သတင်း

မန်ခိန်ရပ်ကွက် နေအိမ်တစ်အိမ်တွင် ရပ်ထားသည့် သုံးဘီးတစ်စီး အခိုးခံရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်၊ အုပ်စု (၅) အပိုင်းရှိ နေအိမ်၌ ရပ်ထားသည့် သုံးဘီးတစ်စီး ယနေ့နံနက် အစောပိုင်းတွင် အခိုးခံရ‌ မိသားစုများမှ သိရသည်။

“အိမ်ဘေးသံစကာကို ညှပ်ပြီးမှဝင်လာတာ ဝင်လာပြီးမှ အိမ်ရှေ့ခြံဝင်းသော့ကိုရိုက်ဖွင့်ပြီးမှယူသွားတာ သိတာကတော့ မနက်ကျမှသိတယ် ဘယ်ချိန်ခိုးသွားမှန်းမသိဘူး” ဟု သုံးဘီးပိုင်ရှင် အမျိုးသမီးက ဆိုသည်။

သုံးဘီး၏ တန်ဖိုးမှာ ကျပ်သိန်း ၅၀ ရှိပြီး ဝယ်ယူထားတာ မကြာသေးကြောင်း လက်ရှိတွင် သက်ဆိုင်ရာ ရဲစခန်းများကို တိုင်ကြားတာမျိုး မရှိပဲ မိမိဘာသာ ရှာဖွေနေကြပြီး တစ်ပတ်ရစ် second ရောင်းတဲ့ဆိုင်များကိုလည်း အကြောင်းကြားထားသည် ဟု သူမက ဆက်ပြောသည်။

“သတိထားပြီးနေကြပါ။ ပိုပြီးသတိထားရင်ကောင်းတယ် မရှိမဲ့ရှိမဲ့စုပြီးမှဝယ်ထားတာ အရမ်းသတိထားစေချင်တယ်” ဟု သူမက တိုက်တွန်းထားသည်။

မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက် အုပ်စု(၅) အပိုင်းတွင် လွန်ခဲ့သည့်နှစ်ရက် အင်္ဂါနေ့ မနက်ပိုင်း လူအိပ်ချိန်မှာပဲ ထိုဖြစ်စဥ်နှင့် ဆင်တူသည့် နေအိမ်တစ်အိမ်မှ ဆိုင်ကယ်တစ်စီး အခိုးခံရမှုဖြစ်ပွားခဲ့သေးသည်။

အာဏာသိမ်းပြီးနောက် မြစ်ကြီးနားမြို့တွင် ခိုးဆိုး လုနိုက်ပိုများလာကြောင်း ဒေသခံများ ပြောသည်။

Show More

Related Articles

Back to top button