သတင်း

အင်းတော်-ဗန်းမောက် လမ်းပိုင်း ကုန်ကားကြီးများ ဖြတ်သန်းခွင့်ပြု

အင်းတော်-ဗန်းမောက် လမ်းပိုင်းအခြေအနေ မတည်ငြိမ်သေးသော်လည်း ကုန်ကားကြီးများ ဖြတ်သန်းသွားလာခွင့်ကို ပြန်လည်ခွင့်ပြုလိုက်ပြီဟု အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ သိရသည်။

စစ်ကောင်စီတပ်သည် အင်းတော်-ဗန်းမောက် လမ်းပိုင်းကို အသုံးပြုကာ စစ်လက်နက်ပစ္စည်းများနှင့် စားနပ်ရိက္ခာများကို ကုန်ကားကြီးများဖြင့် သယ်ယူပို့ဆောင်နေသောကြောင့် ကုန်ကားကြီးများ ဖြတ်သန်းသွားလာခွင့်ကို ဇူလိုင်လ ၇ ရက်နေ့မှ စတင်၍ ပိတ်ထားခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ပြန်ဖွင့်လိုက်ပြီ ဖြစ်ကြောင်း အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦး က KNG သို့ ပြောသည်။

“ဘာကြောင့်ပြန်ဖွင့်ပေးတာလဲ ဆိုတော့ ပြည်သူတွေ ဒုက္ခရောက်မှာစိုး လို့ပါ ဗန်းမောက်ဘက်မှာ ကုန်ပစ္စည်း တွေပို့တာခက်ခဲသွားရင် ကုန်စျေးနှုန်းတွေမြင့်တက်လာမှာဆိုးလို့ ပြည်သူတွေဒုက္ခရောက် မှာဆိုးလို့ ပြန်ဖွင့်လိုက်တာပဲ”ဟုပြောဆိုသည်။

အင်းတော်မြို့နယ် နှင့် ဗန်းမောက်တစ်လျှောက်တွင် ဇူလိုင် လ ၇ ရက်နေ့မှစတင်၍ ယနေ့ထိ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နှင့် စစ်ကောင်စီတပ် တို့ကြားစစ်ရေးတင်းမာနေဆဲဖြစ်ပြီး ယခု သွားလာခွင့် ပြန်လည်ဖွင့်လှစ်‌ပေးသော်လည်း သတိထားစေလိုကြောင်း အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အသိပေး ထုတ်ပြန်ထားသည်။

“အခြေအနေတည်ငြိမ်လို့ပြန်ဖွင့်တဲ့သဘောတော့ မဟုတ်ဘူး စစ်သားတွေက ဗန်းမောက်ဘက်မှာတွေရှိနေသေး တယ် အဲ့ကြောင့်အကောင်းဆုံးကတော့ မိုးကာအုပ်ပြီးသွားတာတို့ နော်ပြီးမှန်တံခါးချပြီးသွားဖို့ တော့လိုအပ်မယ်”အင်းတော် PDF မှ တာဝန်ရှိ သူတစ်ဦးကပြောသည်။

အင်းတော်- ဗန်းမောက်လမ်းပိုင်းတွင် မကြာခနဆိုသလို စစ်ကောင်စီတပ်နှင့် KIA ,PDF တို့ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်နေဆဲဖြစ်သည့်အပြင် လက်ရှိချိန်ထိလည်း စစ်ရေးတင်းမာလျက်ရှိကြောင်းသိရသည်။

Show More

Related Articles

Back to top button