သတင်း

တနိုင်း-ရှင်ဗွေယန်ကြား ကန့်သတ်ချိန် ကျော်လွန်မောင်းသည့် ကားနှစ်စီး ထမ်မံ မီးရှို့ဖျက်ဆီးခံရ

တနိုင်း-ရှင်ဗွေယန်လမ်းပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ ကန့်သတ်ထားသောအချိန် ကျော်လွန်မောင်းနှင်လာသည့် ကားနှစ်စီး မေလ ၁၈ ရက်နေ့ ညက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

တနိုင်းမြို့နယ်တွင် KIA က ဒေသလုံခြုံရေးအရ နံနက် ၆နာရီမှ ညခြောက်နာရီထိသာ ခရီးသွားကားများကို ဖြတ်သန်းခွင့်ပြုထားပြီး ယင်းကန့်သတ်ချိန်ကို ကျော်လွန်မောင်းနှင်လာသောကြောင့် ကုန်တင်လာသည့် အိမ်းစီးကားနှစ်စီးကို ယမန်နေ့က ထပ်မံ မီးရှို့ဖျက်ဆီးခံလိုက်ရခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ခဲ့သူတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။

“ကားကတော့ နှစ်စီးစလုံး ခွေးဘီလူးကားပုံစံမျိုး ကားကြီးတော့မဟုတ်ဘူး။ ဝက်တွေတင်လာတဲ့ကားလို့သိရတယ်။ ဒီတစ်ခေါက်ရှို့ခံရတာက လဂျားဘွမ်ကျော် လဂျားဘွမ်နှင့် ရှင်လုံဂါးကြားမှာရှို့ခံရတာ အဲ့လမ်းပိုင်းက ခြောက်နာရီ ထိပဲ ကန့်သတ်ထားတာ ခြောက်နာရီကျော်မှာ မောင်းလာလို့ ရှို့ခံရတာ” ဟု ယင်းလမ်းပိုင်းတွင် မောင်းနင်နေသည့် ကားသမားတစ်ဦးက ပြောသည်။

မီးရှို့ခံရသော ကားမှာ ဒိုင်နာ အမျိုးအစားဖြစ်ပြီး တနိုင်းဘက်မှ ရှင်ဗွေယန်ဘက်သို့ ဝက်သွား ပို့၍ အပြန်တွင် ကန့်သတ်ချိန်ကျော်လွန်သောကြောင့မီးရှို့ခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်းများကိုမှု တစ်စုံတစ်ရာ ထိခိုက်ပြုမှုခြင်းမရှိပဲ ပြန်လွတ်ပေးခဲ့ကြောင်း သိရသည်။

ယင်းလမ်းပိုင်းတွင် လွန်ခဲ့သည့် မေလ ၁၀ ရက်နေ့ကလည်း ကန့်သတ်ချိန်ကျော်လွန်ပြီး မောင်းနှင်လာသည့် သုံးဘီးကား ၃ စီးကို သတိပေးသည့်အနေဖြင့် KIA က တခက်ကျေးရွာအနီးတွင် မီးရှို့ဖျက်ဆီးခဲ့ဖူးပြီး ယခုတစ်ကြိမ် သည် ဒုတိယအကြိမ်ဖြစ်သည်။

Show More

Related Articles

Back to top button