တိုက်ပွဲသတင်း

စစ်ကောင်စီတပ် နှင့် ဒေသကာကွယ်‌ရေးတပ်ဖွဲ့တို့ မိုးတားကြီးကျေးရွာအနီး တိုက်ပွဲပြင်းထန်ခဲ့

ကသာမြို့နယ် မိုးတားကြီးကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ကြား ယမန်နေ့ ညနေ ၄နာရီဝန်းကျင်တွင် ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမူမျာခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့မှ သိရသည်။

စစ်အင်အား ၈၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်သည် ကသာနယ် အထက်ဝဲကြီး‌ကျေးရွာမှ မိုးတားကြီး‌ကျေးရွာဘက်သို့ ခြေလျှင်စစ်ကြောင်းထိုးဝင်ရောက်လာချိန်  မိုးတားကြီးရွာအနီး ဒေသကာကွယ်ရေးတပ်ဖွဲ့နှင့် ထိတိုက်တွေ့ဆုံရာမှ  နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

သူတို့က မိုးတားကြီးကချင်ကုန်းဘက်ကို ဝင်လာပြီဆိုတာကြားတော့ ကျနော်တို့လည်း အဲ့ဘက်သွားလိုက်တာ လမ်းမှာ ထိပ်တိုက်ကိုတွေ့တာပါ့ အဲမှာနှစ်ဖက် အပြန်လှန်ပစ်ခတ်မူဖြစ်ခဲ့တယ်ဟု ဒေသကာကွယ်ရေးတပ်မှ တာဝန်ရှိသူကပြောသည်။

အဆိုပါ စစ်ကောင်စီတပ်၏ ခြေလျင်စစ်ကြောင်းသည် ကသာ မိုးတားလေးကျေးရွာအနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲအပြီး မိုးတားလေးမြေနုဘက်မှ မင်းလယ်ရွာသို့ ခြေလျှင်ထွက်ခွာလာကာ ကသာမြို့သို့ ဝင်ရန်ခက်ခဲသည့်အတွက် နောက်ကြောင်းပြန်လှည့်လာသည့် စစ်ကြောင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ကသာမြို့သို့ ဝင်ရောက်နိုင်ခြင်းမရှိဘဲ ပြန်ရွေ့လျားလာရာမှ ယခုလို တိုက်ပွဲတွေ ထပ်မံဖြစ်ပွားခြင်းဖြစ်သည်ဟု ဒေသကာကွယ်ရေးတပ်က ဆက်ပြောသည်။

သူတို့က မြို့ထဲဝင်ဖို့ကြိုးစားတာ ဒါပေမယ့် ဝင်လို့မရ လမ်းတစ်လျှောက်တိုက်ခံနေရတော့ နောက်ပြန်ဆုတ်လာတဲ့ သဘောရှိတယ်ဟု ကသာနယ်အတွင်း လှုပ်ရှားနေသည့် ဒေသကာကွယ်ရေးပူးပေါင်းတပ်မှ တာဝန်ရှိသူကပြောသည်။

ထို့ပြင် စက်တင်ဘာလ ၁၉ ရက်နေ့တွင်လည်း အဆိုပါ စစ်ကြောင်းသည် ရေနီကျေးရွာတွင်း ဝင်ရောက်ကာ လက်နက်ယမ်းသမ်းပစ်ခတ်ခဲ့သည့်အတွက် အသက် ၇၀ ဝန်းကျင်ရှိ အမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

ကသာနယ်တွင် စက်တင်ဘာလ ၁ ရက်နေ့မှ ၂၀ ရက်နေ့ထိ ဒေသကာကွယ်ရေးပူး‌ပေါင်းတပ်ဖွဲနဲ့ စစ်ကောင်စီတပ်တို့ကကြား ထိ‌တွေ့တိုက်ပေါင်း ၅ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပြီး စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်း သေဆုံးကြောင်း သိရသည်။

Show More

Related Articles

Back to top button