,

Breaking News :

အင်းတော်ရဲစခန်းမှ ပစ်ခတ်သော လက်နက်ကြီးကြောင့် နတ်မဟုတ်ကြီး သားအမိ ၄ ဦး ထိမှန်ပြီး သုံးဦး အခြေနေစိုးရိမ်ရ

ထီးချိုင့် ၉ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက် က ၃၀ ကျော်ကျဆုံး၊ စစ်ကောင်စီက ရွာ ၅ ရွာ ကို မီးရှို့

ဖားကန့်တွင် စစ်ကောင်စီအဖွဲ့ ကားလိုင်စင်များဖမ်းဆီးနေ

လုံးခင်းတွင် ဖုန်းဆိုင်တစ်ခု ဓါးပြတိုက်ခံရပြီး ငွေကျပ် သိန်း ၅၀ ဖိုးလုယူသွား

အင်ဂန်းကျေးရွာ နေအိမ်မီးလောင်ပြီး ကလေးငယ်နှင့် သက်ကြီးရွယ်အို စုစုပေါင်း ၇ ဦးသေဆုံး

ဖုန်အိန်ယာန်တွင် KIO ရွှေတူးဖော်မည့်အပေါ် ဒေသခံပြည်သူများ ကန့်ကွက်နေ

ဖားကန့်လမ်းတွင် ဒေသခံအမျိုးသား ၅၀ ဦးကို စစ်ကောင်စီဖမ်းဆီးထား

အွန်လိုင်း ငွေလိမ်လုပ်ငန်းမှာ လူကုန်ကူးခံနေရတဲ့ လူငယ်များ

နေအိမ် အလုံး ၅၀၀ ကျော်ကို KIA နှင့် PDF အဖွဲ့များ မီးရှို့ဖျက်ဆီးလိုက်သည်ဆိုသော သတင်းအမှား

အင်းတော် ရဲစခန်းရှေ့ဖြတ်သွားသည့် အသက် ၆၀ ကျော် ပြည်သူတစ်ဦး ပစ်ခတ်ဖမ်းဆီးခံရ

လားရှိုး-မြစ်ကြီးနား ခရီးသည်ယာဉ်ပေါ်တွင် စိတ်ကြွဆေးပြားနှင့် ဘိန်းဖြူများ ဖမ်းဆီးရမိ

ဂျိန်းဖော့သူ ကားဂိတ် Photo – CJ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန့်စီးအောင်ပူးပေါင်းရေးဂိတ်တွင် ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့ လားရှိုးမှ မြစ်ကြီးနားသို့ ပြေးဆွဲနေသည့် ဂျိမ်းဖော့သူခရီးသည်ယာဉ် ပေါ်တွင် စိတ်ကြွဆေးပြားနှင့် ဘိန်းဖြူများ ဖမ်းဆီးရမိကြောင်း ကချင်ပြည်နယ် ပုဂ္ဂလိကယာဉ်များ ကြီးကြပ်ရေးကော်မတီ တာဝန်ရှိသူတစ်ဦး ထံမှ သတင်းရရှိသည်။

မူးယစ်ဆေးဝါး တန်ဖိုးမှာ ကာလပေါက်စျေး မြန်မာငွေကျပ် ၃၇၂ သိန်းခန့်ရှိပြီး မိုးညှင်းမြို့နယ် နမ့်စီးအောင် ပူးပေါင်းရေးဂိတ်တွင် စစ်ဆေးရှာဖွေရာမှ အဖြူရောင်ပီနံအိတ် ၂ အိတ် အနက်အိတ်တစ်အိတ်အတွင်းမှ လက်ဖက်ခြောက်များနှင့် ရောနှောကာ ဖမ်းဆီးရမိသည်ဟု သိရသည်။

“ကော်မတီက အရေးယူတာမျိုးတော့ မရှိပါဘူး။ ဒါက ရဲပိုင်းနဲ့ ဆိုင်တာပေါ့။ ကျနော်တို့ကတော့ ဘာမှမလုပ်ပါဘူး ပုံမှန်အတိုင်းတော့ပြေးဆွဲခိုင်းတယ်။ ကိုယ်ဖြစ်ကိုယ်ပေါ့ သူတို့အမူပြီးအောင်ရင်ဆိုင်ပေါ့ သူတို့အပိုင်းတွေပေါ့ ရဲတို့ဘာတို့ နန်စီးအောင်မိုးညှင်းပိုင်းအလိုက်ပေါ။ ကျနော်တို့ဘက်ကတော့ ဘာမှညွှန်ကြားချက်မထုတ်ပါဘူး” ဟု ပြောဆိုသည်။

ထို့အပြင်အဆိုပါ မူးယစ်ဆေးဝါးကို ပါဆယ်တင်ပေးလိုက်သူကို ဖမ်းဆီးရမိပြီဖြစ်ပြီး မူးယစ်ဆေးပိုင်ရှင်သည် ပြင်ဦးလွင်မြို့မှ ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ် တစ်ဝှမ်းတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပြီးနောက်ပိုင်း မူးယစ်ယစ်ဆေးဝါးသုံးစွဲသူ များပြားလာနေပြီး ဒုစရိုက်မူများ မကြာခဏ ဖြစ်ပွားလျှက်ရှိနေသည်။

ပြီးခဲ့သည့် ဧပြီလ ၆ ရက်နေ့တွင်လည်း မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်တွင် မြန်မာငွေကျပ်သိန်း ၆၂၀၀ ကျော် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ သည်။

Read Previous

မိုးတွင်းဝင်လာချိန် လိုင်ဇာမြို့တွင် ငှက်ဖျားကူးစက်သူများလာ

Read Next

မိုးညှင်း-နမ့်စီးအောင် ကြားရှိ စစ်တပ် စစ်ဆေးရေးဂိတ် အားလုံး ပြန်ရုပ်သိမ်း