,

Breaking News :

ဖားကန့်တွင် ဆယ်နှစ်အောက် ကလေး ၄ဦးအပါ ပြည်သူ ၂၀ ကျော်ဖမ်းဆီးခံထားရဆဲ

စစ်အာအားအပြည့်တင်ဆောင်လာသည့် ၁၂ ဘီးကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ

မန်ခိန် အ.ထ.က ကျောင်းတွင် ဆိုင်ကယ်ခိုးမှု မကြာခဏကြုံတွေ့နေရ

မြောင်တွင် စစ်ကောင်စီ နှင့် ပျူစောထီးအဖွဲ့များတိုက်ခိုက်ခံရပြီး ၂ဦး သေဆုံး

အင်းတော်တွင် ကလေးအပါအဝင် အရပ်သား ၁၀ ဦး စစ်ကောင်စီ က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်

KIO စစ်ရှောင်စခန်းတချို့တွင် ဝမ်းပျက်ရောဂါ ခံစားနေရ

ဗန်းမောက်နယ် ၄ ရက်ကြာတိုက်ပွဲ စစ်ကောင်စီဘက် မှ အကျအဆုံးများပြီး ၆ ဦး ကို အရှင်ဖမ်းမိ

ဗန်းမော်တွင် ဖမ်းဆီးခံရသည့် ပြည်သူ ၉ ဦးအနက် ၄ ဦးတရားစွဲဆိုခံရ

ကျဆုံး ဒဏ်ရာရသော PDF များကို NUG အစိုးရမှ ကျပ် သုံးသောင်း ထောက်ပံ့ရန် ညွန်ကြားသည့် ထုတ်ပြန်ချက်အတု ပြန့်နှံနေ

မိုးတား‌လေးအနီး စစ်သင်္ဘောတိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီတပ် မှ ဒေသခံများကို ဖမ်းဆီးစစ်ဆေးနေ

စစ်ကောင်စီတပ် သင်္ဘော ၂ စီး ကသာအနီး ပစ်ခတ်ခံရ

ပုံဟောင်းအသုံးပြုထားသည်

‌စစ်ကိုင်းတိုင်း၊ ကသာဘက်သို့ ဆန်တက်လာသည့် စစ်ကောင်စီတပ် သင်္ဘော ၂ စီး ကို ယနေ့ နံနက်ပိုင်းက Katha PDF အဖွဲ့မှ ရှော့တိုက်ဒုန်း ၂လုံးဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မတ်လ ၁၄ ရက်နေ့ ယနေ့ နံနက် မန္တလေးမှ ကသာဘက်သို့ စစ်အင်အား တင်ဆောင်လာသည့် အဆိုပါသင်္ဘောကို ကသာမြို့ အောက်ဖက် ပန်းသေးရွာအနီးတွင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“ညနေ ၃ နာရီ ၁၅ မိနစ် ကသာကမ်းကို ဆိုက်လာတယ်။ အဲနောက် ၄ နာရီ၁၀ မိနစ်‌လောက်မှာ ကသာဆိပ်ကမ်းက‌နေ လူနာတင်ယာဥ် ၄ စီးနဲ့ ကသာဆေးရုံကိုမောင်းသွားတယ်။ ထိခိုက်သေဆုံးမူများနိုင်တယ်။ လူနာတင်ယာဉ်က ၄စီးတောင် ဟုတ်တယ်။ ထိခိုက်သေဆုံးတာတော့ အသေးစိတ် မသိရသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပစ်ခတ်မှုကို KATHA PDF အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ရှော့တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ်ခဲ့ရာ တစ်လုံးမှာ သဘော်အတွင်းသို့ တည့်တည့်ကျ‌ရောက်ပေါက်ကွဲသွားသည်ဟု ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့တွင်လည်း ကသာနယ်အဆုံး ရွှေကူမြို့နယ် လုတ်တိုင်းချောင်းအနီး စစ်ကောင်စီတပ်၏ စက်လှေ ၂ စီးကို မြို့လှ PDF မှ တိုက်ခိုက်ခဲ့သည်။

အလားတူ မတ်လ ၁၃ ရက်နေ့တွင်လည်း ကသာနယ်၊ ချောင်းဝရွာအနီး သင်္ဘောလုံခြုံရေးယူပေးမည့် ခြေလျင်တပ်ကို မြို့လှ PDF မှ စောင့်ကြို တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်နှင့် ကချင်ပြည်နယ် ရွှေကူမြို့နယ်တို့သည် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့ မကြာခန တိုက်ပွဲဖြစ်ပွားလေ့ရှိသည်။

Read Previous

မြစ်ဆုံဒေသ ရွှေတူးဖော်မှုများ ရပ်တန့်ပေးရေး ဒေသခံများ ဆန္ဒပြတောင်းဆို

Read Next

မြို့လှ PDF ခေါင်းဆောင်ကို  KIA ဖမ်းဆီးထားသည်ဆိုသော သတင်းအမှား

Leave a Reply

Your email address will not be published.