သတင်း

ဆယ်ဇင်းတွင် ဒုဗိုလ်မှူးကြီးအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ ဦး မူးယစ်ဆေး ရှော့ဖြစ်ကာ သေဆုံး

ဖားကန့်မြို့နယ် ဆယ်ဇင်းတွင် စစ်ကောင်စီတပ်မှ ဒုဗိုလ်မှူးကြီး စိန်မင်းဒင် အပါအဝင် တပ်သား ၅ဦးသည် စက်တင်ဘာလ ၁၁ ရက်နေ့ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ရှော့ဖြစ်ကာ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဆယ်ဇင်းတွင် လက်ရှိတပ်စွဲနေထိုင်သည့် ခမရ ၁၁၆ တပ်မှ ဒုဗိုလ်မှူးကြီး စိန်မင်းဒင်၊ တပ်ကြပ် ၂ဦးနှင့် တပ်သား ၂ဦး စုစုပေါင်း ၅ဦး မူးယစ်ဆေးဝါးကြောင့် သေဆုံးမှုဖြစ်ပွားခဲ့သည်ဟု ဆယ်ဇင်း ဒေသခံ အမျိုးသားတစ်ဦး KNG ကို ပြောသည်။

သတင်းက မှန်ပါတယ်။ ဒုဗိုလ်မှူးကြီး စိန်မင်းဒင်နဲ့ သူအောက်က ၄ယောက် တစ်နေရာထဲမှာဘဲ သေဆုံးနေတယ်တဲ့။ သူတို့က မနက်ပိုင်းမှာ ရွာထဲ သောက်စားမူးပြီး ဖိုးပြန်ထိုးရင်း ရှော့ဖြစ်သွားတယ်လို့ကြားတယ်။ မိုးချုပ်လာတော့ တပ်ထဲ လူမစုံတော့ စစ်ဆေးလိုက်တဲ့အချိန် ၅ယောက်စလုံးက အိပ်ယာထဲ စုပြုံသေနေတယ်တဲ့ဟု ပြောသည်။

သေဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦး သေဆုံးမှုနှင့် ပတ်သက်ပြီး စစ်ဆေးရန်အတွက် စစ်ကိုင်းတိုင်း ဟုမ္မလင်းဘက်သို့ သယ်ယူသွားကြောင်းသိရသည်။

အဆိုပါ စစ်ကောင်စီအဖွဲ့ဝင်များသည် ဆယ်ဇင်းရွာနှင့် ချမ်းသာအေး ၂ခုကြားတွင် ပုံမှန်သွားလာလှုပ်ရှား ပျော်မြူးနေသူများ ဖြစ်ကြသည်ဟု ဒေသခံများ၏ ပြောဆိုချက်မှသိရသည်။

ဆယ်ဇင်းတွင် ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းအတွင်း စစ်ကောင်စီတပ်၊ ရှမ်းနီ SNA ပူးပေါင်းတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

Show More

Related Articles

Back to top button