,

Breaking News :

စစ်တပ်ထုတ်ပြန်ထားတဲ့ မာရှယ်လောဟာ တော်လှန်ရေးအင်အားစုအတွက် ဘာမှအကျိုးသက်ရောက်မှုရှိမှာမဟုတ်ဘူးလို့ တော်လှန်ရေးအင်အားစုတွေပြော

အင်းတော် Silent Strike နေ့ ဖမ်းဆီးခံရသည့် အမျိုးသားလွတ်မြောက်လာခြင်းမရှိသေး

နာဂတောင်တန်း ကျေးရွာတစ်ခု ရွာလုံးကျွတ်နီးပါး မီးလောင်မှုဖြစ်ပွား

ရွှေဘိုတိုက်ပွဲတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးကျဆုံး

ဒီပဲယင်းတွင် တစ်ပတ်အတွင်းကျေးရွာ ၁၀ ရွာမှ နေအိမ်တစ်ထောင်ကျော် မီးရှို့ခံရ

ရွှေကူ ဆင်တပ်ရွာတွင် ဖမ်းဆီးထားသည့် ပြည်သူ ၁၄ ဦးအနက် ဆယ်ကျော်သက်လူငယ်တစ်ဦးကို ကလေးအကျဥ်ထောင်ပို့ရန် စီစဥ်နေ

မိုးညှင်း Silent strike နေ့တွင် အလယ်တန်းကျောင်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွား

စစ်ဘေးရှောင်ကျေးရွာ ၁၂ ရွာမှ ဒေသခံတစ်သောင်းကျော်အတွက် ဆေးဝါးနှင့် စားနပ်ရိက္ခာအရေးပေါ်အကူညီများ လိုအပ်နေ

စစ်တပ်က ရိုက်နှက်ဖမ်းဆီးသွားသည့် ကားသမားတစ်ဦး နှင့် ဆယ်ကျော်သက် လူငယ်တစ်ဦးတို့ဖြင့် အဆက်အသွယ် မရသေး

အာဏာသိမ်းမှု ၂ နှစ်ပြည့် အသံတိတ်သပိတ် ပါဝင်ပေးကြဖို့ ကချင်ပြည်နယ်မှ တော်လှန်ရေးအင်အားစုများ တိုက်တွန်း

PDF ထောင်ထားသည့် မိုင်းမိပြီး စစ်ကောင်စီတပ်ဖွဲ့ ၁၀ ဦးထက်မနည်းသေဆုံး

ကသာနယ်အတွင်း KIA နှင့် PDF အဖွဲ့ စစ်ရေးလှုပ်ရှားမှု

ကသာမြို့နယ် ချောင်းဝ‌ကျေးရွာအနီးတွင် ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်‌ကောင်စီတပ်သည် လမ်းခုလတ်တနေရာ၌ PDF တပ်ဖွဲ့ထောင်ထားသည့် မိုင်းမိ၍  ၁၀ ဦးထက်မနည်း သေဆုံးကာ အများအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အင်အား ၆၈ ဦးခန့်ပါရှိသည့် စစ်ကောင်စီတပ်သည် ချောင်းဝရွာဘက်မှ ဆင်ကုန်တိုင်ရွာဘက်သို့ ဒီဇင်ဘာ ၁၁ ရက် နံနက် ၇ နာရီ ဝန်းကျင်တွင် ရောက်လာစဉ် မြို့လှ KPDF တပ်မှ အသင့်ထောင်ထားသော H-22 ရှေ့ထွက်မိုင်းမိ၍ ထိခိုက်သူများကာ အထိနာခဲ့ကြောင်း သိရသည်။

စစ်ကောင်စီဘက်က သေဆုံးအလောင်းတွေ မြေမြုပ်ထားတဲ့ မြေစာပုံတွေတွေ့ရတယ်။ ပြီးတော့ ဒဏ်ရာရတဲ့သူတွေထဲက အချို့သေလို့ လမ်းမှာတင် မြေမြုပ်ထားခဲ့တာတွေရှိတယ် ဟု မြို့လှတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီဘက်မှ သေဆုံးအလောင်းများအား မြေမြုပ်ခြင်းနှင့် ဒဏ်ရာရရှိသူများအား ထမ်းစင်များဖြင့် ထမ်းခေါ်ကာ စစ်ကြောင်းနောက်ပြန် ဆုတ်ခွာသွားကြောင်း သိရသည်။

Read Previous

ငွေပျော်စံပြ ကျေးရွာကို စစ်တပ်ဝင်စီးပြီး ရွာသား ၁၀၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွား

Read Next

နယ်စပ်ကုန်သွယ်ရေးဂိတ်များတွင် ချမှတ်ထားသည့် သတ်မှတ်ချက်များကို တရုတ်အစိုးရဖြေလျော့