တိုက်ပွဲသတင်း

ဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရပြည်သူ ၁၀၀ ကျော်ကို ဆေးကုခွင့်မရအောင် စစ်တပ်က တားမြစ်ထား

ဖားကန့်မြို့နယ် KIA တပ်မဟာ ၉ နယ်မြေတွင် ယမန်နေ့ည လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရှိထားသော ပြည်သူ ၁၀၀ ကျော်ကို ဆေးကုသခွင့်မရအောင် Ginsi ကျေးရွာ အထွက်ဂိတ်တွင် စစ်ကောင်စီက တားမြစ်းထားကြောင်း သိရသည်။

အောက်တိုဘာ ၂၃ ရက်နေ့က KIA တပ်မဟာ ၉ နယ်မြေ အနန့်ပါတွင် တံတားဦးဘက်မှ ဂျက်ဖိုက်တာ ၃ စီးတက်လာပြီး ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဒဏ်ရာရပြည်သူများကို ဖားကန့်၊ မြစ်ကြီးနား စသည့်ဆေးရုံကြီးများသို့ ပို့ဆောင်ကာ ဆေးကုသခွင့်ပေးချင်သော်လည်း စစ်ကောင်စီက ကံဆီးတွင် တားမြစ်ထားကြောင်း ဆေးကုသခွင့်ပေးနိုင်ရေး ဆောင်ရွက်ပေးနေသည့် အမျိုးသားတစ်ဦးက KNG ကိုပြောသည်။

လူနာတွေကထုတ်လို့မရသေးဘူးဖြစ်နေတယ် ဒီဘက်က လူမှုကူညီရေးနာရေးအသင်းတွေလည်းမနက်ကသွားညှိနှိုင်းကြတယ်။ သွားထုတ်ဖို့တာပေမယ့် ပေးမဝင်ခိုင်းဘူး။ ခုနပဲရမလားဆိုပြီး လူနာတင်ယာဥ်တွေသွားလိုက်တာ ကံစည်းကနေအားလုံးပြန်ခေါက်လာကြတယ်။ တကယ့်လို့ခွင့်ပြုခဲ့ရင်သွားဖို့ဆိုပြီး လူမူကုညီရေးအသင်းတွေကတော့အသင့်စောင့်နေကြတယ်” ဟု ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် ပြောသည်။

လက်ရှိတွင် ကံစည်းဂိတ်၌ လူနာများကိုထွက်လာခွင့်မပေးပဲပိတ်ထားသည့်အပြင် ဖားကန့်ဘက်မှလည်း တပ်မဟာ ၉ နယ်မြေထဲသို့ ပရဟိတ ဆရာဝန်များ၊ ဆေးဝါးများ ဝင်ရောက်ခွင့်မပေးပဲ ပိတ်ပင်ထားကြောင်းသိရသည်။

လူမှုကူညီရေးကားများ၊ ပရဟိတဆရာဝန်များသည် လက်ရှိအချိန်၌ ဖားကန့်မြို့အထွက်တွင်သာ အသင့်စောင့်ဆိုင်းနေကြောင်း သိရသည်။

အခုလောလောဆယ်ထိတော့ညှိနှိုင်းနေတုန်းပဲ ရမရ မသိသေးဘူး။ ဒီက ဖားကန့်မြို့နယ်လုံးဆိုင်ရာ  KBC  RC သင်းအုပ်ဆရာကြီးတွေကတော့သွားညှိနှိုင်းနေတယ် ရရင်တော့ကားတွေကထွက်ဖို့အသင့်ပဲ” ဟု ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်က ဆန်းကြွယ်တံတား၊ ပန်းတင်တံတားထိပ်များတွင် အသွားအလာများကိုစစ်ဆေးနေပြီး စစ်အင်အားလည်းဖြည့်တင်နေကြောင်းသိရသည်။

Show More

Related Articles

Back to top button