,

Breaking News :

ယုဇန ကုမ္ပဏီထွက်ခွာပြီးနောက် မြေယာ ဦးယူပိုင်ဆိုင်ထားမှုကို KIO ပြန်လည်သိမ်းယူမည်

မြန်မာ့ကြက်သွန်နီ ကားအစီး ၅၀၀ စာခန့် တရုတ်ဘက်ပို့မရလို့ ဆုံးရှုံးမှုဖြစ်ပေါ်နေ

သိန္နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နေရာကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ဝင်စီးကာ မီးရှို့ဖျက်ဆီး

မုံးကိုးမြို့နယ်မှာ စစ်ကောင်စီ နဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွား

မိုးညှင်း KIA တပ်ရင်း ၂၆ နယ်မြေသို့ ဝင်ရောက်လာသော စစ်ကောင်စီတပ်ကို KIA တိုက်ခိုက်

စစ်ကောင်စီယာဉ်တန်းကို မိုးညှင်းအနီးတွင် KIA မိုင်းခွဲ တိုက်ခိုက်

ဥယျာဉ်ထဲက ပန်းပွင့်များ

စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် မိုးမောက်မြို့ ဘုရားကျောင်းနှင့် စစ်ရှောင်စခန်းတွင် လက်နက်ကြီးကျ

မြန်မာ – တရုတ် နယ်စပ် ကုန်သွယ်ရေး ဂိတ်ပေါက် ၂ ပေါက် စတင်ဖွင့်လှစ်

မုံးကိုးမြို့နယ်မှာ စစ်ကောင်စီက လက်နက်ကြီးဖြင့် ဆက်လက်ပစ်ခတ်နေ

KIO သည် ဓမ္မဘက်ရပ်တည်ပြီး အဓမ္မဘက် ရပ်တည်သူများမှာ အာဏာရှင်ကို ထောက်ခံနေဟု KIO ဥက္ကဋ္ဌ ဆို

KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ (Photo – Alen Yang TV)

ကချင်လွတ်လပ်ရေးအဖွဲ့  KIO အနေဖြင့် လက်ရှိနိုင်ငံရေးအခြေအနေတွင် ဓမ္မဘက်ရပ်တည်နေသလို ပြည်သူလူထုများအနေဖြင့် ဓမ္မ နှင့် အဓမ္မကိုခွဲခြင်းသိမြင်ရမှာဖြစ်ပြီး အဓမ္မဘက်ရပ်တည်သူများကို အာဏာရှင်ကို ထောက်ခံနေသူများဖြစ်ကြောင်း ယနေ့ ကျရောက်သော (၆၁) နှစ်ပြည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO အထိမ်းအမှတ်နေ့ KIO ဥက္ကဋ္ဌ မိန့်ခွန်းတွင် ဖော်ပြထားသည်။

အောက်တိုဘာ ၂၅ ရက် ယနေ့ ကျရောက်သော KIO အထိမ်းအမှတ်နေ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ၏ ကချင်ဘာသာဖြင့် စာမျက်နှာ ၆ မျက်နှာရှိသော မိန့်ခွန်းတွင် ယခုလိုထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။

အဆိုပါမိန့်ခွန်းကို KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ကိုယ်တိုင် Alen Yang TV တွင် ရုပ်သံဖြင့် ပြောကြားထားသည်။

အဆိုပါ မိန့်ခွန်းတွင် KIO အနေဖြင့် ခေတ်အဆက် မြန်မာအစိုးရများဖြင့် ဆွေးနွေးညှိနှိုင်းရန် ကြိုးပမ်းခဲ့သော်လည်း လက်မခံခဲ့ဘဲ နောက်ဆုံးတွင် နယ်ခြားစောင့်တပ်အဖြစ်သာအသွင်းပြောင်းရန် တွန်းအားပေးခဲ့ကြောင်း ဖော်ပြထားသည်။

အလားတူ လူထုအများစုထောက်ခံကာ ရွေးကောက်ပွဲအနိုင်ရပြီး အစိုးရဖြစ်လာသော NLD အစိုးရသည်လည်း တော်လှန်ရေးအဖွဲ့များ၏ တင်ပြမှုကို အရေးတယူမလုပ်ခဲ့ကြောင်း ဆိုထားသည်။ ၂၁ ရာစုပင်လုံညီလာခံသည်လည်း NLD နှင့် စစ်တပ်၏ အမိန့်ပေး မိန့်ခွန်းကို သွားရောက်နားထောင်သည့် အခြေအနေတစ်ခုသာဖြစ်ခဲ့ကြောင်း ပြောထားသည်။

စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသော လက်ရှိနိုင်ငံရေး အခြေအနေတွင် မြန်မာတစ်နိုင်ငံမှ ဖိနှိပ်ခံလူမျိုးများ၏ လွတ်မြောက်ရန်အတွက် တစ်ခါမှမရဖူးသော အခွင့်အရေးဖြစ်သည်ဟု ဆိုသည်။

ထို့ကြောင့် KIO အနေဖြင့် အာဏာရှင်ဆန့်ကျင်သော မည်သည့်အဖွဲ့အစည်းနှင့်မဆို လက်တွဲသွားမှာဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး အင်ဘန်၏ မိန့်ခွန်းတွင် ဖော်ပြထားသည်။ အလားတူ ပြည်သူလူထုအနေဖြင့်လည်း ဓမ္မနှင့် အဓမ္မကို ခွဲခြားပြီး မားမားမတ်မတ် ရပ်တည်ရမည်ဟု ဆိုသည်။

​ဖိနှိပ်ခံ ကချင်လူမျိုးများလွတ်မြောက်ရန်အတွက် ၁၉၆၀ အောက်တိုဘာ ၂၅ ရက်နေ့တွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၆၁ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ၎င်း၏ လက်နက်ကိုင်စစ်တပ် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကို ပြန်လည် ဖွဲ့စည်းခဲ့သည်။

Read Previous

ပန်ဆိုင်း မှာ ကချင်အမျိုးသမီး ၁ ဦး လက်နက်ကြီးကျည်စ ထိမှန်ပြီး ဒဏ်ရာပြင်းထန်

Read Next

တနိုင်း-ရှင်ဗွေယန် လမ်းမပေါ်  စစ်ကောင်စီတပ်ကို KIA မိုင်းခွဲ တိုက်ခိုက်

Leave a Reply

Your email address will not be published. Required fields are marked *