သတင်း

ဖားကန့်တွင် ဒလန်ဟုသတင်းထွက်နေသည့် အမျိုးသား ၃ဦး ပစ်သတ်ခံရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်စီဆာနှင့်လုံးခင်းကျေးရွာ ၂ခု၏ နယ်နမိတ်အစပ်နားတွင် ဒလန်ဟုဆိုရသော အမျိုးသားသုံးဦး လက်နောက်ပြန်ကြိုးသုတ်ကာ ပစ်သတ်ခံထားရပြီး သေဆုံးနေသည့် ရုပ်အလောင်း ယနေ့နံနက်ပိုင်းက တွေ့ရှိရကြောင်း ဒေသခံများထံမှသိရသည်။

ဖြစ်စဉ်သည် ယနေ့နံနက် အစောပိုင်း ၂ နာရီခန့်အချိန်တွင် မှော်စီဆာနှင့် လုံးခင်း ကျေးရွာ ၂ခု၏ အစပ်ကြားရှိ ပေါ်ဦး လက်ဖက်ရည်ဆိုင်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမျိုးသား သုံးဦးစလုံးကို လက်နောက်ပြန်ကြိုးသုတ်၍ သေနတ်ပစ်သတ်သွားကြောင်းဖြစ်သည်ဟု ဖားကန့် ဒေသခံတစ်ဦးက KNG သို့ပြောသည်။

“အခုသတ်ခံထားရတဲ့သုံးယေက်က ဒလန်ဆိုပြီးသတင်း ထွက်နေတဲ့ လူတွေလို့ပြောကြတယ်။ ၃ယောက်စလုံးကို ဦးခေါင်းမှာပစ်သတ်ထားတာ။ မနက် ၆နာရီလောက်မှာက တစ်ယောက်တဲ့ မသေသေးဘူးလို့ပြောတယ်။ နောက် ၇နာရီလောက်မှာ အဲ့အလောင်းတွေကို နာရေးကူညီမှုအသင်းတစ်ခုကလာကောက်ယူသွားပြီ။ ဖြစ်တာက ဒီမနက် မိုးမလင်းခင်လောက်မှာ ဖြစ်သွာတာနေမှာ။ အာလုံးက ဒီမနက်မှ တွေ့ကြတယ်”ဟု ပြောဆိုသည်။

ယခုသတ်ခံရသည့် အမျိုသားသုံးဦးသည် တောမှော်ကျေးရွာမှ အသက် ၆၀ အရွယ်တစ်ဦး၊ မဆွပ်ယန်ကျေးရွာမှ အသက် ၅၀ အရွယ်တစ်ဦးနှင့် ဆိုင်းဂျာဘွမ်ကျေးရွာမှ အသက် ၃၀ အရွယ်ရှိအမျိုးသားသုံးဦးတို့ဖြစ်ကြပြီး မည်သည့်အဖွဲ့အစည်းက ပစ်သတ်သွားသည်ကို အသေးစိတ်မသိရသေးပေ။

ထိုနည်းတူ ပြီးခဲ့သော မေလ ၃၁ရက်နေ့တွင်လည်း ဖားကန့် ဆွတ်အောင်ကျေးရွာအနီး မက်လင်ချောင်ကျေးရွာမှ လောပန်ဦးအုပ်ကျော်အပါအဝင် အမျိုးသား ၄ဦးသည်လည်း လက်နောက်ပြန်ကြိုးသုတ်ကာ တစ်နေရာစုပုံထားပြီး သတ်ဖြတ်ခံခဲ့ရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။

ဖားကန့်မြို့နယ်တွင် ၂၀၂၂ခုနှစ်အတွင်းမှ စစ်ကောင်စီ လက်အောက်တွင် တာဝန်ထမ်းဆောင်နေသော ရပ်ကွက်အုပ်ချုပ်ရေးမှူးများများနှင့် ဒလန်ဟု သတင်းထွက်ပေါ်နေသူများ သတ်ဖြတ်ခံရမှု မကြာခဏဖြစ်ပွားလျက်ရှိပြီး ယခုဇွန်လအထိ သတ်ဖြတ်ခံရသူ စုစုပေါင်း ၂၀ ဦးခန့်အထိရှိခဲ့သည်။

Show More

Related Articles

Back to top button