တိုက်ပွဲသတင်း

ထီးချိုင့် ၂ ရက်သာတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တောင်ကုန်းတစ်ခု လက်လွှတ်လိုက်ရပြီး ထိခိုက်ကျဆုံးမှုရှိ

ထီးချိုင့်မြို့တောင်ဘက် အလယ်တောရွာအနီး ၂ ရက်သာ တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ် နေထိုင်သည့် တောင်ကုန်းတစ်ခု လက်လွှတ်လိုက်ရသည့်အပြင် ကာကွယ်ရေးတပ်ဖွဲ့မှ ၁ ဦး နှင့် အရပ်သား ၁ ဦး ကျဆုံးခဲ့သည်ဟု ‌ပြည်သူ့ကာကွယ်ရေးတပ်မှ သိရသည်။

အောက်တိုဘာလ ၁၆ ရက်နေ့မှစတင်ကာ စစ်အင်အား ၂၀၀ ခန့်ရှိသည့် စစ်ကောင်စီ စစ်‌ကြောင်းသည် ထီးချိုင့်မြို့တောင်ဘက်ရှိ အလယ်တော​ဘက်သို့ ခြေလျှင်စစ်​ကြောင်းထိုးလာစဥ် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ဘုရားတောင်  စိုးမိုးတောင်ကုန်း) ကို လက်လွတ်ခဲ့ရသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

” အင်အားချင်းမမျှတော့ ကျွန်တော်တို့ဘက်က ဆုတ်ပေးလိုက်ရတယ်။ အခုစကစတွေ တောင်ကုန်းမှာ နေရာယူထားကြပြီ” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မှ ၁ ဦးကျဆုံးကာ ၁၅ ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ပြည်သူ ၁ ဦးလည်း တိုက်ပွဲအတွင်း သေဆုံးခဲ့သည်။ စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုကိုမူ မသိနိုင်ကြောင်း သူက ဆက်ပြောသည်။

စစ်ကောင်စီတပ်သည် အောက်တိုဘာလဆန်းပိုင်းမှ စတင်ကာ ကသာတကြောတွင် စစ်အင်အား အလုံးအရင်း ဖြည့်တင်းလာပြီး‌ ထိုးစစ်ဆင်မှုများလည်း ဆက်တိုက်လုပ်ဆောင်လာကြောင်း သိရသည်။

အောက်တိုဘာ ၁၆ ရက် ညနေ ၄ နာရီဝန်းကျင်တွင်လည်း ထီးချို့မြို့ အလယ်တောရွာအနီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်မှစကာ စစ်ရေးအရ အချက်ချာကျပြီး ပြည်သူ့ကာကွယ်ရေးတပ်များ နေရာယူထားသည့် ဘုရားတောင် (စိုးမိုးတောင်ကုန်း) နေရာကို စစ်တပ်မှ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာသည့်အတွက် နှစ်ဖက် တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းမှ စကာ စစ်ကိုင်း-ကချင် အစပ်ဒေသများဖြစ်ကြသော ကသာ၊ ထီးချိုင့်၊ အင်းတော်တစ်လျှောက် လေကြောင်းအသုံးပြုပြီး တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

Show More

Related Articles

Back to top button