,

Breaking News :

ရေဦးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၅ ဦး ထိခိုက် သေဆုံးပြီး PDF ဘက်က ၃ ဦးကျဆုံးဟုဆို

ဖားကန့်တွင် လုပ်ကွက်ဟောင်းတွင်းထဲ ပြုတ်ကျသေဆုံးခဲ့သည့် မိသားစု ၃ ဦးအနက် အမျိုးသမီးဖြစ်သူ၏ ရုပ်အလောင်းပြန်တွေ့ရှိ

မြစ်ကြီးနားနဲ့ ဖားကန့် မြို့နေရာတွေမှာ စစ်ကောင်စီ စစ်ဆေးရေးပိုမိုတင်းကြပ်နေသည့်အတွက် သွားလာရေးအခက်တွေ့နေ

စစ်ကိုင်းနှင့် ထိစပ်သည့် KIA တပ်မဟာ ၈ ၊ ၉ ဒေသများတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်လာနိုင်

အသည်းနှလုံးတွေကိုဖျက်စီးသွားစေတဲ့အရာ

ပြည်သူ့ စစ်စခန်းသို့ ဝင်ရောက်စီးနင်းချိန် TNLA တပ်ဖွဲ့က ဒေသခံများကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့

ကန့်ဘလူနယ်တွင် ကျေးရွာ ၅ခု မီးရှို့ဖျက်ဆီးခံရကာ ပြည်သူ ၈ ထောင်ကျော် ထွက်ပြေးနေရ

ရွှေကူနယ်တွင် စစ်ကောင်စီတပ် ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲဖြစ်ပွာလာမည်ကို ဒေသခံများစိုးရိမ်

စစ်တပ်ထုတ်ပြန်ထားတဲ့ မာရှယ်လောဟာ တော်လှန်ရေးအင်အားစုအတွက် ဘာမှအကျိုးသက်ရောက်မှုရှိမှာမဟုတ်ဘူးလို့ တော်လှန်ရေးအင်အားစုတွေပြော

အင်းတော် Silent Strike နေ့ ဖမ်းဆီးခံရသည့် အမျိုးသားလွတ်မြောက်လာခြင်းမရှိသေး

ချန်ဟော့် ဖရဲသီး‌‌ရောင်းချသည့် အရောင်းကွင်းအား ယာယီပိတ်

မြန်မာတရုတ်နယ်စပ်ရှိ တရုတ်ဘက်ခြမ်းမှ ဝမ်တိန်မြို့၊ ချန်ဟော့်ဖရဲအရောင်းကွင်းအား ယနေ့မှစကာ ယာယီပိတ်လိုက်ပြီဖြစ်ကြောင်း နယ်စပ်ကုန်သည် လုပ်ငန်းရှင်များမှ သိရသည်။

ပိုးတွေ့လူနာများလာလို့ ဒီနေ့ကစပြီး ရွှေလီဝမ်တိန် ဒေသကို Lockdown ချပြီး စည်းကမ်း‌တွေထပ်ပြီး တင်းကြပ်လိုက်် ပြီး‌တော့ ဖရဲအရောင်းကွင်းလည်း ပိတ်လိုက်ပြီလို့ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

လုပ်ငန်းရှင်များ၏ ပြောဆိုချက်အရ ဝမ်တိန်မြို့နှင့် ရွှေလီမြို့တို့တွင်း မတ်လ ၈ရက်နေ့ တစ်ရက်တည်း ပိုးတွေ့လူနာ ၂၃ ဦးတွေ့ရှိခဲ့သည့်အတွက် ပိတ်လိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာတရုတ်နယ်စပ်ဖြစ်သည့် အဆိုပါကုန်သွယ်ရေးဇုန်နှင့် ဖရဲသီးအရောင်းကွင်းများအား ကိုဗစ်အကြောင်းပြချက်ဖြင့်  မကြာခနပိတ်နေသည့်အတွက် သစ်သီးတင်ပို့ရာတွင် ပျက်စီးဆုံးရှုံးမှုလည်းများလည်း ရှိနေကြောင်း လုပ်ငန်းရှင်များမှ သိရသည်။

မကြာခဏ ပိတ်နေတော့ မြန်မာဘက်ခြမ်းစောင့်နေတဲ့ ဖရဲ၊ သခွား အသီးကားတွေ ခန့်မှန်းခြေအစီးရေ ၅၀၀ လောက်ရှိတယ်။ အရောင်းကွင်းက ပိတ်လိုက်ဖွင့်လိုက်ဆိုတော့ ပျက်ဆုံးဆုံးရှုံးရတာ များတယ်လို့ အသီး ကုန်တင်ယာဉ်မောင်း တစ်ဦးက ပြောပါသည်။

လက်ရှိတွင် တရုတ်ဘက်ခြမ်းရောက်‌ပြီး အရောင်းကွင်းမရောက်သေးသည့် ကားအစီး‌ရေ ၂၀၀ ဝန်းကျင် ရှိနေသေးသည့်အပြင် မြန်မာဘက်မှလည်း စောင့်နေရသည့် ကားအစီးရေ ၅၀၀ ခန့်ရှိ‌နေသေးသည့်အတွက် Lockdown ကာလ ကြာမြင့်မှာကို စိုးရိမ်နေကြကြောင်း ဖရဲလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

ရွှေလီ၊ ဝမ်တိန်၊ ကျယ်ဂေါင် မြို့တွင် မတ်လ ၁ ရက်နေ့မှ မတ်လ ၈ ရက်နေ့အထိ လက္ခဏာမပြသူ အပါအဝင် ပိုးတွေ့ ၁၀၀ ကျော်ရှိကြောင်း ရွှေလီခရိုင်ကျန်းမာရေးဌာန၏  သတင်းထုတ်ပြန်ချက်အရသိရသည်။

Read Previous

လက်ပံတောကျေးရွာတွင် စစ်ရှောင်ပြည်သူ ၁၁ ဦးကို စစ်ကောင်စီသတ်ဖြတ်သွား

Read Next

ကသာနယ်တွင် အင်တာနက်ဖြတ်တောက်ပြီးနောက် စစ်အင်အားတိုးချဲ့မှုပိုမိုများပြားလာ