သတင်း

စစ်တပ်ဝါဒဖြန့် MRTV မိုဘိုင်းအက်ပလီကေးရှင်းကို Apple store နှင့် Google playstore တို့မှ ဖယ်ရှားခံရ

စစ်ကောင်စီတပ်၏ MRTV မိုဘိုင်းအက်ပလီကေးရှင်းကို အွန်လိုင်းပေါ်တင်ပြီး တစ်ရက်အကြာမှာ Apple ကုမ္ပဏီ App store နှင့် Google playstore တို့မှ ဖြုတ်ချလိုက်ပြီဖြစ်သည်ဟု Justice for Myanmar က မေလ ၆ ရက်နေ့တွင် ဖော်ပြထား သည်။

နေပြည်တော်တွင် မေလ ၄ ရက်နေ့ အခမ်းအနားဖြင့် ဖွင့်လှစ်ခဲ့သည့် စစ်ကောင်စီ၏ အပလီကေးရှင်ကို Apps Web Social ကုမ္ပဏီ အနေဖြင့် store နှစ်ခုစလုံးမှ အလျင်အမြန်ဖယ်ရှားမှုအပေါ်ကြိုဆိုပါသည်ဟု Justice for Myanmar ကဆိုသည်။

အက်ပလီကေးရှင်း ရေးသားထုတ်ပြန်သည့် အမေရိကန်ကုမ္ပဏီ Apps Web Social LLC ၏ နာမည်ကို Justice for Myanmar က ဖော်ထုတ်ပြောကြားပြီးနောက် ကုမ္ပဏီက ယင်းအက်ပလီကေးရှင်းများကို ဖြုတ်ချခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီက မြန်မာပြည်သူများအပေါ် ၎င်းတို့၏ စိတ်ဓါတ်စစ်ဆင်ရေးအစီအစဉ်၏ တစိတ်တပိုင်းအဖြစ် သတင်းမှားများနှင့် အမုန်းစကားများ ဖြန့်ဝေရန်အတွက် ယင်းအက်ပလီကေးရှင်းကိုအသုံးပြုသည်ဟု ထုတ်ပြန်ထား သည်။

Apple ကုမ္ပဏီနှင့် Google ၏ မိခင်ကုမ္ပဏီဖြစ်သည့် Alphabet တို့အနေဖြင့် စစ်ကောင်စီတို့၏ ပလက်ဖောင်းများနှင့် ၎င်းတို့ ထိန်းချုပ်ထားသည့် အဖွဲ့အစည်းအားလုံးကို တားဆီးပိတ်ပင်ရန် Justice for Myanmar က ထပ်မံတောင်းဆို ထားသည်။

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်တွင်လည်း စစ်တပ်ထုတ်ကုန်များဖြစ်သည့် မြန်မာဘီယာ၊ ဒဂုံဘီယာ၊ အေဘီစီဘီယာ၊ စတဲ့ထုတ်ကုန်များကို ရောင်းဝယ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းများ မလုပ်ရန် ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ယခုနှစ်ဆန်းပိုင်းက စတင်ပြီး ပိတ်ပင်ခဲ့သည်။

Show More

Related Articles

Back to top button