တိုက်ပွဲသတင်း

ခြင်းလုံးခတ်နေသည့် စစ်ကောင်စီအဖွဲ့ ဗုံးခွဲတိုက်ခိုက်ခံရကာ ၇ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့ပေါ်  ကျန်စစ်ရပ်ကွက် အထက်တန်းကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များ ခြင်းလုံးခတ်နေစဥ် ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပြီး ၇ဦးသေဆုံးခဲ့သည်ဟု အဆိုပါတိုက်ခိုက်မူအတွင်းပါဝင်ခဲ့သည့် Zero ပြောက်ကျားတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကဆိုသည်။

ယမန်နေ့  ညနေပိုင်း၅နာရီဝန်းကျင် Zero ပြောက်ကျားတပ်ဖွဲ့ နှင့် True Fighter ‌ဒေသခံကာကွယ်ရေးတပ်များပူးပေါင်းကာ စစ်ကောင်စီတပ်ဖွဲ့များတပ်စွဲထားသည့် စာသင်ကျောင်းကို ဆိုင်ကယ်ဖြင့်သွားရောက်ခဲ့ပြီး သာမန်လက်ပစ်ဗုန်းများထက်ပြင်းအား ၂ဆရှိသည့် လက်ပစ်ဗုန်းဖြင့်သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု Zero ပြောက်ကျားတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကဆိုသည်။

ကျနော်တို့က သူတို့လှပ်ရှားမူတွေကိုစောင့်ကြည့်နေတာကြာပြီ အဲ့တာအခွင့်သာတဲ့အချိန်လေးကို အလှစ်အငိုက်ဝင်ပစ်လိုက်တာ စာသင်ကျောင်းနဲ့ရဲစခန်းကြားမှာပေါ့ ခြင်းလုံးခတ်နေကြတာ သူတို့ဘက်က ၇ဦးကျတယ်ဟု Zero ပြောက်ကျားတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကဆိုသည်။

အဆိုပါ ပစ်ခတ်ခံရမူနောက်ပိုင်းတွင် စစ်ကောင်စီဘက်က လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မူတွေရှိခဲ့ပြီး ဒေသခံကာကွယ်ရေးတပ်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု သူကဆက်ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၈ရက်နေ့ ည၉နာရီဝန်းကျင်တွင်လည်း မြင်းမူမြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ကင်းစောင့်နေသော စစ်ကောင်စီအဖွဲ့များကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များတိုက်ခိုက်ခဲ့ရာ စစ်ကောင်တပ်သား၃ဦးသေဆုံးခဲ့သည်ဟု သိရသည်။

Show More

Related Articles

Back to top button