သတင်း

ဖားကန့်မြို့တွင် စစ်ကောင်စီက အရပ်ဝတ်များဖြင့် အစစ်အဆေး တင်းကြပ်နေ

ဖားကန့်မြို့တွင် စစ်ကောင်စီ စစ်သား နှင့် ရဲများက အရပ်ဝတ်များ ဝတ်ဆင်ကာ မြို့တွင်းလူသွားလူလာများသည့် နေရာများတွင် အစစ်ရေးပြန်လည် တင်းကြပ်နေကြောင်း သိရသည်။

ဧပြီ ၁၁ ရက်နေ့ နံနက်ည ၉ နာရီမှစ၍ ဖားကန့်မြို့တွင်းရှိ အဓိက ကျသည့်နေရာများတွင် အရပ်ဝတ်များဖြင့် လူစုခွဲကာ နေရာအနှံ့ စစ်ဆေးမှုများပြုလုပ်နေကြောင်း ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။

သူတို့က လူစုခွဲပြီးတော့မှ ဟိုနားတစ်စု ဒီနားတစ်စု စုပြီးစစ်တာ တချို့လိုအပ်တယ်ထင်တဲ့နေရာတွေမှာ ကျတော့ လက်နက်အပြည့်အစုံနဲ့ လမ်းမကြီးတွေပေါ် မှာစစ်နေတာ မြို့ပေါ်မှာတော့နေရာအနှံ့လိုပဲသူတို့ တွေက ဖြန့်ထားတယ်ဗျ။ မနေ့က တော့မနက် ကိုးနာရီကနေ ညနေပိုင်းအထိကိုစစ်တာဗျ”ဟု အထက်ပါ အမျိုးသား က ပြောသည်။

စစ်ကောင်စီက ဤသို့စစ်ဆေးရာတွင် ဖားကန့် ကျောက်စိမ်းတောင်တံတား အဝင်အထွက်နှင့် ဖားကန့် ရဲစခန်းရှေ့၊ အေးမြသာယာကျောက်ဝိုင်းဘက် အခြားလူစည်ကားပြီး လူသွားလူလာများသည့်နေရာအများစုတွင် လူစုခွဲ စစ်ဆေးနေပြီ ယနေ့ထိ စစ်ဆေးမှုရှိနေကြောင်း သိရသည်။

သူတို့က အဓိကဖုန်းစစ်တယ်ဗျ သူတို့မှာရှိထားတဲ့ ဖုန်းထဲက ဓာတ်ပုံတွေနဲ့ ဆင်တူရင်တော့ဖမ်းမယ်ပေါ့။ သူတို့က သူတစ်ယောက်ဖမ်းမိရင် အဲ့လူရဲ့ ဖုန်းထဲက အချက်အလက်တွေ တိုက်စစ်ပြီးတော့ဖမ်းတာ။ ပြီးတော့ ဆိုင်ကယ်တွေကား နောက်ခန်းတွေ ပေါ့အဲ့တာတွေ စစ်တယ်”ဟု အထက်ပါ အမျိုးသားက ဆက်ပြောသည်။

စစ်ကောင်စီက ဖားကန့်မြို့တွင် ယခုကဲ့သို့ အရပ်သားအသွင်ယူကာ အစစ်အဆေးပြုလုပ်နေသောကြောင့် ဒေသခံများနှင့် တော်လှန်ရေးတွင် ပါဝင်နေသည့် ပြည်သူများ လှုပ်ရှားသွားလာရန် ခက်ခဲနေကြောင်း ဒေသခံများက ဆိုသည်။

ဖားကန့်တွင် စစ်ကောင်စီက အရပ်ဝတ်များဖြင့် ယခုကဲ့သို့ မြို့တွင်းစစ်ဆေးမှု မကြာခဏပြုလုပ်နေသည့်အပြင် ဧပြီလ ၉ ရက်နေ့ကလည်း ဖားကန့်မြို့ရှိယွမ်းလက်ဖက်ရည်ဆိုင်ပိုင်ရှင်ကို ဝင်ရောက်ဖမ်းဆီးခဲ့သည်။

Show More

Related Articles

Back to top button