သတင်း

ဆယ်တန်းစာမေးပွဲကာလ စစ်ကောင်စီတပ် အစစ်အဆေး တင်းကြပ်နေ

တက္ကသိုလ်ဝင်တန်း စာမေးပွဲစတင်ကျင်းပသည့် မတ်လ ၈ ရက်နေ့မှစတင်ကာ ဖားကန့်မြို့ပေါ်တွင် စစ်ကောင်စီ စစ်သားများက တက္ကသိုလ်ဝင် တန်းစာမေးပွဲရှိသည်ဟုဆိုကာ မြို့တွင်းစစ်ဆေးမှု တင်းကြပ်နေကြောင်း ဖားကန့်မြိုနေ အမျိုးသားတစ်ဦးက KNG ကိုပြောသည်။

မနေ့ကရယ်ဒီနေ့ရယ် ၂ ရက်ဆက်တိုက်ရှိနေပြီ။ ဒီကောင်တွေ ဆယ်တန်းစာမေးပွဲရှိတယ်။ အကြောင်းပြပြီးစစ်နေတာ လမ်းသွားလမ်းလာ ပြည်သူတွေ ကားတွေဆိုင်ကယ်တွေ အကုန်စစ်တယ်။ မသင်္ကာရင်တော့ ဖမ်းမယ်ဆိုတဲ့ပုံစံနဲ့စစ်နေတာ စစ်တာတော့ အတော်ကိုစစ်နေတယ်ဟုပြောသည်။

စစ်ကောင်စီသည် ဤသို့စစ်ဆေးရာ၌ ဖားကန့် နယ်မြေ ရဲစခန်းရှေ့တွင် တစ်နေရာ၊ ဖားကန့်အဝင် နမ္မဖြစ်ကျေးရွာတွင် တစ်နေရာ ပိတ်ဆို့ကာ စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

မနေ့ကတော့ နေ့လည် ၁၂ နာရီကနေ ညပိုင်းထိစစ်တယ် ဒီနေ့ကတော့ မနက် ၈နာရီကတည်းကနေ ဆင်းပြီးစစ်နေတာ အင်းအားကများတယ် ၅၀၊ ၆၀ လောက်ရှိတယ်လောလောဆယ်ထိတော့ဖမ်းတာဆီးတာမကြားမိသေးဘူးဗျဟုအထက်တွင်ဖော်ပြခဲ့သည့် အမျိုးသားက ပြောသည်။

စစ်ဆေးရာတွင် ဆိုင်ကယ်တူးဘောက်များ ဖွင့်စစ်ခြင်း၊ ကားနောက်ဖုံးများ အတွင်းခန်းများစစ်ကြည့်ခြင်းနှင့် မေးမြန်းမှုများလည်းရှိနေကြောင်း သိရသည်။

စစ်ကောင်စီက ကျင်းပခဲ့သည့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကချင်ပြည်နယ်အတွင်း ဝင်ရောက်သူ ကျောင်းသူ/သား ဦးရေပေါင်း ၁၂၇၀၀ ကျော်ရှိခဲ့ပြီး ယခုနှစ်တွင်လည်းဝင်ရောက်ဖြေဆိုသူ ၁၀၀၀၀ ကျော်ရှိကြောင်း သိရသည်။

Show More

Related Articles

Back to top button