သတင်း

လားရှိုး သိန္နီ လမ်းမပေါ်တိုက်ပွဲမှာ စစ်ကောင်စီဘက် ၃ ဦးသေဆုံး

ရှမ်းမြောက် လားရှိုး ဟိုပိတ် နဲ့ သိန္နီ ပြည်ထောင်စု လမ်းမကြားတွင် စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၃ ဦး ကျဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း MNDAA ဘက်က သိရပါတယ်။

စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၉ နာရီခွဲကနေ ၁၀ နာရီကျော်အထိ လားရှိုး၊ ဟိုပိတ် – သိန္နီ ပြည်ထောင်စုလမ်းမ၊ ၁၁ မိုင် နှင့် ၁၂ မိုင်ကြား တိုက်ပွဲမှာ စစ်ကောင်စီဘက် အကျအဆုံးကို ကိုးကန့်ဘက်က ယနေ့ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၂၇ ရက်နေ့  နံနက် ၃ နာရီ ၄၀ မိနစ်ခန့်ကလည်း စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ကြား ၁၂ မိုင်နှင့် ၁၃ မိုင်အကြားမှာ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုထားပါတယ်။

စစ်တင်ဘာလ ၂၀ ရက်နေ့ကလည်း စစ်ကောင်စီနဲ့ အမည်မသိ တိုင်းရင်းသား တော်လှန်ရေးတပ်တို့ နမ့်တွန်းရွာအနီးမှာ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် အတက်၊ အဆင်း ယာဉ်ကြီး၊ ယာဉ်ငယ်တွေကို သွားလာခွင့် မပြုပဲ နာရီပိုင်းကြာ လမ်း ပိတ်ခဲ့တာလည်း ဖြစ်ပါတယ်။

အခု ရက်ပိုင်းတွေမှာ လားရှိုးနဲ့ သိန္နီ ကြား ကားလမ်းမပေါ်  ကြိုကြား ပစ်ခတ်တိုက်ခိုက်မှုများ ပုံမှန်ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရပါတယ်။

Show More

Related Articles

Back to top button