,

Breaking News :

စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ရန် NUG မှ လျှို့ဝှက် ကမ်းလှမ်း ဟူသော သတင်းအမှား

ကသာမြို့နယ်၊ မိုးတာလေးရွာကို KIA နှင့် PDF အဖွဲ့များ ဝင်ရောက် မီးရှို့ ဖျက်စီးလိုက်သည်ဆိုသော သတင်းအမှား

ထွက်ပြေးတိမ်းရှောင််သည့် ဒီပဲယင်း ဒေသခံ တစ်သောင်းကျော်အတွက် အရေးပေါ် အကူညီလိုအပ်နေ

မဇွပ်ယန်ကျေးရွာ အတွင်းရေးမှူး ဖမ်းဆီးခံရ

စစ်တပ်် ပစ်ခတ်လိုက်သည့် လက်နက်ကြီး‌ကြောင့် ကလေးငယ်တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာပြင်းထန်

အင်းတော်တွင် PDF နှင့် ဆက်သွယ်သည်ဟုဆိုကာ တစ်ပတ်အတွင်းပြည်သူ ၃ ဦးဖမ်းဆီးခံထားရ

ဖမ်းဆီးခံရသည့် ထီးချိုင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို ကိုယ်ပေါ် မိုင်းတင်ဆင်ပေးပြီး စစ်ကြောင်းထဲ ခေါ်ဆောင်

စစ်ကိုင်းတိုင်းတွင် ရွေးကောက်ပွဲကော်မရှင်ရုံးနဲ့ လဝကရုံးဖောက်ခွဲခံရမူ တစ်လအတွင်း ၅ ကြိမ်ထိရှိလာ

ဒလန် တစ်ဦးဖမ်းဆီးခံရမှုကြောင့်  စစ်ကောင်စီတပ်က အရပ်သားပြည်သူ ၂ ဦးဖမ်းဆီး

မှော်ဆီစာ ရဲကင်းတိုက်ခိုက်ခံရပြီး‌နောက် စစ်ကောင်စီတပ်ဘက်မှ လက်ရှိချိန်ထိ သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်နေ

ငွေပျော်စံပြ ကျေးရွာကို စစ်တပ်ဝင်စီးပြီး ရွာသား ၁၀၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွား

ငွေပျော်စံပြကျေးရွာ

စစ်ရှောင်များကို နေရာချထားသော မြစ်ကြီးနားမြို့ ငွေပျော်စံပြကျေးရွာတွင် ယနေ့ မွန်းလွဲပိုင်းက စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် ဝင်စီးပြီးနောက် ရွာသား ၁၀၀ ဝန်းကျင်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ယနေ့ မွန်းလွဲပိုင်း ၃ နာရီခန့် စစ်ကား ၂ စီး၊ အင်အား ၈၀ ခန့်ဖြင့် ကျေးရွာအတွင်း သေနတ်ပစ်ဖောက်ဝင်ရောက်လာကာ မြင်သမျှ ယောက်ျားသားအားလုံးကို ဖမ်းဆီး ဆွဲခေါ်သွားကြောင်း ငွေပျော်စံပြကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

“တအိမ်ပြီးတအိမ် သူတို့ တွေ့တွေ့သမျှ ရွာသားတွေကို သေနတ်ထောက်ပြီး အားလုံးကို ခေါ်သွားတာ။ အလုပ်ကပြန်လာသူတွေ၊ အိမ်ပြင်မှာရှိနေသူတွေ၊ အားလုံးပဲ ၁၀၀ တောင်ကျော်မယ်ထင်တယ်။ အဖွဲ့လိုက်ပဲ ၂၉ တပ်ဘက်ကို အားလုံးကိုခေါ်သွားတာ။“ ငွေပျော်စံပြ ကျေးရွာ ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်သည် တွေ့သမျှ တရွာလုံးရှိ အမျိုးသားများကို ဖမ်းခေါ်သွားခြင်းဖြစ်ကြောင်း ပြောသည်။

စစ်ရှောင်ပြည်သူများအား ပြန်လည်နေရာချထားသည့် ပလန ငွေပျော်စံပြကျေးရွာသည် KIA တပ်ရင်း ၁၁ နှင့် စစ်ကောင်စီတပ် ၂၉ တပ်ရင်း ကြားတွင် တည်ရှိသည်။

ထို့ကြောင့် စစ်တပ်မှ ထိုရွာထဲတွင် PDF နှင့်  KIA မှ မကြာခဏ လာရောက်မှုရှိကြောင်း သတင်းရရှိထားသဖြင့် ယနေ့ညနေတွင် ရုတ်တရက်ဝင်ရောက်လာပြီး အမျိုးသားများကို ဖမ်းဆီးသွားခြင်းဖြစ်သည်။

ပလန ငွေပျော်စံပြကျေးရွာသည် မြစ်ကြီးနားမြို့မှ ၁၃ မိုင်ခန့်အကွာတွင် တည်ရှိကာ ၂၀၁၄ ခုနှစ်တွင် အစိုးရမှ စစ်ရှောင်ပြည်သူများကို ပြန်လည်နေရာချထားပေးသည့် ကျေးရွာတစ်ခုဖြစ်ကာ အိမ်ခြေ ၅၀၀ ခန့်ရှိသည်ဟု သိရသည်။

Read Previous

ဖားကန့်မြို့နယ်တွင် လူသားဒိုင်းအဖြစ် ဖမ်းဆီး‌ခေါ်ဆောင်ခံရသော ပြည်သူ ၂၀၁ ဦး ထိ ရှိလာ

Read Next

PDF ထောင်ထားသည့် မိုင်းမိပြီး စစ်ကောင်စီတပ်ဖွဲ့ ၁၀ ဦးထက်မနည်းသေဆုံး