တိုက်ပွဲသတင်း

ပင်လည်ဘူးတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၃ ဦးကျဆုံးကာ ဒေသခံကာကွယ်ရေးတပ်ဘက်က ၅ဦးဒဏ်ရာရရှိခဲ့

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ် မြောက်ဘက်ခြမ်းကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသခံ ကာကွယ်‌ရေးတပ်ဖွဲ့များ ယမန်နေ့ကတိုက်ခိုက်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဘက်က ၃ဦး ကျဆုံးခဲ့သည်ဟု သိရသည်။

အင်အား ၁၈၀ ကျော် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်တပ်ဖွဲ့များကြား ယမန်နေ့ မနက်ပိုင်း ၆ နာရီဝန်းကျင်တွင် တစ်ကြိမ်၊ ညနေ ၇ နာရီဝန်းကျင်တွင်တစ်ကြိမ် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံကာကွယ်ရေးတပ်ဘက်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မနေ့က ခွေးတွေက ရှေ့တိုးတိုးလာလို့ ကာပစ်လိုက် ဝှိုက်လိုက်လုပ်နေတာပေါ့ ထိတွေ့မူက မနေ့ကမနက်ပိုင်းကနေစပြီးအပြင်းအထန်ဖြစ်တာပေါ့။” ဟု ဒေသခံကာကွယ်ရေးတပ်ဘက်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

နှစ်ဘက်ထိတွေ့တိုက်ပွဲအနီးရှိ ဒေသခံများကို ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းပေးထားရသည်ဟု သူကဆက်ပြောသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ပင်လည်ဘူးကို ပြီးခဲ့သည့်နှစ်ပတ်ကျော်က  စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သည်ဟု ဆိုသည်။

လက်ရှိ နှစ်ဘက်တပ်ကြား ထိတွေ့တိုက်ခိုက်မှုမရှိသော်လည်း စစ်ရေးတင်းမာနေဆဲ ဖြစ်သည်ဟု သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးတွင် စစ်ကောင်စီတပ်မှ အာဏာသိမ်းပြီးနောက်၂၀၂၁ ခုနှစ် စက်တင်ဘာလမှစကာ အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည်မှာ တစ်နှစ်ရှိပြီဖြစ်သည်။

Show More

Related Articles

Back to top button