,

Breaking News :

ရေဦးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၅ ဦး ထိခိုက် သေဆုံးပြီး PDF ဘက်က ၃ ဦးကျဆုံးဟုဆို

ဖားကန့်တွင် လုပ်ကွက်ဟောင်းတွင်းထဲ ပြုတ်ကျသေဆုံးခဲ့သည့် မိသားစု ၃ ဦးအနက် အမျိုးသမီးဖြစ်သူ၏ ရုပ်အလောင်းပြန်တွေ့ရှိ

မြစ်ကြီးနားနဲ့ ဖားကန့် မြို့နေရာတွေမှာ စစ်ကောင်စီ စစ်ဆေးရေးပိုမိုတင်းကြပ်နေသည့်အတွက် သွားလာရေးအခက်တွေ့နေ

စစ်ကိုင်းနှင့် ထိစပ်သည့် KIA တပ်မဟာ ၈ ၊ ၉ ဒေသများတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်လာနိုင်

အသည်းနှလုံးတွေကိုဖျက်စီးသွားစေတဲ့အရာ

ပြည်သူ့ စစ်စခန်းသို့ ဝင်ရောက်စီးနင်းချိန် TNLA တပ်ဖွဲ့က ဒေသခံများကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့

ကန့်ဘလူနယ်တွင် ကျေးရွာ ၅ခု မီးရှို့ဖျက်ဆီးခံရကာ ပြည်သူ ၈ ထောင်ကျော် ထွက်ပြေးနေရ

ရွှေကူနယ်တွင် စစ်ကောင်စီတပ် ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲဖြစ်ပွာလာမည်ကို ဒေသခံများစိုးရိမ်

စစ်တပ်ထုတ်ပြန်ထားတဲ့ မာရှယ်လောဟာ တော်လှန်ရေးအင်အားစုအတွက် ဘာမှအကျိုးသက်ရောက်မှုရှိမှာမဟုတ်ဘူးလို့ တော်လှန်ရေးအင်အားစုတွေပြော

အင်းတော် Silent Strike နေ့ ဖမ်းဆီးခံရသည့် အမျိုးသားလွတ်မြောက်လာခြင်းမရှိသေး

သင်္ချိုင်းကန်တော့ရန်သွားသည့် ပန်ဆေးပြည်သူ့စစ်များ ပစ်ခတ်ခံရ၊ ပြည်သူ့စစ် ၃ ဦးသေဆုံး

သင်္ချုင်းကန်တော့ရန် သွားတဲ့ ပန်းဆေးပြည်သူ့စစ်အဖွဲ့တိုက်ခိုက်ခံရ မြင်ကွင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ့်မြို့နယ်၊ ပန်ဆေးတောင်အတက်လမ်းတွင် သင်္ချိုင်းကတော့ရန်တက်လာသည်တဲ့ ပန်ဆေးပြည်သူ့စစ်များအား TNLA တပ်မှ ပစ်ခတ်ရာ ပြည်သူ့စစ် ၃ဦးသေဆုံးကာ၊ ၅ဦးဒဏ်ဂာရရှိကြောင်း ဒေသခံများမှညသိရသည်။

ဧပြီလ ၇ ရက်နေ့ နေ့လည် ၁၁နာရီဝန်းကျင်တွင်သင်္ချိုင်းကတော့ရန်တက်လာသည့် ပြည်သူ့စစ်ကားအား TNLA တပ်မှတားဆီးရာ ရပ်ပေးခြင်းမရှိသည့်အတွက် ပစ်ခတ်ခံလိုက်ရကြောင်း ဒေသခံတစ်ဦးကပြောသည်။

“ဒီနေ့ ၁၁ နာရီကျော်မှာ ဒီ နမ့်ခမ်းအောက် ပန်ဆေးတောင် တရုတ်ပြည်သူ့စစ်/ ပန်ဆေးပြည်သူ့စစ် တရုတ်သင်္ချိုင်း သွားကတော့ဖို့ တက်လာတာကို ပလောင်တွေ တားတာ မရပ်လို့ပစ်သွားတာမှန်တယ် Confirm ဖြစ်တယ်” လို့ ဒေသခံတစ်ဦးကပြောသည်။

ဒေသခံများ၏ ပြောဆိုချက်အရ ပန်ဆေးပြည်သူ့စစ်အကြီးပိုင်းတစ်ဦး၏ အုတ်ဂူသင်္ချိုင်းသို့ ကတော့ရန်စစ်ဝတ်စုံတွေနဲ့ တက်လာခြင်းဖြစ်ကြောင်း သိရသည်။
“ပန်ဆေးပြည်သူ့စစ် အကြီးပိုင်းတစ်ယောက်ယောက်ရဲ့သင်္ချိုင်းနေမှာပါ သူတို့က စစ်ဝတ်စုံနဲ့တက်လာကြတာဟုတ်တယ် ” လို့ ဒေသခံတစ်ဦးကပြောသည်။

ပြည်သူ့စစ်ဘက်မှ ဒဏ်ရာရရှိသူ ၅ ဦး ရှိပြီး ၎င်းတို့ရဲ့ စစ်အသုံးအဆောင် ပစ္စည်းများလည်းအားလုံး ချွတ်ယူသိမ်းဆည်းခံလိုက်ရကြောင်း သိရသည်။

လက်ရှိကာလသည် တရုတ်ရိုးရာသင်္ချိုင်းကတော့ ချိန်ဖြစ်သောကြောင့် ပြည်သူ့စစ်အကြီးပိုင်း၏ အုတ်ဂူများတွင် သင်္ချိုင်းကတော့ပွဲများ ပြုလုပ်နေကြကြောင်း တရုတ်နယ်စပ်ဒေသခံတစ်ဦးကပြောသည်။

Read Previous

ဖားကန့် ကျောက်စိမ်းလုပ်ကွက်ပေါက်ကွဲမှုတွင် ဝန်ထမ်း ၅ ဦး ဒဏ်ရာရ

Read Next

ပင်လည်ဘူးတွင် စစ်ကောင်စီတပ်မှ ဂျက်လေယာဉ်ဖြင့် ဗုံးကျဲသဖြင့် နေအိမ်များ မီးလောင်