ။ လက်နက်ကြီးသံ တစ်ချက်တစ်ချက်ကြားရတယ် ခုဏကတော့” ဟု ခရီးသွားတစ်ဦး ပြောသည်။

တိုက်ပွဲ တစ်နာရီခန့်အကြာဖြစ်ပွားပြီးနောက် ပိတ်ဆို့နေသော ကားများပြန်လည်သွားခွင့်ရခဲ့ပြီး လားရှိုးဘက်အဆင်း နမ့်တွန်းရွာအကျော်တွင် စစ်ကောင်စီတပ်သား အင်အား ၅၀ ခန့် သွားလာနေသည်ကို တွေ့ရသည်ဟု ဒေသခံများက ဆိုသည်။

ဒေသခံများနှင့် ခရီးသွားပြည်သူများပြောဆိုချက်အရ မြောက်ပိုင်းမဟာမိတ်အဖွဲ့ နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသော်လည်း KNG အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ထို့အပြင် စက်တင်ဘာလ ၂၀ ရက် နေ့လည် ၁၂ နာရီ ၅၅ မိနစ်ခန့်ကစ မုံးကိုးမြို့ဘက်ချီတက်လာသော တင်ကားသည် နမ့်ဆူဘက်မှ ဆင်းလာနိုင်ရန် စစ်ကောင်စီက လမ်းဘေးဝဲယာ တစ်လျှောက် လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ပြီး ဆင်းလာကြောင်း ဒေသခံများ ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး မြို့နယ် နှင့် မူဆယ်မြို့နယ်များတွင် TNLA, AA, MNDAA ပူးပေါင်းတပ်ဖွဲ့၊ ကချင်လွတ်လပ်ရေးတက်မတော် KIA စသည့် တော်လှန်ရေးတပ်များနှင့် စစ်ကောက်စီ တပ်များ သည် တိုက်ပွဲ ပုံမှန်ဖြစ်ပွားနေသည်။

Bum Shep

Read Previous

သတင်းအမှောင်ကျနေဆဲ ဖားကန့်မြို့နယ်

Read Next

ကသာ တိုက်ပွဲသတင်းများ အလျင်စလို မတင်ပေးကြရန် Katha PDF အဖွဲ့ ထုတ်ပြန်

Leave a Reply

Your email address will not be published.