,

Breaking News :

အောင်ဟိန်းမင်း ဦးဆောင်သည့် PDF အဖွဲ့မှ ပိုက်ဆံလုယက်သည် ဆိုပြီး သတင်းအမှားဖြန့်

KIO နယ်မြေမှာဖွင့်လှစ်တဲ့ Kachin State Comprehensive University (KSCU)

မိုးညှင်း နှင့် မော်ဟန်ကြားတွင် စစ်ကောင်စီတပ်မှ ခရီးသွားယာဉ်များကို စစ်ဆေးနေ

ဗန်းမော်တွင် မီတာကြေးမဆောင်သည့် နေအိမ်များမှ မီတာဘောက်များ စစ်ကောင်စီအဖွဲ့ လိုက်လံဖြုတ်သိမ်းနေ

စစ်ကောင်စီတပ်၏ စက်လှေ ၄စီးပစ်ခံရပြီး မိုးစစ်ရွာမှ ကလေးငယ် ၅ဦးခန့် ထိခိုက် သေဆုံးမှုရှိ

ထီးချိုင့်နယ် ငွေကြေးကောက်ခံနေသည့် စစ်တပ်ဂိတ်တစ်ခု မိုင်းဆွဲတိုက်ခိုက်ခံရပြီး တပ်သား ၃ဦးခန့်သေဆုံးဟုဆို

မင်းကင်းနယ်ရှိ စစ်တပ်ဂိတ်စခန်းတစ်ခုတိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ၊ လက်နက်ခဲယမ်းတစ်ချို့သိမ်းဆည်းရရှိ

နန့်ယား ပြည်သူ့စစ်ခေါင်းဆောင် သတ်ခံရပြီးနောက် နန့်ယားကျေးရွာတွင် စစ်ဆေးရေးပိုမိုတင်းကြပ်ထား

မြစ်ကြီးနားတွင် စစ်ကောင်စီအဖွဲ့ ကင်းပုန်းချ ဖမ်းဆီးမှုလုပ်ဆောင်နေ၊ တစ်ရက်အတွင်း လူငယ် ၂ဦး ဖမ်းဆီးခံရ

ငွေသာကျေးရွာ မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကျင်းပနေသည့် လူစုလူဝေးဘက် စစ်တပ်လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ ၃ဦးကျည်စထိမှန်

ဖားကန့် စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျည်ထိမှန်ခဲ့သော ကားတစ်စီး

ဖားကန့်မြို့ လုံးခင်အုပ်စု မှော်ပုံ မဒဲ့ယာန်ကျေးရွာတွင် ယနေ့ ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၇၇) နှစ်ပြည့် မွေးနေ့ကျင်းပနေချိန် စစ်တပ်မှ လက်နက်ကြီးပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၃ဦး ကျည်စထိမှန်ခဲ့ကြောင်း သိရသည်။

ယနေ့ နေ့လည် ၁၂ နာရီဝန်းကျင် လုံးခင်အုပ်စု ပြည်သူများ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကျင်းပနေချိန် ဖားကန့်အချုပ်ထောင်ဘက်မှ သပိတ်ကျင်းပနေသည့်ဘက်သို့ လက်နက်ကြီး ၂ချက် ပစ်ခတ်ခဲ့သည့်အတွက်ပြည်သူ ၃ဦး ကျည်စထိမှန်ခဲ့သည်ဟု သပိတ်ဦးဆောင်သူတစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။

“ကျနော်တို့ မွေးနေ့နဲ့ စစ်အာဏာဆန့်ကျင်တဲ့ သပိတ်လုပ်နေတဲ့နေရာ အချုပ်ထောင်က ဟိုဘက် ဒီဘက်ဟုတ်တယ် သပိတ်လုပ်နေတဲ့ချိန် ပစ်ထည့်လာတာ ခုထိတာက သပိတ်မှာပါတဲ့သူတော့ မဟုတ်ဘူး။ ဘေးနားမှာရှိတဲ့ အိမ်ထဲမှာနေတဲ့သူတွေ ၃ယောက်ထိသွားတယ် ‌အခြေနေကတော့ စိုးရိမ်စရာမလိုဘူး” ဟုပြောဆိုသည်။

လက်နက်ကြီးကျည်စထိမှန်သူ ၃ ဦးမှာ အမျိုးသမီး ၂ ဦး အမျိုးသား ၁ ဦးဖြစ်ကာ ပေါင်၊ လက်မောင်း၊ ခြေထောက်တို့တွင် ထိမှန်ခဲ့သည်ဟုသိရသည်။

ထို့ပြင် လက်နက်ကြီးကျည်စ ထိမှန်သည့်အတွက် အနီးပတ်ဝန်းကျင်နေအိမ်မှ ကားတစ်စီး မှန်ကွဲသွားသည့်အပြင် နေအိမ်အချို့သို့ ကျည်စထိမှန်မူများရှိခဲ့ကြောင်းသိရသည်။

ယင်းကဲ့သို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သော်လည်း လုံးခင်းအုပ်စုပြည်သူများသည် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၇၇) နှစ်ပြည့်မွေးနေ့အား အောင်မြင်စွာ ကျင်းပခဲ့ကြကြောင်း သိရသည်။

“လက်နက်ကြီး ပစ်နေလဲ ကျနော်တို့တော့ သပိတ်အောင်မြင်အောင် လုပ်ခဲ့တယ်။ ပြောချင်တာကဘယ်လောက်ပဲခြောက်ခြောက် မကြောက်ဘူး ဆိုတာပါပဲတော်လှန်ရေး အင်အားစုတွေအနေနဲ့ လုပ်စရာရှိတာဆက်၍လုပ်ဆောင်သွားကြမယ်”ဟုလုံးခင်းသပိတ်ဦးဆောင်သူက ပြောသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့ လုံးခင်းအုပ်စုပြည်သူများသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ ယနေ့ချိန်ထိ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်သည့် သပိတ်စစ်ကြောင်းလုပ်ဆောင်နေဆဲဖြစ်သည်။

Read Previous

ပူတာအိုမှ ထောက်ပို့ဆင်းလာသော စစ်ယာဉ်တန်း မြစ်ကြီးနာအနီး ထပ်မံတိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီတပ်သား ၂၀ ဦးခန့်သေဆုံးဟုဆို

Read Next

ဖားကန့်တွင် ဒလန်ဟုသတင်းထွက်နေသည့် အမျိုးသား ၃ဦး ပစ်သတ်ခံရ

Leave a Reply

Your email address will not be published.