,

Breaking News :

စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ရန် NUG မှ လျှို့ဝှက် ကမ်းလှမ်း ဟူသော သတင်းအမှား

ကသာမြို့နယ်၊ မိုးတာလေးရွာကို KIA နှင့် PDF အဖွဲ့များ ဝင်ရောက် မီးရှို့ ဖျက်စီးလိုက်သည်ဆိုသော သတင်းအမှား

ထွက်ပြေးတိမ်းရှောင််သည့် ဒီပဲယင်း ဒေသခံ တစ်သောင်းကျော်အတွက် အရေးပေါ် အကူညီလိုအပ်နေ

မဇွပ်ယန်ကျေးရွာ အတွင်းရေးမှူး ဖမ်းဆီးခံရ

စစ်တပ်် ပစ်ခတ်လိုက်သည့် လက်နက်ကြီး‌ကြောင့် ကလေးငယ်တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာပြင်းထန်

အင်းတော်တွင် PDF နှင့် ဆက်သွယ်သည်ဟုဆိုကာ တစ်ပတ်အတွင်းပြည်သူ ၃ ဦးဖမ်းဆီးခံထားရ

ဖမ်းဆီးခံရသည့် ထီးချိုင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို ကိုယ်ပေါ် မိုင်းတင်ဆင်ပေးပြီး စစ်ကြောင်းထဲ ခေါ်ဆောင်

စစ်ကိုင်းတိုင်းတွင် ရွေးကောက်ပွဲကော်မရှင်ရုံးနဲ့ လဝကရုံးဖောက်ခွဲခံရမူ တစ်လအတွင်း ၅ ကြိမ်ထိရှိလာ

ဒလန် တစ်ဦးဖမ်းဆီးခံရမှုကြောင့်  စစ်ကောင်စီတပ်က အရပ်သားပြည်သူ ၂ ဦးဖမ်းဆီး

မှော်ဆီစာ ရဲကင်းတိုက်ခိုက်ခံရပြီး‌နောက် စစ်ကောင်စီတပ်ဘက်မှ လက်ရှိချိန်ထိ သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်နေ

မူဆယ် ကမ္ဘောဇဘဏ် (၃) တွင် ပစ်ခတ်မှုဖြစ်ပွားသဖြင့် ၃ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရ

မူဆယ် ကမ္ဘောဇဘဏ် (၃) တွင် ပစ်ခတ်မှုဖြစ်ပွားသဖြင့် ၃ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ကားဝင်းထဲရှိ ကမ္ဘောဇဘဏ် ၃ တွင် ယနေ့ ပစ်ခတ်မှုဖြစ်ပွားသဖြင့် ၃ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။

 ဖြစ်စဉ်မှာ နေ့လည် ၁ နာရီဝန်းကျင် လက်နက်ကိုင်ထားသည့် အမည်မသိ လူငယ် ၄ ဦးရောက်လာကာ ဘဏ်‌စောင့် စစ်တပ်ကို ပစ်ခတ်ခဲ့ချိန် ပြည်သူ့စစ် ၂ ဦး နှင့် ဘဏ်ထဲမှ လူငယ် ၁ ဦးသေဆုံးကြောင်းသိရသည်။

မျက်စိရှေ့တင်ပဲ ဦးနောက်ချီးပြူးထွက် ပွဲချင်းပြီး ၃ ယောက်သေတယ်။ ပြည်သူ ၁ ဦးက ထိသွားတယ် ဟု ‌‌မျက်မြင် တစ်ဦးက ပြောသည်။

ဒေသခံများ၏ ပြောပြချက်အရ အဆိုပါလူငယ် ၄ ဦးသည် ဘဏ်ကိုဓားပြတိုက်ခြင်းမဟုတ်ဘဲ ဘဏ်စောင့်များကို တမင်လာ‌ရောက် ပစ်ခတ်သွားကြောင်း သိရသည်။

သူက ဘဏ်ကို ဓါးမြတိုက်တာ မဟုတ်ဘူး။ တမင်လာပစ်သွားတဲ့ ပုံစံဘဲ သေနတ်တောင် ကောက်သွားသေးတယ်ဟု နောက်ထပ် ဒေသခံ တစ်ဦးက ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားရာ နေရာ ဝန်းကျင်၌ စစ်ကောင်စီမှ လုံခြုံရေး တင်းကျပ်ထားသည်ဟု သိရသည်။

မူဆယ်တွင် စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ပစ်ခတ်မှုမကြာခဏ ဖြစ်ပွားနေမြဲဖြစ်သည်။

Read Previous

KIA/PDF အဖွဲ့များ ဘုရားကျောင်းကို ဓါးပြတိုက်ခဲ့သည် ဟူသော သတင်းအမှားများ ပြန်လည် ပြန့်နှံနေ

Read Next

မှော်ပုံ တွင် စစ်ကောင်စီတပ် ဝင်စီးသဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီး ပြည်သူ ၂ ဦး ဖမ်းဆီးခံရ