,

Breaking News :

ရှဒူးဇွပ် ပြည်သူ့စစ်အဖွဲ့ ထောင်ထားသော မိုင်းနင်းမိသဖြင့် ပြည်သူ ၂ ဦး ဒဏ်ရာရ

သတ်ဖြတ်မှုမကြာခဏ ဖြစ်ပွားနေသော ဖားကန့်ဒေသအကြောင်း လွှတ်တော်ကိုယ်စားလှယ်ဖြင့် မေးမြန်းခြင်း

ဆားလင်းကြီး PDF ရဲဘော် ၂ ဦးဖမ်းဆီးခံရ

ဆိပ်မူအထက်တန်းကျောင်းဝင်းတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွား၊ ထိခိုက်ပျက်စီမှုရှိ

တနိုင်းတွင် ချောင်းရေကြီးမှုကြောင့် မြို့ပေါ်ရပ်ကွက် ၃ခုတွင် ရေဝင်ရောက်မှု ကြုံတွေ့နေရ

KIO အုပ်ချုပ်နယ်မြေအချို့တွင် ငှက်ဖျားရောဂါကူးစက်မှု အဖြစ်များနေ

တိုက်ပွဲပြင်းထန်နေဆဲ အင်းတော်- ဗန်းမောက်လမ်း လုံးဝဖြတ်သန်းသွားလာခြင်း မပြုရန် အင်းတော် PDF ထုတ်ပြန်

ကသာမြို့နယ် တစ်ပတ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီ တပ်သား ၁၀၀ ကျော် သေဆုံး

ကံသစ်တိုက်ပွဲတွင် စစ်ကောင်စီတပ် ၉တန်းကျောင်းသားတစ်ဦးကို ပစ်သတ်သွား

KIA အရာရှိတစ်ဦးကို ပြည်သူ့စစ်အဖွဲ့မှ ပစ်ခတ်ဖမ်းဆီးသွား၊ သေဆုံးမှုရှိနိုင်ဟုဆို

လူမှုရေးနဲ့ ဒေသဖွံ့ဖြိုးရေးကြိုးစားနေသူ ရဝမ်လူငယ်ခေါင်းဆောင် ကိုဖီနန်ကို စစ်ကောင်စီမှ ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွား

ပူတာအိုမြို့ရှိ ရဝမ်လူငယ် ကိုဖီနန် ကို စစ်ကောင်စီတပ်မှ ဖေဖော်ဝါရီ ၈ ရက် ယမန်နေ့ ည ၁၀ နာရီဝန်းကျင်ခန့် သူ၏နေအိမ်တွင် လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

“မနေ့ည ၁၀ နာရီလောက်မှာ စစ်တပ်ဘက်က အထက်ကခေါ်ခိုင်းတယ်ဆိုပြီးတော့ အိမ်မှာလာခေါ်သွားတယ်။ ဘာအကြောင်းပြချက်မှလည်း မပြောဘူး ဒီတိုင်းဖမ်းသွားတယ်။ သူက လူမှုရေးနဲ့ ဒေသဖွံ့ဖြိုးရေးပိုင်းတွေ လုပ်ဆောင်တာကလွဲလို့ အခြားဘာမှလုပ်ဘူး။ အိမ်မှာပဲနေတယ်။ အခုကျမလည်း ကျန်မာရေး မကောင်းဘူး။ ကလေးတွေလည်း ဖျားနေတယ်။ အမြန်လွတ်စေချင်တယ်။” ဟု ကိုဖီနန်၏ အမျိုးသမီးဖြစ်သူက KNG ကို ပြောသည်။

ကိုဖီနန်သည် ပြီးခဲ့သည် ၂၀၂၁ ခုနှစ် ပူတာအိုတွင် ပထမဆုံး လူငယ် ၅ ဦးဖမ်းဆီးခံရစဉ်ပါခဲ့သူတစ်ဦးဖြစ်ပြီး လွတ်မြောက်လာချိန်ကတည်းက မိသားစုအခက်အခဲနှင့် အမျိုးသမီး၏ကျန်းမာရေး မကောင်းသောကြောင့် ပူတာအိုနေအိမ်မှာဘဲ နေထိုင်သူဖြစ်သည်ဟု သိရသည်။

ယမန်နေ့ည စစ်တပ်မှ လာရောက်ဖမ်းဆီးခဲ့စဉ် ကိုဖီနန်မှာ ကျန်းမာရေး မကောင်းသည့် အခြေအနေရှိနေသည်ဟု သိရသည်။

ထို့အပြင် ရဝမ်လူငယ် ကိုဖီနန်သည် ထောင်မှလွတ်မြောက်လာချိန်ကတည်းက သူ၏မိသားစုကိုအချိန်ပေးကာ နေထိုင်သူဖြစ်သောကြောင့် အမြန်ဆုံးလွတ်မြောက်စေချင်သည်ဟု မိသားစုဝင်များနဲ့ နီးစပ်သူတစ်ဦးက KNG ကို ယခုလို ပြောသည်။

“ဆရာဖီနန်က သူ့ကလေးတွေကို စာသင်စေဖို့ မြစ်ကြီးနားမှာ ခဏသွားနေပြီး မိန်းမကျန်းမာရေးမကောင်းတာနဲ့ ပူတာအိုပြန်လာတာဖြစ်တယ်။ မြစ်ကြီးနားမှာ နေတုန်းက ဆရာဖီနန် PDF တွေကို ထောက်ပံ့နေတယ်ဆိုပြီးတော့ စစ်တပ်ဘက်က ကျနော့်ကို တစ်ခေါက်ပြောတာလာရှိတယ်။ အဲ့တုန်းက ကျနော်တောင် မဟုတ်ဘူးလို့ ပြောလိုက်တယ်။ ကျနော့်မိတ်ဆွေဘာလုပ်တယ် ကျနော်သိတာပေါ့။ သူက ပူတာအို လူမှုရေးနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် ထဲထဲဝင်ဝင်ကြိုးစား နေ သူတစ်ဦးသာဖြစ်တယ်။ ဘာကိစ္စနဲ့ဖမ်းတယ်ဆိုတာ ကျနော်လည်း နားမလည်လောက်အောင်ဖြစ်နေတယ်။ အခုသူမိသားစု အရမ်းခက်ခဲနေတယ်။ ဒါကြောင့် ချွင်းချက်မရှိ ဒီနေ့ဆို ဒီနေ့ အမြန်ဆုံးလွတ်ပေးစေချင်ပါတယ်။”

ရဝမ်လူငယ်ခေါင်းဆောင် ကိုဖီနန်သည် ရဝမ်လူငယ် ၅ ဦးဖမ်းဆီးခံရစဉ်ပါဝင်ခဲ့ပြီး ထောင်မှလွတ်မြောက်လာရာမှ တစ်နှစ်ခန့်အကြာတွင် ယခုထပ်မံဖမ်းဆီးခံရခြင်း ဖြစ်သည်။

Read Previous

နမ့်ဖတ်ကာနဲ့ ခိုမုန်းကြား စစ်ကောင်စီတပ်နဲ့ ကိုးကန့် MNDAA တို့ တိုက်ပွဲ ဖြစ်ပွား

Read Next

ပူတာအိုတွင် စစ်ကောင်စီနှင့် KIA စစ်ရေးတင်းမာပြီး ဒေသခံများ တောထဲထွက်ပြေးနေရဆဲ

Leave a Reply

Your email address will not be published.