သတင်း

ကချင်တွင် မေလအတွင်း ကိုဗစ် ကူးစက်သူ မရှိသလောက်နည်းပါးခဲ့ကြောင်း စစ်ကောင်စီ ကျန်းမာရေးဌာန ဖော်ပြထား

ကချင်ပြည်နယ်တွင် ယခုနှစ် ဇန်နဝါရီလ မှ ဧပြီလအထိ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ အသင့်သင့်ရှိခဲ့သော်လည်း မေလတွင်မူ ကူးစက်သူ နှင့် သေဆုံးသူ မရှိသလောက်နည်းပါးခဲ့ကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာန စာရင်းများအရ လေ့လာတွေ့ရှိရသည်။

ကချင်ပြည်နယ် မြို့နယ်ပေါင်း ၁၈ မြို့နယ်တွင် ဇန်နဝါရီလ မှ ဧပြီလထိ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်သူ စုစုပေါင်း ၆၀၅၇ ဦး နှင့် သေဆုံးသူ ၆ ဦး ထိရှိခဲ့သော်လည်း မေလ တစ်လလုံး၌ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူမှာ မြစ်ကြီးနားမြို့နယ်တွင် ၂ ဦးသာ ထပ်တိုးခဲ့ကြောင်း ဖော်ပြထားသည်။

သို့သော် အဆိုပါစာရင်းများသည် စစ်တပ်အောက် ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းတစ်ခုသာဖြစ်ပြီး လက်ရှိ နိုင်ငံရေးအခြေအနေကြား မြို့နယ်ရပ်ကွက်အတွင်းရှိ လူမှုကူညီရေးအသင်းများ၏ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူနှင့် သေဆုံးသူ စာရင်းများကို ထည့်သွင်းထားခြင်းမရှိကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ချက်အရ ဇန်နဝါရီလမှ မေလ အထိ မြစ်ကြီးနားမြို့နယ်တွင် ပိုးကူးစက်ခံရသူ (၂၀၁၂) ဦးနှင့် သေဆုံး (၂) ဦး ၊ ဝိုင်းမော်မြို့နယ်တွင် ကူးစက်ခံရသူ (၅၀၀) ဦးနှင့် သေဆုံး (၂) ဦး ၊ ချီဖွေမြို့နယ်တွင် ပိုးတွေ့လူနာ (၁၄၃) ဦး နှင့် သေဆုံး မရှိ ၊ တနိုင်းမြို့နယ်တွင် (၁၅၆) ဦးနှင့် သေဆုံး (၁) ဦး ၊ ဆော့လော်မြို့နယ်တွင် ပိုးတွေ့ (၁၉) ဦးနှင့် သေဆုံးမရှိ စသဖြင့် စုစုပေါင်း ပိုးတွေ့လူနာ (၂၈၂၈) ဦး နှင့် သေဆုံးသူ စုစုပေါင်း (၅) ဦး ရှိခဲ့သည်။

ဗန်မော်ခရိုင်ရှိ ကိုဗစ်ရောဂါဓာတ်ခွဲအတည်ပြုလူနာများမှာ ဗန်မော်မြို့နယ်တွင် (၈၆၆) ဦးနှင့် သေဆုံးမရှိ ၊ မိုးမောက်မြို့နယ်တွင် (၁၇၈) ဦးနှင့် သေဆုံးမရှိ ၊ မံစီမြို့နယ်တွင် (၁၂၄) ဦးနှင့် သေဆုံးမရှိ ၊ ရွှေကူမြို့နယ်တွင် (၁၁၉) ဦးနှင့် သေဆုံးမရှိ စုစုပေါင်း ပိုးတွေ့လူနာ (၁၂၈၇) ဦး ရှိသည်။

မိုးညှင်းခရိုင်ရှိ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာများမှာ မိုးညှင်းမြို့နယ်တွင် (၅၅၄) ဦးနှင့် သေဆုံးမရှိ ၊ မိုးကောင်းမြို့နယ်တွင် (၁၆၁) ဦးနှင့် သေဆုံး (၁) ဦး ၊ ဖားကန့်မြိုနယ်တွင် (၄၃၃) ဦးနှင့် သေဆုံးမရှိ ပိုးတွေ့လူနာ စုစုပေါင်း (၁၁၄၈) ဦးနှင့် သေဆုံးသူ စုစုပေါင်း (၁) ဦး ရှိသည်။

ပူတာအိုခရိုင်ရှိ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများမှာ ပူတာအိုမြို့နယ်တွင် (၅၀၆) ဦးနှင့် သေဆုံးမရှိ ၊ မချမ်းဘောမြို့နယ်တွင် (၁၀၉) ဦးနှင့် သေဆုံးမရှိ ၊ နောင်မွန်းမြို့နယ်တွင် (၇၀) ဦးနှင့် သေဆုံးမရှိ ၊ ခေါင်လန်ဖူးမြို့နယ်တွင် (၁၄) ဦးနှင့် သေဆုံးမရှိ ၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် ၉၅ ဦးနှင့် သေဆုံးမရှိ စုစုပေါင်း ရောဂါကူးစက်ခံရသူ (၇၉၄) ဦး ရှိသည်။

မြန်မာနိုင်ငံတွင် SARS-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးတွေ့ရှိသူ ဦးရေ စုစုပေါင်း (၃၂၀)ဦးထိ ရှိနေပြီး မတ်လ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြည်မနိုင်ငံများမှ ကယ်ဆယ်ရေးလေယာဉ် (Relief Flight) များဖြင့် ဝင်ရောက်လာသူများမှ အိုမီခရွန်-Omicron မျိုးခွဲသစ် BA.2 ကူးစက်ခံရသူ (၃၁) ဦး ရှိပြီဖြစ်သည်။

Show More

Related Articles

Back to top button