သတင်း

ဖားကန့်တွင် ရေမဆေးသမားတစ်ဦး သံတိုင်ဖြင့် ထိုးသတ်ခံရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဖားပြင်ကျေးရွာတွင် ယမန်နေ့က ရေမဆေးကျောက်ရှာသူ အမျိုးသားတစ်ဦး သံတိုင်ဖြင့် ထိုးသတ်ခံလိုက်ရကြောင်း ဒေသခံများထံ မှ စုံစမ်းသိရှိရသည်။

ဖြစ်စဉ်သည် ယမန်နေ့ ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်း ၉ နာရီအချိန်တွင် ဖားပြင်ကျေးရွာအနီးရှိ မြေစာပုံဟောင်းတစ်ခုအနီးတွင် ရေမဆေးကျောက်ရှာသူ အချင်းချင်း လူမှုရေးကိစ္စကြောင့် စကားများရာမှ အခုလို ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းဖားကန့်ဒေသခံတစ်ဦးက KNG သို့ပြောသည်။

“သူတို့ကမြေစာပုံမှာ တဲစောင့်ရင်းနဲ့ စကားများကြရင်းနဲ့ဖြစ်တာတဲ့။ မြေစာပုံမှာတဲထိုးတဲ့ကိစ္စတွေနဲ့အချင်းချင်းစကားများထိုးကြရင်းနဲ့ဖြစ်တာ တံတိုင်နဲ့ထိုးခံရတာ”ဟု ဒေသခံတစ်ဦးကပြောသည်။

အသတ်ခံလိုက်ရသည့် အမျိုးသားမှာ ဦးသန့်ဇင်ဝင်း အသက် (၃၇)နှစ် ဖားပြင်ကျေးရွာတွင်နေထိုင်သူဖြစ်ပြီး ပြစ်မှုကျူးလွန်သူကိုလည်း အမှုဖွင့်အရေးယူနိုင်ရန် တာဝန်ရှိသူများက ဆောင်ရွက်နေကြောင်းသိရသည်။

ဖားကန့်မြို့နယ်အတွင်းတွင် ယခုရက်ပိုင်း လူသတ်မှု မကြာခဏ ဖြစ်ပွားလျက်ရှိပြီး ဇွန်လ ၂ရက်နေ့က နတ်မော်ကျေးရွာအုပ်ချုပ်ရေးမှူး အသတ်ခံရပြီး ဇွန်လ ၁ ရက်နေ့ကလည်း မက်လင်ချောင်ကျေးရွာအုပ်ချုပ်ရေးမှူးအပါ ၎င်း၏ ဆွေမျိုးတော်စပ်သူ ၃ ဦး စုစုပေါင်းလေးဦး အသတ်ခံခဲ့ရသည်။

Show More

Related Articles

Back to top button