သတင်း

မြစ်ကြီးနားတွင် PDF လူငယ်တစ်ဦး ဖမ်းဆီးခံရ

မြစ်ကြီးနားမြို့  ကြာရာပတီးရပ်ကွက်တွင် ယမန်နေ့က PDF လူငယ်တစ်ဦးကိုဖမ်းဆီးခံရပြီး ယနေ့ နံနက်တွင်လည်း နေအိမ်တစ်အိမ်ကို စစ်ကောင်စီတပ်များ ဝင်စီးခဲ့သည်ဟု သိရသည်။

မနေ့က PDF တစ်ယောက်ဖမ်းခံလိုက်ရတယ်။ သူ့နာမည်ရင်းတော့ ကျနော်တို့ မသိဘူး။ ကြာရာပတီး ဘောလုံးကွင်းနားမှာ ပါသွားတာ။ စစ်တပ်က ကားနဲ့ အရပ်ဝတ်နဲ့လာပြီး သေနတ်ထောက် ဖမ်းသွားတယ်။ ဒီမနက်လည်း အိမ်တစ်အိမ် ပြန်ဝင်စီးခံရတယ်။ ဒီမနက်က လူနဲ့ လက်နက်ပစ္စည်းတွေတော့ မပါသွားဘူး။ ကျန်တာကားတို့ ဖုန်းတို့ပါသွားတယ်။” ဟု PDF နှင့် နီးစပ်သူတစ်ဦးက KNG သတင်းဌာနကို ပြောသည်။

လက်ရှိ စစ်ကောင်စီတပ်များသည် အရပ်ဝတ် နှင့် Four-wheel ကားများဖြင့် မြို့တွင်းပတ်ကာ လိုက်လံဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်လာသည်ဟု သိရသည်။

မြစ်ကြီးနားမြို့တွင် ပြီးခဲ့သည့်အပတ် သီတာရပ်ကွက်ရှိ စရဖ ရုံးနှင့် အမှတ် (ရဲစခန်း နှစ်နေရာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF မှ သွားရောက်ပစ်ခတ်ခဲ့ရာ ရဲတပ်သား ၁ ဦးနှင့် စစ်သား ၃ ဦး စုစုပေါင်း ၄ ဦးသေဆုံးကြောင်း PDF နှင့် နီးစပ်သူများထံမှ သိရသည်။

လက်ရှိမြစ်ကြီးနားမြို့တွင်း ရဲစခန်း၊ စစ်တပ်နှင့် သက်ဆိုင်သည့်နေရာများသို့ ဦးတည်သော လမ်းများကို စစ်ကောင်စီတပ်များ ပိတ်ထားပြီး၊ လုံခြုံရေးတင်းမာမှုများနှင့် မြို့တင်း ကင်းလှည့်မှုများ ပုံမှန်ပြုလုပ်နေသည်။

Show More

Related Articles

Back to top button