သတင်း

ဆန်းကြွယ် ကျေးရွာတွင် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆန်းကြွယ်ကျေးရွာတွင် ပျူစောထီး ယူဆရသူ အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံးသွားကြောင်း ဒေသခံများထံ မှသိရသည်။

ယနေ့ မတ် ၂၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဖြစ်ပွားခဲ့ပြီး ယင်းအမျိုးသားမှာ နေအိမ်တွင်းရှိနေစဥ် လက်နက်ကိုင်ဆောင်ထားသည့် အမည်မသိလူတစ်စုမှ ပစ်ခတ်သွားကြောင်း ဆန်းကြွယ်ကျေးရွာ နေအမျိုးသားတစ်ဦးက KNG သတင်းဌာနသို့ဆိုသည်။

“သူ့အသက်က ၆၀ ဝန်းကျင် လူနာမည်ကတော့ဦးလူမော်တဲ့ မနက် ၁၀ နာရီခွဲလောက် နေအိမ်မှာသေနတ်နဲ့ သုံးချက်ဝင်ပစ်သွားတာ”ဟု ဆန်းကြွယ်ကျေးရွာ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ သေဆုံးသူအမျိုးသား၏ နေအိမ်တွင် စစ်ကောင်စီ ရဲ၊ စစ်သားနဲ့ရပ်ကျေးတာဝန်ရှိသူများက လာရောက်စစ် ဆေးနေကြောင်းလည်း သိရသည်။

“ပြည်သူတွေပြောနေကြတာတော့ သူက ပျူစောထီးလို့ပြောတယ် ပျူစောထီးမလို့ ရှင်းလိုက်တာတဲ့”ဟု အခြားဒေသခံတစ်ဦးက ပြောသည်။

ဦးလူမော် သေနတ်ပစ်သတ်ခံရမှုသည် မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သွားသည်ကို KNG သတင်းဌာနက သီးခြား အတည်မပြုနိုင်သေးပေ။

ဆန်းကြွယ်ကျေးရွာတွင် လွန်ခဲ့သည့် ၂၀၂၁ ခုနှစ် မေလ ၁၀ရက်နေ့ကလည်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်မောင်လည်း နေအိမ်တွင် သေနတ်ပစ်ခံရ၍ သေဆုံးခဲ့သည်။

Show More

Related Articles

Back to top button