,

Breaking News :

အင်းတော်ရဲစခန်းမှ ပစ်ခတ်သော လက်နက်ကြီးကြောင့် နတ်မဟုတ်ကြီး သားအမိ ၄ ဦး ထိမှန်ပြီး သုံးဦး အခြေနေစိုးရိမ်ရ

ထီးချိုင့် ၉ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက် က ၃၀ ကျော်ကျဆုံး၊ စစ်ကောင်စီက ရွာ ၅ ရွာ ကို မီးရှို့

ဖားကန့်တွင် စစ်ကောင်စီအဖွဲ့ ကားလိုင်စင်များဖမ်းဆီးနေ

လုံးခင်းတွင် ဖုန်းဆိုင်တစ်ခု ဓါးပြတိုက်ခံရပြီး ငွေကျပ် သိန်း ၅၀ ဖိုးလုယူသွား

အင်ဂန်းကျေးရွာ နေအိမ်မီးလောင်ပြီး ကလေးငယ်နှင့် သက်ကြီးရွယ်အို စုစုပေါင်း ၇ ဦးသေဆုံး

ဖုန်အိန်ယာန်တွင် KIO ရွှေတူးဖော်မည့်အပေါ် ဒေသခံပြည်သူများ ကန့်ကွက်နေ

ဖားကန့်လမ်းတွင် ဒေသခံအမျိုးသား ၅၀ ဦးကို စစ်ကောင်စီဖမ်းဆီးထား

အွန်လိုင်း ငွေလိမ်လုပ်ငန်းမှာ လူကုန်ကူးခံနေရတဲ့ လူငယ်များ

နေအိမ် အလုံး ၅၀၀ ကျော်ကို KIA နှင့် PDF အဖွဲ့များ မီးရှို့ဖျက်ဆီးလိုက်သည်ဆိုသော သတင်းအမှား

အင်းတော် ရဲစခန်းရှေ့ဖြတ်သွားသည့် အသက် ၆၀ ကျော် ပြည်သူတစ်ဦး ပစ်ခတ်ဖမ်းဆီးခံရ

ထီးချိုင့်မြို့နယ် ရပ်ကျေးအုပ်ချုပ်ရေးမှူး အားလုံးနီးပါး နုတ်ထွက်

ထီးချိုင့် ဧရာဝတီမြစ်ကူးတံတား

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်အတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ တာဝန်ခံနှင့် ရာအိမ်မှူးများအားလုံးနီးပါးခန့် နုတ်ထွက်သွားပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“အမှတ် (၁) ဥက္ကဌ ဦးကျော်ထူးကို local pdf အဖွဲ့ကနေ ရှင်းလင်းပြီးတော့ သတိပေးလိုက်တဲ့ နောက်နေ့ကစပြီးထွက်ကြတာဘဲ ခုကုန်သလောက်ရှိနေပြီ” လို့ ဒေသခံတစ်ဦးက ပြောသည်။

ထီးချိုင့် မြို့နယ်တွင် ကျောက်ပေါက်ချောင်းရွာ၊ ကွမ်းဘောင်၊‌ လေသာကုန်း၊ ချိတ်သင်၊ ရေသိမ်၊ အောင်ဇေယျ၊ ကျက်သရေချောင်း ၊ ဆင်ဖြူဆိပ်၊ ဇီးသောင် ၊ ကျောက်မှော်၊ ဆပ်ကျ၊ ကွင်းကြီး၊ ပေါက်နက်၊ နီတာ၊ စစ်တန်း၊ ကမ်းနီ၊ ကြက်တကောင် ၊ ကမ်းနီ ၊ ရေဝ ၊ သခွတ်‌ချောင် ကျေးရွာအုပ်စုများအပါအဝင် ကျေးရွာပေါင်း (၁၁၉) ရွာရှိကာ ကျေးရွာအုပ်စုပေါင်း (၂၉)စု ရှိသည့်အနက် နုတ်ထွက်ခြင်းမရှိသေးသည့် ကျေးရွာ (၂)ရွာနှင့် မြို့ပေါ်ရပ်ကွက် (၁)ခုသာ ကျန်ရှိတော့ကြောင်း သိရသည်။

“ခုကျောက်အိုက်နဲ့မုတ်ဝကျန် ရွာ (၂) ရွာ ကျန်တယ်။ ကျန်တာတော့ အကုန်ထွက်ပြီ” ဟု နီးစပ်သူများက ပြောသည်။

ထီးချိုင့်မြို့နယ်တွင် Local PDF မှ ရပ်ကျေးအုပ်ချုပ်ရေးမှူးများအား ရာထူးမှ နုတ်ထွက်ကြရန် စက်တင်ဘာလ (၁၇)ရက်နေ့ ရက်စွဲဖြင့် သတိပေးထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ထီးချိုင့်မြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးများအနေဖြင့် အမှတ် (၁)အုပ်ချုပ်ရေးမှူး ကျော်ထူးကဲ့သို့ အသက်မရင်းလိုပါက အုပ်ချုပ်ရေးမှူးရာထူးမှ အမြန်နုတ်ထွက်ကြရန် သတိပေးထားသည်။

ဒေသခံများ၏ ပြောချက်အရ လက်ရှိ ထီးချိုင့်မြို့နယ်အတွင်း အုပ်ချုပ်ရေးမှူးများ နုတ်ထွက်ကုန်သည့်အတွက် စစ်ကောင်စီ၏အုပ်ချုပ်ရေးယန္တရား ပျက်စီးနေပြီဖြစ်ကြောင်း ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အချို့ဒေသများတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ သတ်ခံရမူများလည်း များစွာ ရှိနေဆဲဖြစ်သည်။

Read Previous

COVID-19 ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့ဖြင့် မေးမြန်းခြင်း

Read Next

ကုန်စျေးနှုန်းတက်မှုကြောင့် ကချင်ပြည်သူများ အခက်အခဲ ကြုံနေရ