,

Breaking News :

စစ်တပ်ထုတ်ပြန်ထားတဲ့ မာရှယ်လောဟာ တော်လှန်ရေးအင်အားစုအတွက် ဘာမှအကျိုးသက်ရောက်မှုရှိမှာမဟုတ်ဘူးလို့ တော်လှန်ရေးအင်အားစုတွေပြော

အင်းတော် Silent Strike နေ့ ဖမ်းဆီးခံရသည့် အမျိုးသားလွတ်မြောက်လာခြင်းမရှိသေး

နာဂတောင်တန်း ကျေးရွာတစ်ခု ရွာလုံးကျွတ်နီးပါး မီးလောင်မှုဖြစ်ပွား

ရွှေဘိုတိုက်ပွဲတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးကျဆုံး

ဒီပဲယင်းတွင် တစ်ပတ်အတွင်းကျေးရွာ ၁၀ ရွာမှ နေအိမ်တစ်ထောင်ကျော် မီးရှို့ခံရ

ရွှေကူ ဆင်တပ်ရွာတွင် ဖမ်းဆီးထားသည့် ပြည်သူ ၁၄ ဦးအနက် ဆယ်ကျော်သက်လူငယ်တစ်ဦးကို ကလေးအကျဥ်ထောင်ပို့ရန် စီစဥ်နေ

မိုးညှင်း Silent strike နေ့တွင် အလယ်တန်းကျောင်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွား

စစ်ဘေးရှောင်ကျေးရွာ ၁၂ ရွာမှ ဒေသခံတစ်သောင်းကျော်အတွက် ဆေးဝါးနှင့် စားနပ်ရိက္ခာအရေးပေါ်အကူညီများ လိုအပ်နေ

စစ်တပ်က ရိုက်နှက်ဖမ်းဆီးသွားသည့် ကားသမားတစ်ဦး နှင့် ဆယ်ကျော်သက် လူငယ်တစ်ဦးတို့ဖြင့် အဆက်အသွယ် မရသေး

အာဏာသိမ်းမှု ၂ နှစ်ပြည့် အသံတိတ်သပိတ် ပါဝင်ပေးကြဖို့ ကချင်ပြည်နယ်မှ တော်လှန်ရေးအင်အားစုများ တိုက်တွန်း

ဖားကန့်မြို့နယ်တွင် လူသားဒိုင်းအဖြစ် ဖမ်းဆီး‌ခေါ်ဆောင်ခံရသော ပြည်သူ ၂၀၁ ဦး ထိ ရှိလာ

မြစ်ကြီးနား ဆန္ဒပြပွဲတွင် မြင်တွေ့ရသည့် စစ်ကောင်စီ စစ်သားများ

ဖားကန့်မြို့နယ်အတွင်း ပြီးခဲ့သည့် နိုဝင်ဘာလမှစတင်ကာ ယနေ့အထိ စစ်ကောင်စီ စစ်ကြောင်းတွင် လူသားဒိုင်းအဖြစ် ဖမ်းဆီး‌ခေါ်ဆောင်ခံရသော အရပ်သား ၂၀၁ ဦးထိ ရှိလာပြီဟု စုံစမ်းသိရှိရသည်။

စစ်တပ်သည် ဖားကန့်မြို့နယ် ကျေးရွာများတွင် စစ်ကြောင်းထိုးသွားလာရာတွင် ဒေသခံများကို ဖမ်းဆီးပြီး ၎င်းတို့၏ ရိက္ခာ၊ လက်နက်ခဲယမ်းများကို ထမ်းစေခဲ့သည်ဟု ဖားကန့် ဒေသခံတစ်ဦး ပြောသည်။

သူတို့တစ်ရွာနဲ့တစ်ရွာ ကူးသွားတဲ့ချိန်ဖမ်းထားတဲ့သူကို ကာဗာလုပ်ပြီးသွားတာ အထမ်းလည်းထမ်းခိုင်းတယ်လို့ သိရတယ်ဟု ပြောသည်။

ဒေသခံများကို မေးမြန်းပြီး KNG သတင်းဌာန၏ ပြုစုထားသည့် စာရင်းအရ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်နေ့မှစပြီး ဆိုင်းတောင်၊ ကောင်စံဘက်သို့ ဝင်ရောက်စစ်ကြောင်းထိုးလာသည့် စစ်‌ကြောင်းသည်  နိုဝင်ဘာ ၂၃ ရက်နေ့ ကရင်ချောင်ကျေးရွာအနီးရှိ ကျောက်စိမ်းလုပ်ကွက်မှ လုပ်သား ၃၀ ကျော်ကိုစတင်ဖမ်းဆီးပြီးနောက် ညပိုင်းတွင် နောက်ထပ် ပြည်သူ ၂၀ ကျော်ခန့်ကို ထပ်မံဖမ်းဆီးခဲ့သည်။

ထို့နောက် နိုဝင်ဘာလ  ၂၅ ရက်နေ့ ကျောက်သွေးတောင်မှ ယူမာဘက်ဆက်ပြီး စစ်ကြောင်းထိုးသွားပြီး လမ်းတစ်လျှောက် ထပ်မံဖမ်းဆီးရာ နောက် ၃၀ ဦးခန့် ဖမ်းဆီးခံလိုက်ရသည်။

ခလရ ၄၂  ခမရ ၁၁ မှ စစ်အင်အား ၈၀ ခန့်ရှိသည့် စစ်ကြောင်းသည် နိုဝင်ဘာလ ၃၀ ရက်နေ့ ဂတ်နွယ်ရွာနှင့် ဂေါ့လူရွာ လမ်းတစ်လျှောက်မှ အရပ်သားပြည်သူ ၇၀ ဦးနှင့် ဒီဇင်ဘာလ ၁ ရက်နေ့ ပျဉ်တောင်ရွာမှ အရပ်သားပြည်သူ ၄၀ ဦးကို ဖမ်းဆီးခဲ့သည်။

အလားတူ ဒီဇင်ဘာလ ၅ ရက်နေ့တွင်လည်း မှော်ပုံကျေးရွာမှ အရပ်သား ၁၁ ဦးကို ထပ်မံ ဖမ်းဆီးသွားကြောင်း သိရသည်။

ထို့ကြောင့် နိုဝင်ဘာလ ၂၃ ရက်နေ့မှ  ဒီဇင်ဘာလ ၁၅ ရက်နေ့ထိ ဖမ်းဆီးခံရသူ စုစုပေါင်း ၂၀၁ ဦးထိ ရှိလာပြီဖြစ်သည်။

ဖမ်းသွားတဲ့ထဲက တစ်ချို့တစ်လေပြန်လွှတ်တာတော့ရှိတယ်လို့ သိရတယ်။ ဒါပေမယ့် အနည်းပိုင်းဘဲ အများပိုင်းကတော့ ဖမ်းထားတုန်း ဖမ်းထားတဲ့ထဲက သူတို့မသင်္ကာတဲ့သူဆို ဗျူဟာကုန်းထိဖမ်းသွားပြီး စစ်ကြောရေးပို့တာလည်း ရှိတယ်လို့ ကြားတယ်ဟု ဒေသခံတစ်ဦးက ပြောသည်။

ဒေသခံများ၏ ပြောပြချက်အရ ဖမ်းဆီးခံရသူများအနက် ပြန်လည်လွှတ်မြောက်လာသူများရှိသော်လည်း KNG အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

ဖားကန့်မြို့နယ်တွင် ဖုန်း၊ အင်တာနက်လိုင်းအခက်ခဲကြောင့် စစ်ကောင်စီမှ ဖမ်းဆီးခဲ့သော ဒေသခံများ၏ အချက်လက် တိတိကျကျ ရယူနိုင်ရန် ခက်ခဲနေဆဲဖြစ်သည်။

Read Previous

ဖမ်းဆီးထားသည့် လိုင်စင်မဲ့ကားများကို ပြန်ပေးရန် အစီအစဥ်မရှိဟု ဖားကန့်မြို့နယ်ထွေအုပ်ပြော

Read Next

ငွေပျော်စံပြ ကျေးရွာကို စစ်တပ်ဝင်စီးပြီး ရွာသား ၁၀၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွား