Fact Checkသတင်း

ဟိုပင်မြို့ NLD ပါတီဝင်တစ်ဦးကို KIA က ပစ်သတ်လိုက်သည် ဆိုသော သတင်းအမှားဖြန့်နေ

ကချင်ပြည်နယ်၊ ဟိုပင်မြို့၊ ကြာကြီးကွင်းကျေးရွာ NLD ပါတီဝင် ကိုအမောင်ကို ဩဂုတ်လ ၂၁ ရက်နေ့တွင် KIAအဖွဲ့က လာပစ်သတ်သွားသည်ဆိုပြီး သတင်းအမှားတစ်ခု လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည်ကို တွေ့ရသည်။

အဆိုပါသတင်းအမှားကို “True Media” Telegram အကောင့်တွင် ဩဂုတ်လ ၂၁ ရက်နေ့က ယခုလို ရေးသားခဲ့သည်။

“ကချင်ပြည်နယ်၊ ဟိုပင်မြို့ ကြာကြီးကွင်းကျေးရွာ NLD ပါတီဝင် ကိုအမောင်ကို ယနေ့ KIAအဖွဲ့က သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရှိရသည်။ ကိုအမောင်က NLDအဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး မျက်နှာဖုံးများနဲ့ KIA တစ်စု အိမ်ထဲဝင်ပြီး သေနတ်နဲ့လာပစ်သွားတယ်။ ဒီနေ့မှသေနတ် ၃ ချက်ပစ် ပီး သတ်သွားကြတာ၊ ရွာကားလမ်းပိုင်းမှာနေပီး ကုန်စုံဆိုင်ရောင်းပါတယ်။ နေ့လယ်ကြီးမိန်းမက ဟိုပင်မြို့ကို ဈေးတက်ဝယ်ချိန်လာသတ်သွားတာပါဟု ဒေသခံတစ်ဦးက ပြောသည် ” ဟု  ရေးသားခဲ့သည်။

ဆိုပါ ဖော်ပြချက်အတိုင်း “စစ် ဘီး လူး” ဆိုသော ဖေ့ဘုတ်အကောင့်တွင်လည်း ဩဂုတ်လ ၂၂ ရက်နေ့တွင် ပြန်လည်ဖော်ပြလာထားသည်ကို တွေ့ရသည်။

သို့သော် အဆိုပါ ဖော်ပြချက်များမှာ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း တွေ့ရသည်။

NLD ပါတီဝင်ဖြစ်သူ ဦးမောင်မောင်ဆိုသူကို ပစ်သတ်သူများမှာ မိုးကောင်းမြို့နယ် ထုံးရေပေါက်ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ပြည့်သူ့စစ် ၂၀ ခန့်နှင့် ပင်းဘောကျေးရွာရှိ ပြည်သူ့စစ် ၅၀ ခန့် စုစုပေါင်းအင်အား ၇၀ ခန့် ဖြင့် လာရောက်ပစ်ခတ်သွားကြောင်း ဒေသတွင်းမီဒီယာတစ်ခုဖြစ်သော The 74 Media တွင် ဖော်ပြထားသည်။

အဆိုပါသတင်းအမှားကို ရေးသားဖြန့်နေသော “True Media” Telegram အကောင့် နှင့် “စစ် ဘီး လူး” ဆိုသည့် ဖေ့ဘုတ်အကောင့်များသည် စစ်တပ်ထောက်ခံ လော်ဘီအကောင့်အတုများဖြစ်ကြောင်းကိုလည်း စာဖတ်ပရိသတ်များအနေဖြင့် တွေ့မြင်နိုင်သည်။

သို့ဖြစ်ပါ၍ စာဖတ်ပရိသတ်များအနေဖြင့် သတင်းများကို ဖတ်ရှုရာတွင် ဒေသတွင်းအခြေစိုက် သတင်းမီဒီယာများ၏ ဖော်ပြချက်နှင့် စစ်ဆေးကာ ယုံကြည်သင့်ပါသည်။

Show More

Related Articles

Back to top button