သတင်း

ဖမ်းဆီးခံသွားရသည့် ဂေါပကဥက္ကဋ္ဌ အဆက်အသွယ်မရသေး

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင် ကျေးရွာအုပ်စု ကျောက်သွေးတောင်ရှိ ခန္တီးရာမ ကျောင်းတိုက် ဂေါပကဥက္ကဋ္ဌအား အမည်မသိလက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခံသွားရပြီးနောက် ယနေ့ထိ ပြန်လည်လွှတ်မြောက်လာခြင်းမရှိသေးသည့်အပြင် သတင်းဆက်အသွယ် မရဖြစ်နေကြောင်း ဒေသခံများမှ သိရသည်။

ခန္တာရာမကျောက်တိုက်မှ ဂေါပက္ကဥက္ကဌဦးတင်ဌေး အသက် ၅၀ ဝန်းကျင်သည် မတ်လ ၁၈ ရက်နေ့က ညပိုင်းတွင် နေအိမ်တွင်ရှိနေစဉ် အမည်မသိလက်နက်ကိုင်ထားသည့် အရပ်ဝတ် ၅ ဦးသည် အိမ်းစီးကားတစ်စီးဖြင့်ရောက်လာပြီး ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောသည်။

“အဖမ်းခံရတာတော့ဟုတ်တယ် ဒါပေမယ့်ဘယ်သူဘယ်ဝါဖမ်းသွားသလဲတော့မသိရဘူးဖြစ်နေတယ်။ ဒီနေ့ထိ တော့ပြန်လွတ်လာတယ် မကြားရသေးဘူး။ အတည်ပြုလို့တော့မရဘူး” ဟု ဆိုင်းတောင်ကျေးရွာနေအမျိုးသားတစ်ဦးက ပြောသည်။

ဂေါပကဥက္ကဋ္ဌ ဦးတင်ဌေးဖမ်းခံရမှုသည် စစ်ကောင်စီကဖမ်းဆီးသွားသည်ဟု ဒေသခံအချို့ သုံးသပ်ကြသော်လည်း KNG အတည် အတည်ပြုနေဆဲ ဖြစ်သည်။

စစ်ကောင်စီတပ်သည် ဖားကန့်မြို့နယ်အတွင်း ယခုနောက်ပိုင်း အရပ်ဝတ်၊ အိမ်စီးကားများ အသုံးပြုကာ အရပ်သားပြည်သူများကို ဖမ်းဆီးမှု ခပ်စိပ်စိပ်ပြုလုပ်လာသည်

“ဒီနှစ်ထဲမှာ ပိုဆိုးလာတယ် နေ့ရောညရော မလုံခြုံဘူး။ ခနနဝင်ဖမ်းတာ ပစ်ခံရတာတွေလည်းရှိနေတော့လေ သွားရေးလာရေးက အရမ်းခက်ခဲလာတယ်။ ကျနော်တို့ဖားကန့်မှာက တစ်ယောက် နှစ်ယောက်လောက်ပျောက်သွားတာ ဖမ်းခံရတာတွေက အစရှာလို့မရအောင်ဖြစ်သွားတဲ့ ဖြစ်စဉ်တွေလည်း အများကြီးဘဲ” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ဖားကန့်တွင် အာဏာသိမ်းပြီးနောက်ပိုင်း အခြားဒေသမှ လာရောက်ခိုလှုံသည့် စစ်ဘေးရှောင်လူဦးရေ ပိုမိုများလာပြီး စစ်ကောင်စီတပ်မှလည်း စစ်အင်အား ပိုမို တိုးချဲ့ထားသော မြို့လည်း ဖြစ်သည်။

ယခု မတ်လအတွင်း ကျေးရွာအလိုက် စစ်ကောင်စီတပ်မှ အစုလိုက်အပြုံလိုက်ဖမ်းဆီးထားသော ပြည်သူဦးရေ ၃၂၀ ဝန်းကျင်အထိ ရှိလာပြီ ဖြစ်သည်။

Related Articles

Back to top button