သတင်း

ရွှေကူ ဆင်တပ်ရွာတွင် ဖမ်းဆီးထားသည့် ပြည်သူ ၁၄ ဦးအနက် ဆယ်ကျော်သက်လူငယ်တစ်ဦးကို ကလေးအကျဥ်ထောင်ပို့ရန် စီစဥ်နေ

ကချင်ပြည်နယ် ရွှေကူမြို့နယ် ဆင်တပ်ကျေးရွာတွင် စစ်ကောင်စီဖမ်းဆီးထားသည့် အရပ်သားပြည်သူ ၁၄ ဦးအနက် ၁၃ ဦးကို ပြန်လွတ်ပေးခဲ့သော်လည်း အသက်အငယ်ဆုံး ၁၇ နှစ်အရွယ် ဆယ်ကျော်သက်အရွယ်တစ်ဦးကို ကလေးအကျဥ်း ထောင်ပို့ရန် စီစဥ်နေကြောင်း သိရသည်။

လွန်ခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၂ ရက်နေ့ တွင် ဆင်တပ်ကျေးရွာသို့ဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် ဆင်တပ်ရွာမှ အရပ်သားပြည်သူ ၁၄ ဦးကို PDF နှင့်ဆက်သွယ်ပြီး ထောက်ပို့လုပ်နေသည်ဟုဆိုကာ ဗန်းမော်ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ထို့နောက် ဇန်နဝါရီလ ၁ ရက်နေ့တွင် ဖမ်းဆီးခံရသူများအနက် ၁၃ ဦးကိုသာပြန်လွတ်ပေးခဲ့ပြီး အသက် ၁၇ နှစ်အရွယ် မောင်ဖိုးချစ်ကိုမှု ကလေးအကျဥ်းထောင်သို့ ပို့ရန်စီစဥ်နေကြောင်း မောင်ဖိုးချစ်နှင့် ဆွေမျိုးတော်စပ်သူတစ်ဦးက KNG သို့ ပြောသည်။

အဲ့ကလေးက ဆင်တပ်ရွာကသူ့အဖွားအိမ်ကို ခနအလည်သွားတာ အဲ့ချိန်စစ်သားတွေရောက်လာပြီး ဖမ်းခံရတဲ့ထဲပါသွားတာ တခြားသူတွေအားလုံးပြန်လွတ်လာတယ်သူပဲမလွတ်လာတာ အကြမ်းဖက်မှုနဲ့ စွဲတာ မနေ့က ရုံးချိန်းလုပ်တယ် ကလေးအကျဥ်ထောင်မှာ ပို့မယ်တဲ့ ဘယ်နေ့ပို့မယ်တော့ တိကျကျမသိသေးဘူးဟုမောင်ဖိုးချစ်နဲ့ ဆွေမျိုးတော်စပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

မောင်ဖိုးချစ်ကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀()ဖြင့် တရားစွဲထားပြီး စစ်ကိုင်းမြို့ရှိ ကလေးအကျဥ်းထောင်သို့ ပို့ဆောင်ရန်စီစဥ်နေကြောင်း စုံစမ်းသိရှိရသည်။

လွတ်မြောက်လာသူများထဲတွင် အမျိုးသား ၁၂ ဦး အမျိုးသမီး ၁ ဦးပါဝင်ကာအားလုံးမှာ အသက် ၂၀ ကျော်နှင့် လူလတ်ပိုင်းအရွယ်များသာ ဖြစ်ကြောင်းသိရသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ စာရင်းများအရ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှစ၍ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ ဖမ်းဆီးချုပ်နှောင်ထားသူ စုစုပေါင်း ၁၃၀၀၀ ကျော်အထိ ရှိကြောင်းသိရသည်။

Show More

Related Articles

Back to top button