သတင်း

ဘုရားစင် ဖယောင်းတိုင် မီးကြောင့် လူနေအိမ်နှစ်လုံး မီးလောင်

တနိုင်းမြို့ ဆွတ်ငိုင်ရပ်ကွက် လူနေအိမ်တစ်လုံးတွင် ဘုရားစင်၌ ထွန်းညှိထားသည့် ဖယောင်းတိုင်မီးကြောင့် လူနေအိမ်နှစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဖြစ်စဥ်မှာ ဧပြီ ၁၂ ရက်နေ့ မနက်ပိုင်းက ဆွတ်ငိုင်ရပ်ကွက် နေအိမ်အတွင်း ဘုရားစင်ပေါ်၌ ဖယောင်းတိုင် မီးထွန်းညှိထားရာ မီးစတင်လောင်ကျွမ်းခဲ့သည်ဟု ဖြစ်စဉ်အနီးတွင်နေထိုင်သူတစ်ဦးက KNG ကိုပြောသည်။

“မနက်ပိုင်းမှာလောင်မီးတာ သူတို့မနက်ပိုင်း ဘုရားရှိခိုးဖို့ဘုရားစင်မှာဖယောင်တိုင်မီး ထွန်းထားတာ အဲ့တာပြန်မငြိမ်သတ်ဘူးဒီတိုင်းထွန်းထားတာကနေမီးလောင်သွားတာ။ အိမ်ကြီးကနေမီးစလောင်တာ”ဟု အနီးဝန်းကျင်တွင်နေထိုင်သည့်အမျိူးသားတစ်ဦးက ပြောသည်။

ယင်း မီးလောင်မှုကြောင့် နှစ်ထပ်တိုက်အိမ် တစ်လုံးနှင့် သွပ်မိုး ပျဥ်ခင်းလူနေအိမ် တစ်လုံးမီးလောင်ဆုံးရှူံးခဲ့ကြောင်းသိရသည်။

မီးလောင်ဆုံးရှုံးလိုက်ရသည့် နေအိမ်သည် ဆွတ်ငိုင်ရပ်ကွက် မှ ဦးထွန်းဝင်း ၏နေအိမ်ဖြစ်ကြောင်းသိရသည်။

Show More

Related Articles

Back to top button