သတင်း

နန်းမား PDF ခေါင်းဆောင်ဟုစွပ်စွဲခံရသူ၏ နေအိမ်ကိုစစ်ကောင်စီက ဘတ်ဖိုးဖြင့်ဖြိုချဖျက်ဆီး

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားမြို့တွင် PDF ခေါင်းဆောင်ဟုစွပ်စွဲခံရသူ၏ နေအိမ်ကို စစ်ကောင်စီ တပ်သားများနှင့် ရဲ တပ်ဖွဲ့မှ ဘတ်ဖိုးတစ်စီးဖြင့် ဖြိုချဖျက်ဆီးလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

နန်းမားမြို့ မြို့မရပ်ကွက် ကားလမ်းမကြီးဘေးတွင်ရှိသည့် ဘကြီးမုံ() ဦးသန်းစိုး အသက် ၃၀ ကျော်၏ နေအိမ်ကို စက်တင်ဘာ ၂၈ ရက်နေ့ ည ၃နာရီခွဲအချိန်ခန့်တွင် စစ်ကောင်စီဘက်မှ ဖြိုချဖျက်ဆီးလိုက်ကြောင်း နန်းမား မြို့မရပ်ကွက်မှ အမျိုးသားတစ်ဦးက KNG ကို အတည်ပြုပြောဆိုသည်။

ဘာလို့ဖြိုချလိုက်တာလဲဆိုတော့ သူ့ကိုနန်းမား PDF ခေါင်းဆောင်ဟုတ်တယ်ဆိုပြီးမှတဲ့ လာဖြိုသွားတာ အိမ်ကတော့ တိုက်ပုပေါ့ ရှေ့မှာခေါက်ဆွဲရောင်းတယ်နောက်ဖေးမှာလူနေတယ် အားလုံးဖြိုသွားတာ အဲ့အိမ်မှာက ဘကြီးမုံရဲ့ယ္ခောမတွေနေတာ ခုတော့အမျိုးတွေအိမ်မှာပြောင်းထားတယ်။ အိမ်မှာရှိနေတဲ့သူ့ဆွေမျိုးတွေတူမတွေဖမ်းတာဆီးတာတော့မရှိဘူး ဟု ပြောသည်။

ဘကြီးမုံ() ဦးသန်းစိုးကို နန်းမားစစ်ကောင်စီ တပ်မှ PDF ခေါင်းဆောင်ဟု စွပ်စွဲနေသည်မှာ လွန်ခဲ့သည့် ၂၀၂၁ ခုနှစ်ကတည်းက ဖြစ်သည်။

သူ့ကိုအရင်ကလည်းတစ်ခါလာဝိုင်းသေးတယ် ဖမ်းဖို့ဆိုပြီး အဲ့ချိန်သူကလွတ်သွားတာ အဲ့ကတည်းက သူကတိမ်းရှောင်နေတာ ခုထိပြန်မလာသေးဘူး သူ့ကိုမဖမ်းမိတော့သူ့အိမ်ကိုခုလိုဖျက်ဆီးလိုက်တာပဲ” ဟု နန်းမားဒေသခံတစ်ဦးက ပြောသည်။

ဘကြီးမုံ() ဦးသန်းစိုးသည် PDF ခေါင်းဆောင်ဟုတ်မဟုတ်ကို အတိအကျ မသိကြောင်း ဒေသခံများ ပြောသည်။

နန်းမားမြို့တွင် စက်တင်ဘာလ ၂၆ ရက်နေ့ညကလည်း နန်းခန်းရပ်ကွက်နေ ဦးတင်ဌေးနှင့် ဒေါ်နေကြည်လင်မယားနှစ်ဦးကို အမည်မသိလူတစ်စုက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး အမျိူးသားဖြစ်သူ ဦးတင်ဌေးမှာသတ်ဖြတ်ခံရ၍ ဒေါ်နေကြည်မှာ အဆက်အသွယ်ပြတ်နေဆဲ ဖြစ်ကြောင်းသိရသည်။

Show More

Related Articles

Back to top button