စစ်ပြေးဒုက္ခသည်များသတင်း

စစ်ကိုင်းနယ်ရှိ မြို့နယ် ၃ခု၏ စစ်ဘေးရှောင်ပြည်သူများ ၃သောင်းကျော်အတွက် အရေးအပေါ် အကူအညီလိုအပ်နေ

စစ်ကိုင်းတိုင်းဒေသရှိ ကောလင်း၊ ကန့်ဘလူနှင့် ကျွန်းလှ စသော မြို့နယ် ၃ခု၏ စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာ၊ အဝတ်အထည် ၊ မိုးကာ နှင့် ဆေးဝါးများအရေး ပေါ်လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီပေးနေသူများထံမှသိရသည်။

ပြီးခဲ့သော ဩဂုတ်လ ၂၃ရက်နေ့မှစပြီး အဆိုပါ မြို့နယ်များတွင် စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အပြင် ကျေးရွာတစ်ချို့ဝင်ရောက်စီးနင်းကာ လူနေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရသောကြောင့် ဒေသခံ ၃သောင်းဝန်းကျင် စစ်ဘေးဒဏ်ကြုံတွေ့နေရသည်ဟု စစ်ရှောင်ကူညီပေးနေသည့် တာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။

အခုက စစ်ရှောင်တွေကို ဘေးကင်းတဲ့နေရာတွေမှာ တဲတွေထိုးပြီး ထားတယ်။ ရဟတ်ယာဥ်နဲ့ ပစ်တဲ့အချိန် ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်။ သူတို့အတွက်လည်း အရေးပေါ် ဆေးဝါးတွေလိုအပ်တယ်။ ပြီးရင် စားနပ်ရိက္ခာလည်း လိုအပ်တယ်။ သူတို့က လူလွတ်အောင်ပဲ ပြေးခဲ့ရတဲ့သူတွေကလည်း များတယ်။ သူတို့အတွက် အဝတ်အထည်တွေလည်း လိုအပ်တယ်” ဟု စစ်ရှောင်ကူညီနေသည့် ဒေါင်းစည်သည်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိ ဒေါင်းစည်သည်အဖွဲ့မှ စစ်ရှောင်ပြည်သူများ ၁ သောင်ကျောင်းအတွက် ကူညီထောက်ပံ့ပေးနေသော်လည်း စစ်ရှောင်လူဦးရေ ထပ်မံတိုးလာသဖြင့် တတ်နိုင်သည့်အဖွဲ့အစည်းများ ပါဝင်လှူဒါန်းကူညီပေးရန် လိုအပ်ကြောင်း ဆက်ဆိုထားသည်။

အဆိုပါ စစ်ဘေးရှောင်နှင့် မီးဘေးသင့်ပြည်သူများကို ကူညီထောက်ပံ့လိုပါက ဒေါင်းစစ်သည်အဖွဲ့ ၏ ဖုန်းနံပါတ် 09-400521211 09-441231007 ကို ဆက်သွယ်၍ ပါဝင်လှူဒါန်းနိုင်ကြောင်း ဒေါင်းစစ်သည်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

Show More

Related Articles

Back to top button