စစ်ပြေးဒုက္ခသည်များသတင်း

ထီးချိုင့်တောင်ဘက်ခြမ်းတွင် စစ်ကြောင်းဝင်ရောက်ထိုးနေသည့်အတွက် ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်တောင်ဘက်ခြမ်းရှိ ကျေးရွာများဘက်သို့ စစ်ကောင်စီတပ်ဖွဲ့များ စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် ဒေသခံပြည်သူများ ၈၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ ဝင်များထံမှသိရသည်။

စစ်အင်အား၁၂၀ကျော်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့များသည် ယမန် နေ့နေ့လည် ၁၂နာရီဝန်းကျင်မှစကာ ညောင်ပင်သာရွာတွင်းဝင်ရောက်ပြီး နေအိမ်၂လုံးမီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ယနေ့နံနက်ပိုင်း ၈နာရီဝန်းကျင် ညောင်ပင်သာရွာအနောက်ဘက် ၃မိုင်အကွာက ကျေးရွာအချို့သို့ ဝင်ရောက်နေကြောင်းဒေသခံတစ်ဦးကဆိုသည်။

ကျူတောင်ကုန်းဘက်ကို စစ်ကြောင်းထိုးနေတာ အဲ့နားကဒေသခံတွေ ထွက်ပြေးနေရတာ လူဦးရေ၈၀၀လောက်ရှိမယ်ဗျ လက်နက်ကြီးသံတွေလည်းကြားနေရတယ် ကျနော်တို့လည်း ထွက်ပြေးနေရတယ်ဟုဒေသခံတစ်ဦးကဆိုသည်။

လက်ရှိ ထွက်ပြေးတိမ်းရှောင်နေရသည့်ကျေးရွာများမှာ ဝါးပိုးချောင်း၊ မရသိမ်၊ ဒိုးပင် စသည့်ကျေးရွာများမှ ဒေသခံများဖြစ်သည်ဟုသိရသည်။

ထို့အပြင် လက်ရှိတွင် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့်စစ်ကောင်စီတပ်ဖွဲ့များ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး တိုက်ပွဲအခြေနေနှင့်ပတ်သက်လို့ KNGအနေဖြင့်သီးခြားအတည်ပြုနိင်ခြင်းမရှိသေးပါ။

ခုတိုက်ပွဲက ပြင်းထန်နေတယ်လို့ ပြောလို့ရတယ် မနက်ကတည်းက လက်နက်ကြီးတွေနဲ့အပြန်အလှန်ပစ်နေကြတယ်ဟုဒေသခံတစ်ဦးကဆ်ိုသည်။

စစ်ကောင်စီတပ်ဖွဲ့များ စစ်ကြောင်းထိုးလှုပ်ရှားနေသည့် အနီးတစ်ဝိုက်သည် ထီးချိုင့်မြို့နယ်တောင်ဘက်ခြမ်း ထီးချိုင့်မြို့ နှင့် ၆မိုင်အကွာတွင် တည်ရှိကြောင်းသိရသည်။

ထီးချို့မြို့နယ်သည် စစ်ကိုင်းတိုင်းကချင်အစပ်တွင် တည်ရှိသည့်မြို့နယ်ဖြစ်ပြီး စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့ကြား မကြာခနထိတွေ့တိုက်ပွဲဖြစ်လျှက်ရှိသည်။

Show More

Related Articles

Back to top button