သတင်း

ကသာနယ်တွင် ပျူစောထီးအဖွဲ့ဝင်တစ်ဦးကို အင်းရွာ PDF အဖွဲ့ ဖမ်းဆီးထား

စစ်ကိုင်းတိုင်းဒေသ ကသာမြို့နယ် အင်းရွာကျေးရွာမှ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့တစ်ဦးဖြစ်သူကို အင်းရွာ ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကြောင်းသိရသည်။

နိုဝင်ဘာလ ၃ ရက်နေ့တွင် ပျူစောထီးအဖွဲ့ဝင် အသက် ၂၀ ကျော်အရွယ် ကိုမြတ်မိုး ခေါ်သူသည် သူ၏ ဇနီးဖြစ်သူနှင့် အင်းရွာစစ်လှေဆိပ်ဘက်သို့ရောက်လာစဉ် အင်းရွာ PDF အဖွဲ့က ပျူစောထီးအဖွဲ့ဝင်ဖြစ်ကြောင်း အထောက်အထားများဖြင့် ဖမ်းဆီးခဲ့သည်ဟု PDF နှင့် နီးစပ်သူ ဒေသခံတစ်ဦးထံမှသိရသည်။

အမျိုးသမီးကိုတော့ မဖမ်းဘူး အမျိုးသားကိုပဲဖမ်းတာပါ။ ကိုမြတ်မိုးက ရဲရဲ့ သမီးနဲ့ အိမ်ထောင်ကျထားတာ။ အဲ့ဒါကို ပျူစောထီးဟုတ်တယ်ဆိုပြီး ဖမ်းသွားတယ်။ နောက် သူ့ရဲ့ Facebook အကောင့်မှာလည်း သေနတ်ကိုင်ထားတဲ့ပုံတင်ထားဟုတ်တယ်ဟုပြောဆိုသည်။

လက်ရှိတွင် စစ်တပ်လက်အောက်ခံ သတင်းရေးသားဖြန့်ဝေသူများက ကိုမြတ်မိုးနှင့် သူ၏ ဇနီးဖြစ်သူကိုပါ ဖမ်းဆီးသွားကြောင်း ရေးသားဖော်ပြနေကြောင်းသိရသည်။

အင်းရွာ PDF အဖွဲ့ ဖမ်းဆီးသွားသည့် ကိုမြတ်မိုးကို PDF ထိန်းချုပ်နေမြေတွင် စစ်ဆေးမေးမြန်းမှုများပြုလုပ်နေဆဲဖြစ်သည်ဟုသိရသည်။

နိုဝင်ဘာလ ၁ ရက်နေ့တွင် ကသာမြို့အဝင်တွင် ဒလန်သတင်းပေးမှုကြောင့် အင်းတော်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးဖမ်းဆီးခံလိုက်ရပြီး စစ်ကြောရေးတွင် ရိုက်နက်ခံရမှုကြောင့် အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေသည်ဟုလည်းသိရသည်။

Related Articles

Back to top button