သတင်း

နစကအစိုးရကို UN က အသိအမှတ်ပြုလိုက်ပြီဟူသော သတင်းအမှား ထပ်မံ ပြန့်နှံ့နေ

စက်တင်ဘာ ၁၂ ရက်နေ့ ပြုလုပ်သည့် ကုလသမဂ္ဂ UN အစည်းအဝေးမှာ ၁၁၉ နိုင်ငံက ထောက်ခံမှုနှင့် နစက အစိုးရကို UN က အသိအမှတ်ပြုလိုက်ပါပြီ ဟူသော သတင်းအမှား လူမှုစာမျက်နှာတွင် ထပ်မံ ပြန့်နှံ့နေသည်ကို တွေ့ရသည်။

အဆိုပါ သတင်းအမှားကို Subscribers ၁ သောင်း ၇ ထောင်ကျော်ရှိသော “Snow Queen” ဆိုသည့် Telegram အကောင့်တွင် စက်တင်ဘာလ (၁၃) ရက်နေ့တွင် စတင်ရေးသားဖြန့်ဝေခဲ့သည်ကို တွေ့ရှိခဲ့ရပါသည်။

ဖော်ပြထားသောအကြောင်းအရာမှာစက်တင်ဘာ ၁၂ ရက်နေ့ UN..နိုင်ငံတကာအစည်းအဝေး ကုလသမ္မဂ္ဂ.မှာနစက..အစိုးရဖြစ်ကြောင်း မဲခွဲဆုံးဖြတ်ကြရာ…(119)..နိုင်ငံကထောက်ခံမှုဖြစ်နစက..အစိုးရကို..UN.ကအသိအမှတ်ပြုလိုက်ပါပြီမြန်မာ နစက.အစိုးရ….အာဆီယံနိုင်ငံအားလုံးအနက်မလေးရှားအရှေ့တီမော..နိုင်ငံမှလွဲ.. ဗီဇာကင်းလွတ်ခွင့်ပြုလိုက်ကြောင်းသတင်းရ..” ဟု ရေးသားထားသည်။

ယခု အကြောင်းအရာသည် နိုင်ငံတကာနှင့် လွတ်လပ်သော ပြည်တွင်းနှင့် ဒေသတွင်း သတင်းဌာနများတွင် ဖော်ပြခြင်း မရှိသောကြောင်း သတင်းအမှားဖြစ်သည်ကို လူတိုင်းသိရှိနိုင်မည်ဖြစ်သည်။

ထို့ကြောင့်စစ်ကောင်စီ အစိုးရကို UN က အသိအမှတ်ပြုလိုက်ပြီ” ဟူသော ရေးသားဖော်ချက်များမှာ သတင်းအမှား သက်သက်သာဖြစ်သည်။

သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် ယခုကဲ့သို့သော နိုင်ငံတကာတွင်ဖြစ်ပျက်နေသော သတင်းများကို ဖတ်ရှုရာတွင် ပြည်တွင်းရှိ လွတ်လပ်သော သတင်းဌာနများ၏ ဖော်ပြချက်နှင့် စစ်ဆေးကာ ယုံကြည်သင့်ပါသည်။

Show More

Related Articles

Back to top button